ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ရေးထက် ချန်ပီယံလိဂ်မှာ အဓိကပစ်မှတ်ဖြစ်ကြောင်း မာနေးဖွင့်ဟ

လီဗာပူးတိုက်စစ်မှူးဆာဒိုင်ယိုမာနေးကပရီးမီးယားလိဂ်ဖလားချန်ပီယံကာကွယ်ရေးအိပ်မက်မှာအဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်းနှင့်ချန်ပီယံလိဂ်ဖလားမှာလီဗာပူးရဲ့အဓိကပစ်မှတ်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလီဗာပူးကိုနှစ်ပေါင်းသုံးဆယ်အတွင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင် အောင်အဓိကနေရာမှကူညီခဲ့တဲ့မာနေးဟာယခုရာသီတွင်ယခင်ခြေစွမ်းမျိုးရရှိရန်ရုန်းကန်နေရပြီးလီဗာပူးမှာလည်းဒဏ်ရာပြဿနာများနှင့်ကြုံနေရမှုနဲ့အတူအမှတ်ပေးဇယားအဆင့်၆နေရာတွင်ရပ်တည်နေရပါတယ်။

ဆီနီဂေါလက်ရွေးစင်ကစားသမားက၎င်းတို့မှာပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုကာကွယ်ရန်နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်သော်လည်းအလွန်ခက်ခဲသွားပြီဖြစ်ကြောင်းဆိုသွားပါတယ်။

မာနေးက “ရာသီမကုန်ဆုံးခင်မှာကျွန်တော်တင်မကကစားသမားတစ်ဦးချင်းစီတိုင်းမှာပစ်မှတ်ရှိပါတယ်။ကလပ် အတွက်ရည်ရွယ်ချက်ကအတူတူပါ။ရာသီအစတုန်းကကျွန်တော်တို့ရဲ့ပစ်မှတ်ကချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားရရေးပါ။ပြီးတော့အခြားဖလားတွေပါရရေးပါ။အခုအချိန်မှာပရီးမီးယားလိဂ်ဖလားကအဆုံးသတ်သွားသလောက်ရှိနေပါပြီ။ကျွန်တော့်စိတ်ထဲမှာတော့ဘယ်တော့မှအရှုံးမပေးပါဘူး။ဒါပေမယ့်မန်စီးတီးကအခြေအနေအရမ်း ကောင်းသွားပါပြီ။သူတို့ကအရမ်းတောင့်တင်းသလိုအမှတ်လည်းကွာနေပါတယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာပရီးမီးယားလိဂ်ဖလားကိုလက်လွှတ်ရမယ့်အနေအထားတွင်ရှိနေပေမယ့်ချန်ပီယံလိဂ်တွင်တော့ ကွာတားဖိုင်နယ်သို့တက်ရောက်ရန်အခြေအနေကောင်းနေပါတယ်။၎င်းတို့ဟာလိုက်ဇစ်ကိုအဝေးကွင်းမှာ၂-၀ဂိုးဖြင့်အနိုင်ရရှိထားပါတယ်။

မာနေးက “အခုအချိန်မှာထိပ်ဆုံးလေးသင်း(ပရီးမီးယားလိဂ်)ကပစ်မှတ်ပါ။အဓိကပစ်မှတ်ပါ။ဒါပေမယ့်တကယ့် အဓိကပစ်မှတ်ကချန်ပီယံလိဂ်ဖလားပါ။ချန်ပီယံလိဂ်ဖလားရရှိရေးကအဓိကပစ်မှတ်ပါ။ဒါကလွယ်တော့မလွယ် ပါဘူး။ဥရောပရဲ့အကောင်းဆုံးအသင်းတွေနဲ့ချည်းရင်ဆိုင်ရပါမယ်။ဒါပေမယ့်ကျွန်တော်တို့ကကမ္ဘာ့အကောင်းဆုံး အသင်းတွေကိုအနိုင်ကစားမယ့်အသင်းပါ။ချန်ပီယံလိဂ်ဖလားရရေးအတွက်အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်”လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာနောက်ဆုံးငါးပွဲတွင်လေးပွဲရှုံးနိမ့်ထားပြီးအဆိုးရွားဆုံးမှာအဲဗာတန်ကိုအိမ်ကွင်းတွင်၁၉၉၉နောက်ပိုင်း ပထမဆုံးအကြိမ်ရှုံးနိမ့်မှုဖြစ်ပါတယ်။၎င်းတို့ဟာယခုအပတ်မှာချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကာကြယ္ေရးထက္ ခ်န္ပီယံလိဂ္မွာ အဓိကပစ္မွတ္ျဖစ္ေၾကာင္း မာေနးဖြင့္ဟ

