ပရီးမီးယားလိဂ်ဂိုး ၂၀ အမြန်ဆုံးသွင်းယူနိုင်သူဖြစ်လာတဲ့ အာလင်းဟာလန်း
အာလင်းဟာလန်းဟာမနေ့ညတုန်းကလိဒ်နှင့်ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်ပရီးမီးယားလိဂ်သမိုင်းတွင်ဂိုး၂၀အမြန်ဆုံးသွင်းယူနိုင်သူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလာနိုင်ခဲ့ပါတယ်။
မန်စီးတီးဂိုးသွင်းစက်ဟာမနေ့ညတုန်းကလိဒ်ယူနိုက်တက်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဂျက်ဂရဲလ်လစ်ရှ်ရဲ့ဖန်တီးမှုမှ၂ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
သူဟာယင်းသွင်းဂိုး၂ဂိုးကြောင့်မန်စီးတီးတွင်ကစားတဲ့ပထမဆုံးရာသီတွင်ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး၂၆ဂိုးအထိရှိလာပြီဖြစ်ပါတယ်။
ဒါ့အပြင်သူဟာပရီးမီးယားလိဂ်သမိုင်းတွင်ဂိုးစံချိန်သစ်လည်းရေးထိုးနိုင်ခဲ့ပါတယ်။
သူဟာပရီးမီးယားလိဂ်ပွဲ၁၄ပွဲတွင်ဂိုး၂၀ပြည့်သွင်းယူနိုင်ခဲ့တာဖြစ်ပြီးပရီးမီးယားလိဂ်သမိုင်းတွင်ဂိုး၂၀အမြန်ဆုံးသွင်းယူနိုင်သူဖြစ်လာပါတယ်။
ယခင်တုန်းကပရီးမီးယားလိဂ်သမိုင်းတွင်ဂိုး၂၀အမြန်ဆုံးသွင်းယူနိုင်သူအဖြစ်ကယ်ဗင်ဖီးလစ်က၂၁ပွဲဖြင့်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi