ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့အား ကာကွယ်ရန် မန်စီးတီးကစားသမားများတွင် မှန်ကန်တဲ့စိတ်ဓာတ်ပိုင်းပိုင်ဆိုင်ထား

ရီယက်မရာ့ဇ်ကမန်စီးတီးအသင်းကစားသမားများတွင်ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့အားကာကွယ်ရန်မှန်ကန်တဲ့စိတ်ဓာတ်ပိုင်းပိုင်ဆိုင်ထားကြောင်းပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဒုတိယနေရာမှမန်ယူအားရမှတ်၁၂မှတ်အထိဖြတ်ကာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။

မန်စီးတီးဟာ၂၀၂၁-၂၂ဘောလုံးရာသီတွင်လည်းချန်ပီယံဖြစ်ရန်ထိပ်ဆုံးမှရေပန်းစားနေပြီးလာမယ့်တနင်္ဂနွေနေ့တွင်စပါးစ်နှင့်ရင်ဆိုင်ကာချန်ပီယံဘွဲ့အားစတင်ကာကွယ်ရပါမယ်။

ဒါ့အပြင်မရာ့ဇ်က၎င်းတို့မှာချန်ပီယံလိဂ်တွင်လည်းမပြီးဆုံးသေးတဲ့တာဝန်တစ်ခုရှိနေသေးကြောင်းလည်းပြောကြားသွားပါတယ်။မန်စီးတီးဟာပြီးခဲ့တဲ့မေလတုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ချဲလ်ဆီးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မရာ့ဇ်က “အောင်မြင်မှုတွေစတင်ရယူလာပြီဆိုတာနဲ့လူသားတွေဖြစ်တည်မှုကကျေနပ်စရာကောင်းလာပါယ်။ဒါကလူ့သဘာဝပါ။ကျွန်တော်တို့ဟာကလပ်ရဲ့ရွေးချယ်မှုကြောင့်ဒီမှာရှိနေကြတာပါ။သူတို့ကကျွန်တော်တို့မှာမှန်ကန်တဲ့စိတ်ဓာတ်ပိုင်းရှိတယ်လို့ယုံကြည်ပါတယ်။မန်နေဂျာကလည်းနေ့စဉ်တိုင်းရာသီတိုင်းကျွန်တော်တို့ကိုတွန်းနေပါတယ်။သူကဘယ်အရာကိုပေါ့ပေါ့မတွေးပါဘူး။ရာသီတိုင်းကခက်ခဲသထက်ခက်ခဲလာနေပါတယ်။ဒီရာသီဆိုရင်ပိုပြီးတော့ခက်ခဲလာပါမယ်။ချဲလ်ဆီးကအရမ်းကောင်းနေတယ်။လီဗာပူး၊ယူနိုက်တက်၊အာဆင်နယ်၊စပါးစ်၊လက်စတာတို့လည်းဒီအတိုင်းပါပဲ။ကျွန်တော်တို့ဘက်ကလည်းအဆင်သင့်ဖြစ်နေပါပြီ။ဥရောပမှာလည်းကျွန်တော်တို့ယုံကြည်မှုပိုမြင့်လာပါတယ်။ကျွန်တော်တို့ဘယ်လောက်ကောင်းတယ်ဆိုတာပြသခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်ဒီရာသီမှာအာမခံချက်မရှိပါဘူး။ကျွန်တော်တို့အနိုင်ရဖို့ထိုက်တန်ခဲ့တယ်။ကျွန်တော်တို့ရှုံးဖို့မထိုက်တန်ပါဘူး။လူတိုင်းကစိတ်မကောင်းဖြစ်ခဲ့ကြရတယ်။ပြောပြဖို့ခက်ခဲနေခဲ့ကြတာပါ”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာယခုနွေရာသီတွင်ဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ်အားဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ဖြင့်ခေါ်ယူထားပြီးစပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုခေါ်ယူရန်လည်းကြိုးပမ်းနေပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕အား ကာကြယ္ရန္ မန္စီးတီးကစားသမားမ်ားတြင္ မွန္ကန္တဲ့စိတ္ဓာတ္ပိုင္းပိုင္ဆိုင္ထား

