ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းထွက်လာ

ပရီးမီးယားလိဂ်ဟာတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ဆန်ကာတင်ကစားသမား၈ဦးကိုထုတ်ပြန်လာခဲ့ပြီဖြစ်ပြီးပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးမှရူဘင်ဒိုင်ယက်စ်နှင့်ဖီးလ်ဖိုဒန်တို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

မန်စီးတီးကစားသမားနှစ်ဦးတို့ဟာပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ဆန်ကာတင်စာရင်းမှာမေဆင်မောင့်၊ဘူကာယိုဆာကာ၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ဒက်လန်းရိုက်စ်၊ဒိုမီနစ်ကယ်ဗတ်လီဝင်း၊အီလန်မဲဆလီယာတို့နှင့်အတူပါဝင်နေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုပရိသတ်များရဲမဲဆန္ဒအဆုံးအဖြတ်ဖြင့်ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။အဆိုပါကစားသမားဆုကို၂၀၂၀-၂၁ဘောလုံးရာသီမတိုင်မီအသက်၂၃နှစ်နှင့်အောက်လူငယ်ကစာသမားအားပေးတဲ့ဆုလည်းဖြစ်ပါတယ်။

ဒိုင်ယက်စ်နှင့်ဖီးလ်ဖိုဒန်တို့ဟာမန်စီးတီးအားလေးနှစ်အတွင်းတတိယမြောက်ပရီးမီးယားလိဂ်ဖလားအားဆွတ်ခူးနိုင်အောင်အဓိကနေရာမှစွမ်းဆောင်နိုင်မှုနဲ့အတူထိပ်ဆုံးမှရေပန်းစားနေတာလည်းဖြစ်ပါတယ်။

ယခုအခါအသက်၂၄နှစ်ရှိပြီဖြစ်တဲ့ရူဘင်ဒိုင်ယက်စ်ဟာနွေရာသီတွင်ဘင်ဖီကာမှပြောင်းလာပြီးနောက်အားနည်းနေတဲ့မန်စီးတီးခံစစ်အားအပြီးပြည့်စုံဆုံခံစစ်ဖြစ်အောင်လုပ်ဆောင်ထားနိုင်သူဖြစ်ပြီးမန်စီးတီးမှာ၃၂ဂိုးတည်းသာပေးခဲ့ရပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဗဟိုနောက်ခံလူဟာဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်ကချီးမြှင့်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးထားသလိုတစ်နှစ်တာအကောင်းဆုံးပရီးမီးယားလိဂ်ကစားသမားဆုအတွက်လည်းရေပန်းစားနေသူဖြစ်ပါတယ်။

ဖီးလ်ဖိုဒန်မှာလည်းယခုရာသီမှာမန်စီးတီးတွင်ပုံမှန်ပွဲထွက်ကစားခွင့်ရရှိလာခဲ့ကာ၁၄ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

မေဆင်မောင့်မှာလည်းယခုရာသီတွင်ချဲလ်ဆီးကိုချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကစားပေးခဲ့တဲ့အပြင်ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင်လည်းကူညီနိုင်ခဲ့ပါတယ်။သူဟာပြိုင်ပွဲအရပ်ရပ်မှာ၃၆ပွဲကစားခဲ့ရာမှာ၁၁ဂိုးသွင်းယူပေးခဲ့ပါတယ်။

ကျန်ကစားသမားများဖြစ်ကြတဲ့မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ဆာကာ၊ဒက်စ်လန်းရိုက်စ်၊ကယ်ဗတ်လီဝင်း၊မီဆလီယာတို့မှာဆန်ကာတင်စာရင်းတွင်ပါဝင်သော်လည်းဆုဆွတ်ခူးဖို့ခက်ခဲနေပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာယခုရာသီမှာမန်ယူအားပရီးမီးယားလိဂ်တွင်ဒုတိယနေရာမှာရပ်တည်နိုင်အောင်၁၁ဂိုးသွင်းကာ၉ကြိမ်ဖန်တီးပေးခဲ့ပါတယ်။

ဆာကာမှာလည်းအာဆင်နယ်အသင်းရုန်းကန်နေရသော်လည်းအာဆင်နယ်ရဲ့အကောင်းဆုံးခြေစွမ်းဖြင့်ကစားနိုင်တဲ့သူများထဲမှတစ်ဦးအဖြစ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားဒက်လန်းရိုက်စ်မှာလည်းဝက်စ်ဟမ်းကိုယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင်အဓိကနေရာမှကူညီနိုင်ခဲ့ပါတယ်။

လိဒ်ရဲ့ပြင်သစ်ဂိုးသမားမဲဆလီယာမှာလည်းလိဒ်ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီတွင်အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းထြက္လာ

