ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ဌာနဖြစ်လာတဲ့ လိဒ်

လိဒ်ယူနိုက်တက်ဟာပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးပေးရာဌာန ဖြစ်လာပြီ ဖြစ်ကြောင်းသိရပါတယ်။

လိဒ်ယူနိုက်တက်ရဲ့Elland Road ကွင်းတွင်ကိုဗစ်ကာကွယ်ဆေးထိုးရေးအတွက်လိုအပ်တဲ့ ပစ္စည်းများကိုတပ်ဆင်မှုစတင်ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။

လိဒ်တာဝန်ရှိသူများဟာအင်္ဂလန်အမျိုးသားကျန်းမာရေးဌာနကကွင်းကိုကိုဗစ်ကာကွယ်ဆေးထိုးတဲ့ဌာနအဖြစ် အသုံးပြုရေးချဉ်းကပ်လာစဉ်ကမ်းလှမ်းမှုကိုလက်ခံလိုက်တာလည်းဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ရဲ့ Centtenary Pavillion တွင် လူ ၂၈၀၀ အထိဆန့်ပြီး ညစာစားပွဲအတွက် လူပေါင်း တစ်ထောင်ကျော်တို့ကို ဧည့်ခံနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ကလပ်များထဲမှာ လီဗာပူး၊ စပါးစ်တို့ဟာလည်းသူတို့ရဲ့ကွင်းကိုကိုဗစ်ကာကွယ်ရေးထိုးရာဌာနအဖြစ်အသုံးပြုရေးအတွက် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်းသိရပါတယ်။

ZawGyi