ရီယက္မရာ့ဇ္ကမန္စီးတီးအသင္းကစားသမားမ်ားတြင္ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕အားကာကြယ္ရန္မွန္ကန္တဲ့စိတ္ဓာတ္ပိုင္းပိုင္ဆိုင္ထားေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္စီးတီးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဒုတိယေနရာမွမန္ယူအားရမွတ္၁၂မွတ္အထိျဖတ္ကာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

မန္စီးတီးဟာ၂၀၂၁-၂၂ေဘာလုံးရာသီတြင္လည္းခ်န္ပီယံျဖစ္ရန္ထိပ္ဆုံးမွေရပန္းစားေနၿပီးလာမယ့္တနဂၤေႏြေန႔တြင္စပါးစ္ႏွင့္ရင္ဆိုင္ကာခ်န္ပီယံဘြဲ႕အားစတင္ကာကြယ္ရပါမယ္။

ဒါ့အျပင္မရာ့ဇ္က၎တို႔မွာခ်န္ပီယံလိဂ္တြင္လည္းမၿပီးဆုံးေသးတဲ့တာဝန္တစ္ခုရွိေနေသးေၾကာင္းလည္းေျပာၾကားသြားပါတယ္။မန္စီးတီးဟာၿပီးခဲ့တဲ့ေမလတုန္းကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

မရာ့ဇ္က “ေအာင္ျမင္မႈေတြစတင္ရယူလာၿပီဆိုတာနဲ႔လူသားေတြျဖစ္တည္မႈကေက်နပ္စရာေကာင္းလာပါယ္။ဒါကလူ႔သဘာဝပါ။ကြၽန္ေတာ္တို႔ဟာကလပ္ရဲ႕ေ႐ြးခ်ယ္မႈေၾကာင့္ဒီမွာရွိေနၾကတာပါ။သူတို႔ကကြၽန္ေတာ္တို႔မွာမွန္ကန္တဲ့စိတ္ဓာတ္ပိုင္းရွိတယ္လို႔ယုံၾကည္ပါတယ္။မန္ေနဂ်ာကလည္းေန႔စဥ္တိုင္းရာသီတိုင္းကြၽန္ေတာ္တို႔ကိုတြန္းေနပါတယ္။သူကဘယ္အရာကိုေပါ့ေပါ့မေတြးပါဘူး။ရာသီတိုင္းကခက္ခဲသထက္ခက္ခဲလာေနပါတယ္။ဒီရာသီဆိုရင္ပိုၿပီးေတာ့ခက္ခဲလာပါမယ္။ခ်ဲလ္ဆီးကအရမ္းေကာင္းေနတယ္။လီဗာပူး၊ယူႏိုက္တက္၊အာဆင္နယ္၊စပါးစ္၊လက္စတာတို႔လည္းဒီအတိုင္းပါပဲ။ကြၽန္ေတာ္တို႔ဘက္ကလည္းအဆင္သင့္ျဖစ္ေနပါၿပီ။ဥေရာပမွာလည္းကြၽန္ေတာ္တို႔ယုံၾကည္မႈပိုျမင့္လာပါတယ္။ကြၽန္ေတာ္တို႔ဘယ္ေလာက္ေကာင္းတယ္ဆိုတာျပသခဲ့ၿပီးျဖစ္ပါတယ္။ဒါေပမယ့္ဒီရာသီမွာအာမခံခ်က္မရွိပါဘူး။ကြၽန္ေတာ္တို႔အႏိုင္ရဖို႔ထိုက္တန္ခဲ့တယ္။ကြၽန္ေတာ္တို႔ရႈံးဖို႔မထိုက္တန္ပါဘူး။လူတိုင္းကစိတ္မေကာင္းျဖစ္ခဲ့ၾကရတယ္။ေျပာျပဖို႔ခက္ခဲေနခဲ့ၾကတာပါ”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာယခုေႏြရာသီတြင္ဗီလာအသင္းေခါင္းေဆာင္ဂ်က္ဂရဲလ္လစ္ရွ္အားၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ျဖင့္ေခၚယူထားၿပီးစပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကိုေခၚယူရန္လည္းႀကိဳးပမ္းေနပါတယ္။