ပရီးမီးယားလိဂ်စတားများကို ဘရာဇီး စောစောစီးစီးစေလွှတ်မှာမဟုတ်လို့ မန်ယူ၊ချဲလ်ဆီးနှင့်လီဗာပူးအကြပ်တွေ့

ပရီးမီးယားလိဂ်ကလပ်များဟာအာဂျင်တီးနားကဲ့သို့ပင်ဘရာဇီးကလည်းပရီးမီးယားလိဂ်စတားများကိုကလပ်သို့စောစောစီးစီးစေလွှတ်မှာမဟုတ်လို့အကြီးအကျယ်ထိခိုက်လာကြတော့မှာဖြစ်ပါတယ်။

တောင်အမေရိကထိပ်သီးနိုင်ငံနှစ်ခုတို့ဟာနိုင်ငံတကာပွဲကာလအတွင်းမှာကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲကစားရပါမယ်။

ဘရာဇီးနှင့်အာဂျင်တီးနားတို့ဟာသူတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲကိုဗြိတိန်စံတော်ချိန် သောကြာနေ့နံနက်ပိုင်းတွင်ကစားရပါမယ်။ယင်းနေ့အပြီးနောက်တစ်နေ့စနေနေ့တွင်ပရီးမီးယားလိဂ်ပြန်လည်စတင်မှာဖြစ်ပြီးလီဗာပူးဟာဝက်ဖို့ဒ်သို့အဝေးကွင်းသွားကစားရပါမယ်။

ပရီးမီးယားလိဂ်ကလပ်များဟာအစောပိုင်းတုန်းကလိဂ်ပွဲစတင်ချိန်အမီကစားသမားများကို ကလပ်သို့စေလွှတ်ဖို့မျှော်လင့်ခဲ့ကြပေမယ့်ယခုအခါ ယင်းမျှော်လင့်ချက်အဆုံးသတ်သွားပြီဖြစ်ပါတယ်။

ယခုအခါအာဂျင်တီးနားနှင့်ဘရာဇီးတို့ကပရီးမီးယားလိဂ်ကလပ်များမှရွေးချယ်ထားတဲ့လက်ရွေးစင်ကစားသမားများကိုကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲလုံးအသုံးပြုလာမှာဖြစ်ကြောင်း ဆက်တိုက်ကြေညာလာပါတယ်။

ဒါကြောင့်လည်းလီဗာပူးဟာဖာဘင်ဟိုနှင့်အလစ်ဆင်တို့ကိုလက်လွှတ်ရမှာဖြစ်သလိုမန်စီးတီးမှာလည်းအီဒါဆင်နှင့်ဂါဘရီရယ်ဂျီးဆပ်စ်ကိုသုံးနိုင်တော့မှာမဟုတ်ပါဘူး။မန်ယူမှာလည်းဖရက်ကိုဆုံးရှုံးရမှာဖြစ်သလိုချဲလ်ဆီးဟာလည်းတီယာဂိုအားဆုံးရှုံးရပါမယ်။

စပါးစ်မှာလည်းအီမာဆင်ရွိုင်ရယ်၊ဂျီယိုဗာနီလိုစယ်ဆို၊ခရစ္စတီယန်ရိုမဲရိုးတို့ကိုဆုံးရှုံးရမှာဖြစ်ပြီးဗီလာမှာလည်းအီမီလီယာနိုမာတီနက်ဇ်နှင့်ဒေါက်ကလပ်လုဇ်တို့ကိုဆုံးရှုံးရပါမယ်။လိဒ်မှာလည်းရာဖင်ဟာကိုဆုံးရှုံးရပါမယ်။

ဥရုဂွေးအပါအဝင်အခြားတောင်အမေရိကအသင်းများဟာလည်းပရီးမီးယားလိဂ်ကစားသများကိုပွဲသုံးပွဲလုံး အသုံးပြုကာကလပ်သို့ပြန်စေလွှတ်ဖွယ်မရှိပါဘူး။

ZawGyi

ပရီးမီးယားလိဂ္စတားမ်ားကို ဘရာဇီး ေစာေစာစီးစီးေစလႊတ္မွာမဟုတ္လို႔ မန္ယူ၊ခ်ဲလ္ဆီးႏွင့္လီဗာပူးအၾကပ္ေတြ႕