လီဗာပူးတိုက္စစ္မႉးဆာဒိုင္ယိုမာေနးကပရီးမီးယားလိဂ္ဖလားခ်န္ပီယံကာကြယ္ေရးအိပ္မက္မွာအဆုံးသတ္သြားခဲ့ၿပီျဖစ္ေၾကာင္းႏွင့္ခ်န္ပီယံလိဂ္ဖလားမွာလီဗာပူးရဲ႕အဓိကပစ္မွတ္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလီဗာပူးကိုႏွစ္ေပါင္းသုံးဆယ္အတြင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ ေအာင္အဓိကေနရာမွကူညီခဲ့တဲ့မာေနးဟာယခုရာသီတြင္ယခင္ေျခစြမ္းမ်ိဳးရရွိရန္႐ုန္းကန္ေနရၿပီးလီဗာပူးမွာလည္းဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံေနရမႈနဲ႔အတူအမွတ္ေပးဇယားအဆင့္၆ေနရာတြင္ရပ္တည္ေနရပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္ကစားသမားက၎တို႔မွာပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုကာကြယ္ရန္ေနာက္ဆုံးအခ်ိန္အထိ တိုက္ပြဲဝင္သြားမည္ျဖစ္ေသာ္လည္းအလြန္ခက္ခဲသြားၿပီျဖစ္ေၾကာင္းဆိုသြားပါတယ္။

မာေနးက “ရာသီမကုန္ဆုံးခင္မွာကြၽန္ေတာ္တင္မကကစားသမားတစ္ဦးခ်င္းစီတိုင္းမွာပစ္မွတ္ရွိပါတယ္။ကလပ္ အတြက္ရည္႐ြယ္ခ်က္ကအတူတူပါ။ရာသီအစတုန္းကကြၽန္ေတာ္တို႔ရဲ႕ပစ္မွတ္ကခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္ဖလားရေရးပါ။ၿပီးေတာ့အျခားဖလားေတြပါရေရးပါ။အခုအခ်ိန္မွာပရီးမီးယားလိဂ္ဖလားကအဆုံးသတ္သြားသေလာက္ရွိေနပါၿပီ။ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ဘယ္ေတာ့မွအရႈံးမေပးပါဘူး။ဒါေပမယ့္မန္စီးတီးကအေျခအေနအရမ္း ေကာင္းသြားပါၿပီ။သူတို႔ကအရမ္းေတာင့္တင္းသလိုအမွတ္လည္းကြာေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာပရီးမီးယားလိဂ္ဖလားကိုလက္လႊတ္ရမယ့္အေနအထားတြင္ရွိေနေပမယ့္ခ်န္ပီယံလိဂ္တြင္ေတာ့ ကြာတားဖိုင္နယ္သို႔တက္ေရာက္ရန္အေျခအေနေကာင္းေနပါတယ္။၎တို႔ဟာလိုက္ဇစ္ကိုအေဝးကြင္းမွာ၂-၀ဂိုးျဖင့္အႏိုင္ရရွိထားပါတယ္။

မာေနးက “အခုအခ်ိန္မွာထိပ္ဆုံးေလးသင္း(ပရီးမီးယားလိဂ္)ကပစ္မွတ္ပါ။အဓိကပစ္မွတ္ပါ။ဒါေပမယ့္တကယ့္ အဓိကပစ္မွတ္ကခ်န္ပီယံလိဂ္ဖလားပါ။ခ်န္ပီယံလိဂ္ဖလားရရွိေရးကအဓိကပစ္မွတ္ပါ။ဒါကလြယ္ေတာ့မလြယ္ ပါဘူး။ဥေရာပရဲ႕အေကာင္းဆုံးအသင္းေတြနဲ႔ခ်ည္းရင္ဆိုင္ရပါမယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ကကမာၻ႔အေကာင္းဆုံး အသင္းေတြကိုအႏိုင္ကစားမယ့္အသင္းပါ။ခ်န္ပီယံလိဂ္ဖလားရေရးအတြက္အတတ္ႏိုင္ဆုံးႀကိဳးစားသြားပါမယ္”လို႔ ေျပာၾကားသြားပါတယ္။

လီဗာပူးဟာေနာက္ဆုံးငါးပြဲတြင္ေလးပြဲရႈံးနိမ့္ထားၿပီးအဆိုး႐ြားဆုံးမွာအဲဗာတန္ကိုအိမ္ကြင္းတြင္၁၉၉၉ေနာက္ပိုင္း ပထမဆုံးအႀကိမ္ရႈံးနိမ့္မႈျဖစ္ပါတယ္။၎တို႔ဟာယခုအပတ္မွာခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါမယ္။