ပရီးမီးယားလိဂ်ဂိုးရာပြည့်ဆာလက်မှာ ဂိုးဆာလောင်နေတုန်းဖြစ်ကြောင်း ကလော့ပ်သတိပေး

ဂျာဂင်ကလော့ပ်ဟာလိဒ်နှင့်ပွဲတွင်ပရီးမီးယားလိဂ်ရာပြည့်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့မိုဟာမက်ဆာလက်မှာဂိုးများနောက်ထပ်သွင်းယူရန်ဆာလောင်နေတုန်းဖြစ်ကြောင်းပြိုင်ဘက်များကိုသတိပေးပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းကလိဒ်ကိုလီဗာပူးက၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဆာလက်ဟာထရန်းအလက်ဇန္ဒားအာနိုးရဲ့တိကျသေချာလှတဲ့ဖြတ်တင်ဘောကနေလီဗာပူးအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

အီဂျစ်စူပါစတားဟာယခုရာသီမှာပရီးမီးယားလိဂ်လေးပွဲမှာသုံးဂိုးသွင်းယူထားပြီး၂ကြိမ်ဖန်တီးမှုပြုလုပ်ကာအကောင်းဆုံးခြေစွမ်းဖြင့်ဆက်လက်ကစားနေသူလည်းဖြစ်ပါတယ်။

ကလော့ပ်က “မိုရဲ့မှတ်တမ်းကတကယ့်ကိုကြမ်းလွန်းတယ်။ကျွန်တော်တို့ဆီကိုရောက်လာကတည်းကအမြင့်မားဆုံးစွမ်းဆောင်လာခဲ့တဲ့သူပါ။သူဟာဆာလောင်နေတုန်းပါ။သူဟာနောက်ထပ်တစ်ဂိုးနှစ်ဂိုးမသွင်းနိုင်လိုက်လို့မပျော်မရွှင်ဖြစ်နေတုန်းပါ။ထိပ်တန်းကစားသမားတွေဆိုတာဒီလိုမျိုးပါ”လို့ပြောကြားသွားပါတယ်။

မိုဟာမက်ဆာလက်ဟာလီဗာပူးနှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးမှုများပြုလုပ်နေပါတယ်။ဒါပေမယ့်ကစားသမားဘက်ကတစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀အထိတောင်းဆိုမှုနဲ့အတူစာချုပ်သစ်ဆွေးနွေးမှုမှာရပ်တန့်နေပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ဂိုးရာျပည့္ဆာလက္မွာ ဂိုးဆာေလာင္ေနတုန္းျဖစ္ေၾကာင္း ကေလာ့ပ္သတိေပး

ဂ်ာဂင္ကေလာ့ပ္ဟာလိဒ္ႏွင့္ပြဲတြင္ပရီးမီးယားလိဂ္ရာျပည့္ဂိုးကိုသြင္းယူႏိုင္ခဲ့တဲ့မိုဟာမက္ဆာလက္မွာဂိုးမ်ားေနာက္ထပ္သြင္းယူရန္ဆာေလာင္ေနတုန္းျဖစ္ေၾကာင္းၿပိဳင္ဘက္မ်ားကိုသတိေပးေျပာၾကားလိုက္ပါတယ္။

တနဂၤေႏြေန႔တုန္းကလိဒ္ကိုလီဗာပူးက၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဆာလက္ဟာထရန္းအလက္ဇႏၵားအာႏိုးရဲ႕တိက်ေသခ်ာလွတဲ့ျဖတ္တင္ေဘာကေနလီဗာပူးအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

အီဂ်စ္စူပါစတားဟာယခုရာသီမွာပရီးမီးယားလိဂ္ေလးပြဲမွာသုံးဂိုးသြင္းယူထားၿပီး၂ႀကိမ္ဖန္တီးမႈျပဳလုပ္ကာအေကာင္းဆုံးေျခစြမ္းျဖင့္ဆက္လက္ကစားေနသူလည္းျဖစ္ပါတယ္။

ကေလာ့ပ္က “မိုရဲ႕မွတ္တမ္းကတကယ့္ကိုၾကမ္းလြန္းတယ္။ကြၽန္ေတာ္တို႔ဆီကိုေရာက္လာကတည္းကအျမင့္မားဆုံးစြမ္းေဆာင္လာခဲ့တဲ့သူပါ။သူဟာဆာေလာင္ေနတုန္းပါ။သူဟာေနာက္ထပ္တစ္ဂိုးႏွစ္ဂိုးမသြင္းႏိုင္လိုက္လို႔မေပ်ာ္မ႐ႊင္ျဖစ္ေနတုန္းပါ။ထိပ္တန္းကစားသမားေတြဆိုတာဒီလိုမ်ိဳးပါ”လို႔ေျပာၾကားသြားပါတယ္။

မိုဟာမက္ဆာလက္ဟာလီဗာပူးႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနပါတယ္။ဒါေပမယ့္ကစားသမားဘက္ကတစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀အထိေတာင္းဆိုမႈနဲ႔အတူစာခ်ဳပ္သစ္ေဆြးေႏြးမႈမွာရပ္တန႔္ေနပါတယ္။