ပရီးမီးယားလိဂ္ကလပ္မ်ားဟာအာဂ်င္တီးနားကဲ့သို႔ပင္ဘရာဇီးကလည္းပရီးမီးယားလိဂ္စတားမ်ားကိုကလပ္သို႔ေစာေစာစီးစီးေစလႊတ္မွာမဟုတ္လို႔အႀကီးအက်ယ္ထိခိုက္လာၾကေတာ့မွာျဖစ္ပါတယ္။

ေတာင္အေမရိကထိပ္သီးႏိုင္ငံႏွစ္ခုတို႔ဟာႏိုင္ငံတကာပြဲကာလအတြင္းမွာကမာၻ႔ဖလားေျခစစ္ပြဲသုံးပြဲကစားရပါမယ္။

ဘရာဇီးႏွင့္အာဂ်င္တီးနားတို႔ဟာသူတို႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲကိုၿဗိတိန္စံေတာ္ခ်ိန္ ေသာၾကာေန႔နံနက္ပိုင္းတြင္ကစားရပါမယ္။ယင္းေန႔အၿပီးေနာက္တစ္ေန႔စေနေန႔တြင္ပရီးမီးယားလိဂ္ျပန္လည္စတင္မွာျဖစ္ၿပီးလီဗာပူးဟာဝက္ဖို႔ဒ္သို႔အေဝးကြင္းသြားကစားရပါမယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာအေစာပိုင္းတုန္းကလိဂ္ပြဲစတင္ခ်ိန္အမီကစားသမားမ်ားကို ကလပ္သို႔ေစလႊတ္ဖို႔ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ယခုအခါ ယင္းေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားၿပီျဖစ္ပါတယ္။

ယခုအခါအာဂ်င္တီးနားႏွင့္ဘရာဇီးတို႔ကပရီးမီးယားလိဂ္ကလပ္မ်ားမွေ႐ြးခ်ယ္ထားတဲ့လက္ေ႐ြးစင္ကစားသမားမ်ားကိုကမာၻ႔ဖလားေျခစစ္ပြဲသုံးပြဲလုံးအသုံးျပဳလာမွာျဖစ္ေၾကာင္း ဆက္တိုက္ေၾကညာလာပါတယ္။

ဒါေၾကာင့္လည္းလီဗာပူးဟာဖာဘင္ဟိုႏွင့္အလစ္ဆင္တို႔ကိုလက္လႊတ္ရမွာျဖစ္သလိုမန္စီးတီးမွာလည္းအီဒါဆင္ႏွင့္ဂါဘရီရယ္ဂ်ီးဆပ္စ္ကိုသုံးႏိုင္ေတာ့မွာမဟုတ္ပါဘူး။မန္ယူမွာလည္းဖရက္ကိုဆုံးရႈံးရမွာျဖစ္သလိုခ်ဲလ္ဆီးဟာလည္းတီယာဂိုအားဆုံးရႈံးရပါမယ္။

စပါးစ္မွာလည္းအီမာဆင္႐ြိဳင္ရယ္၊ဂ်ီယိုဗာနီလိုစယ္ဆို၊ခရစၥတီယန္႐ိုမဲ႐ိုးတို႔ကိုဆုံးရႈံးရမွာျဖစ္ၿပီးဗီလာမွာလည္းအီမီလီယာႏိုမာတီနက္ဇ္ႏွင့္ေဒါက္ကလပ္လုဇ္တို႔ကိုဆုံးရႈံးရပါမယ္။လိဒ္မွာလည္းရာဖင္ဟာကိုဆုံးရႈံးရပါမယ္။

ဥ႐ုေဂြးအပါအဝင္အျခားေတာင္အေမရိကအသင္းမ်ားဟာလည္းပရီးမီးယားလိဂ္ကစားသမ်ားကိုပြဲသုံးပြဲလုံး အသုံးျပဳကာကလပ္သို႔ျပန္ေစလႊတ္ဖြယ္မရွိပါဘူး။