ဇာဗီးဟာမိုဟာမက်ဆာလက်ကိုနူးကမ့်သို့ခေါ်ဆောင်ပြီးအီဂျစ်စတားကိုတည်ကာမျိုးဆက်သစ်ဘာစီလိုနာအားတည်ဆောက်လိုနေကြောင်းသိရပါတယ်။
ဇာဗီးဟာဘာစီလိုနာနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်ကစားဖော်ဟောင်းဒါနီအဲလ်ဗက်စ်ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။ဒါနီအဲလ်ဗက်စ်ဟာငွေကြေးပြဿနာရှိနေတဲ့ဘာစီလိုနာအတွက်တစ်လလျှင်၁ယူရိုနှုန်းဖြင့်ကစားပေးသွားမှာလည်းဖြစ်ပါတယ်။
အသက်၂၉နှစ်ရှိအီဂျစ်စူပါစတားဟာယခုရာသီတွင်လီဗာပူးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၅ပွဲကစားထားရာမှာ၁၅ဂိုးသွင်းယူထားသူဖြစ်ပါတယ်။သူဟာချန်ပီယံလိဂ်၄ပွဲတွင်၇ဂိုးအထိသွင်းထားပါတယ်။
ဆာလက်ရဲ့လက်ရှိလီဗာပူးနှင့်စာချုပ်က၂၀၂၃ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုပြုလုပ်နေဆဲဖြစ်ပါတယ်။
ဇာဗီးဟာမိုဟာမက်ဆာလက်အပြင်လီဗာပူးမှဘာစီလိုနာကစားသမားဟောင်းတီယာဂိုကိုလည်းနူးကမ့်သို့ပြန်လည်ခေါ်ဆောင်လိုနေပါတယ်။
ZawGyi
ပရီးမီးယားလိဂ်စတားကို အားကုန်သုံးပြီး ဘာစီလိုနာသို့ ခေါ်ဆောင်သွားမယ့် ဇာဗီး