ပရီးမီးယားလိဂ်ကလပ်သို့ လက်လွှတ်ရမည်စိုးလို့ ဆောက်ဂိတ်ကို လုပ်ခနှစ်ဆတိုးပေးလာတဲ့ အင်္ဂလန်

ဂါရတ်ဆောက်ဂိတ်ဟာအင်္ဂလန်နှင့်စာချုပ်သက်တမ်းတိုးရန်အတွက်လုပ်ခနှစ်ဆအထိတိုးမြှင့်ကာတစ်နှစ်လုပ်ခပေါင်၆သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်လာကြောင်းသိရပါတယ်။

ဂါရတ်ဆောက်ဂိတ်ဟာလာမယ့်နှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အသင်းကိုဦးဆောင်သွားပါမယ်။

ဒါပေမယ့်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာကမ္ဘာ့ဖလားအပြီးတွင်ကုန်ဆုံးမယ့်စာချုပ်အားသက်တမ်းတိုးနိုင်ခြင်းမပြုလုပ်နိုင်သေးတာကြောင့် ဆောက်ဂိတ်ကိုပရီးမီးယားလိဂ်ကလပ်သို့လက်လွှတ်ရမှာစိုးရိမ်နေပါတယ်။

ဒါကြောင့်လည်းအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာလာမယ့်ရက်များတွင်ကစားရမယ့်အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအပြီးတွင်ဆောက်ဂိတ်အားစာချုပ်သက်တမ်းတိုးရေးအတွက်အပြည့်အစုံဆွေးနွေးမှုပြုလုပ်လိုနေပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အမှုဆောင်ချုပ်မတ်ဘူလ်လင်ဂမ်ကဆောက်ဂိတ်ကိုသက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုကြောင်း ယူရို၂၀၂၀ပြိုင်ပွဲအပြီးကတည်းကပြောကြားထားပါတယ်။

ဆောက်ဂိတ်ဟာအင်္ဂလန်နည်းပြအဖြစ်စတင်တာဝန်ထမ်းဆောင်စဉ်ကပေါင်၁.၈သန်းသာရခဲ့သူဖြစ်ပြီးရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဆီမီးဖိုင်နယ်သို့ပို့ဆောင်ပြီးနောက်ပေါင်၃သန်းသို့တိုးမြှင့်ခံခဲ့ရပါတယ်။သူဟာပြီးခဲ့တဲ့နှစ်ကိုဗစ်ကာလတုန်းကအက်ဖ်အေရဲ့အသုံးစရိတ်လျှော့ချမှုနဲ့အတူလုပ်ခပေါင်၂သန်းသာရရှိခဲ့ပါတယ်။

အကယ်၍ဆောက်ဂိတ်သာအင်္ဂလန်ရဲ့တစ်နှစ်လုပ်ခပေါင်၆သန်းဖြင့်ကမ်းလှမ်းလာမှုကိုလက်ခံလာပါကဖေဘီယိုကာပယ်လိုနှင့်အတူအင်္ဂလန်နည်းပြသမိုင်းတွင်လုပ်ခအများဆုံးနည်းပြဖြစ်လာပါမယ်။

တစ်ဖက်တွင်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဆောက်ဂိတ်ကိုထိန်းမရဘဲ လက်လွှတ်ရပါကလည်းအခြားအင်္ဂလိပ်နည်းပြတစ်ဦးဖြင့်ပင်အစားထိုးရန်စီစဉ်ထားပါတယ်။လက်ရှိအချိန်တွင်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့လျာထားစာရင်းတွင်ဂရေဟမ်ပေါ်တာကထိပ်ဆုံးမှပါဝင်နေပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ကလပ္သို႔ လက္လႊတ္ရမည္စိုးလို႔ ေဆာက္ဂိတ္ကို လုပ္ခႏွစ္ဆတိုးေပးလာတဲ့ အဂၤလန္

ဂါရတ္ေဆာက္ဂိတ္ဟာအဂၤလန္ႏွင့္စာခ်ဳပ္သက္တမ္းတိုးရန္အတြက္လုပ္ခႏွစ္ဆအထိတိုးျမႇင့္ကာတစ္ႏွစ္လုပ္ခေပါင္၆သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္လာေၾကာင္းသိရပါတယ္။

ဂါရတ္ေဆာက္ဂိတ္ဟာလာမယ့္ႏွစ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္အသင္းကိုဦးေဆာင္သြားပါမယ္။

ဒါေပမယ့္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကမာၻ႔ဖလားအၿပီးတြင္ကုန္ဆုံးမယ့္စာခ်ဳပ္အားသက္တမ္းတိုးႏိုင္ျခင္းမျပဳလုပ္ႏိုင္ေသးတာေၾကာင့္ ေဆာက္ဂိတ္ကိုပရီးမီးယားလိဂ္ကလပ္သို႔လက္လႊတ္ရမွာစိုးရိမ္ေနပါတယ္။

ဒါေၾကာင့္လည္းအဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလာမယ့္ရက္မ်ားတြင္ကစားရမယ့္အယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲအၿပီးတြင္ေဆာက္ဂိတ္အားစာခ်ဳပ္သက္တမ္းတိုးေရးအတြက္အျပည့္အစုံေဆြးေႏြးမႈျပဳလုပ္လိုေနပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အမႈေဆာင္ခ်ဳပ္မတ္ဘူလ္လင္ဂမ္ကေဆာက္ဂိတ္ကိုသက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုလိုေၾကာင္း ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးကတည္းကေျပာၾကားထားပါတယ္။

ေဆာက္ဂိတ္ဟာအဂၤလန္နည္းျပအျဖစ္စတင္တာဝန္ထမ္းေဆာင္စဥ္ကေပါင္၁.၈သန္းသာရခဲ့သူျဖစ္ၿပီး႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ၿပီးေနာက္ေပါင္၃သန္းသို႔တိုးျမႇင့္ခံခဲ့ရပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္ကိုဗစ္ကာလတုန္းကအက္ဖ္ေအရဲ႕အသုံးစရိတ္ေလွ်ာ့ခ်မႈနဲ႔အတူလုပ္ခေပါင္၂သန္းသာရရွိခဲ့ပါတယ္။

အကယ္၍ေဆာက္ဂိတ္သာအဂၤလန္ရဲ႕တစ္ႏွစ္လုပ္ခေပါင္၆သန္းျဖင့္ကမ္းလွမ္းလာမႈကိုလက္ခံလာပါကေဖဘီယိုကာပယ္လိုႏွင့္အတူအဂၤလန္နည္းျပသမိုင္းတြင္လုပ္ခအမ်ားဆုံးနည္းျပျဖစ္လာပါမယ္။

တစ္ဖက္တြင္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာေဆာက္ဂိတ္ကိုထိန္းမရဘဲ လက္လႊတ္ရပါကလည္းအျခားအဂၤလိပ္နည္းျပတစ္ဦးျဖင့္ပင္အစားထိုးရန္စီစဥ္ထားပါတယ္။လက္ရွိအခ်ိန္တြင္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕လ်ာထားစာရင္းတြင္ဂေရဟမ္ေပၚတာကထိပ္ဆုံးမွပါဝင္ေနပါတယ္။