ပရီးမီးယားလိဂ္ဟာတစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုအတြက္ဆန္ကာတင္ကစားသမား၈ဦးကိုထုတ္ျပန္လာခဲ့ၿပီျဖစ္ၿပီးပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးမွ႐ူဘင္ဒိုင္ယက္စ္ႏွင့္ဖီးလ္ဖိုဒန္တို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။

မန္စီးတီးကစားသမားႏွစ္ဦးတို႔ဟာပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုအတြက္ဆန္ကာတင္စာရင္းမွာေမဆင္ေမာင့္၊ဘူကာယိုဆာကာ၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ဒက္လန္း႐ိုက္စ္၊ဒိုမီနစ္ကယ္ဗတ္လီဝင္း၊အီလန္မဲဆလီယာတို႔ႏွင့္အတူပါဝင္ေနတာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာတစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုပရိသတ္မ်ားရဲမဲဆႏၵအဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္သြားမွာလည္းျဖစ္ပါတယ္။အဆိုပါကစားသမားဆုကို၂၀၂၀-၂၁ေဘာလုံးရာသီမတိုင္မီအသက္၂၃ႏွစ္ႏွင့္ေအာက္လူငယ္ကစာသမားအားေပးတဲ့ဆုလည္းျဖစ္ပါတယ္။

ဒိုင္ယက္စ္ႏွင့္ဖီးလ္ဖိုဒန္တို႔ဟာမန္စီးတီးအားေလးႏွစ္အတြင္းတတိယေျမာက္ပရီးမီးယားလိဂ္ဖလားအားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွစြမ္းေဆာင္ႏိုင္မႈနဲ႔အတူထိပ္ဆုံးမွေရပန္းစားေနတာလည္းျဖစ္ပါတယ္။

ယခုအခါအသက္၂၄ႏွစ္ရွိၿပီျဖစ္တဲ့႐ူဘင္ဒိုင္ယက္စ္ဟာေႏြရာသီတြင္ဘင္ဖီကာမွေျပာင္းလာၿပီးေနာက္အားနည္းေနတဲ့မန္စီးတီးခံစစ္အားအၿပီးျပည့္စုံဆုံခံစစ္ျဖစ္ေအာင္လုပ္ေဆာင္ထားႏိုင္သူျဖစ္ၿပီးမန္စီးတီးမွာ၃၂ဂိုးတည္းသာေပးခဲ့ရပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ဗဟိုေနာက္ခံလူဟာေဘာလုံးကေလာင္ရွင္မ်ားအဖြဲ႕ခ်ဳပ္ကခ်ီးျမႇင့္တဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးထားသလိုတစ္ႏွစ္တာအေကာင္းဆုံးပရီးမီးယားလိဂ္ကစားသမားဆုအတြက္လည္းေရပန္းစားေနသူျဖစ္ပါတယ္။

ဖီးလ္ဖိုဒန္မွာလည္းယခုရာသီမွာမန္စီးတီးတြင္ပုံမွန္ပြဲထြက္ကစားခြင့္ရရွိလာခဲ့ကာ၁၄ဂိုးအထိသြင္းယူထားႏိုင္ခဲ့ပါတယ္။

ေမဆင္ေမာင့္မွာလည္းယခုရာသီတြင္ခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကစားေပးခဲ့တဲ့အျပင္ထိပ္ဆုံးေလးသင္းစာရင္းဝင္ေအာင္လည္းကူညီႏိုင္ခဲ့ပါတယ္။သူဟာၿပိဳင္ပြဲအရပ္ရပ္မွာ၃၆ပြဲကစားခဲ့ရာမွာ၁၁ဂိုးသြင္းယူေပးခဲ့ပါတယ္။

က်န္ကစားသမားမ်ားျဖစ္ၾကတဲ့မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ဆာကာ၊ဒက္စ္လန္း႐ိုက္စ္၊ကယ္ဗတ္လီဝင္း၊မီဆလီယာတို႔မွာဆန္ကာတင္စာရင္းတြင္ပါဝင္ေသာ္လည္းဆုဆြတ္ခူးဖို႔ခက္ခဲေနပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာယခုရာသီမွာမန္ယူအားပရီးမီးယားလိဂ္တြင္ဒုတိယေနရာမွာရပ္တည္ႏိုင္ေအာင္၁၁ဂိုးသြင္းကာ၉ႀကိမ္ဖန္တီးေပးခဲ့ပါတယ္။

ဆာကာမွာလည္းအာဆင္နယ္အသင္း႐ုန္းကန္ေနရေသာ္လည္းအာဆင္နယ္ရဲ႕အေကာင္းဆုံးေျခစြမ္းျဖင့္ကစားႏိုင္တဲ့သူမ်ားထဲမွတစ္ဦးအျဖစ္ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

အဂၤလန္ကြင္းလယ္ကစားသမားဒက္လန္း႐ိုက္စ္မွာလည္းဝက္စ္ဟမ္းကိုယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိေအာင္အဓိကေနရာမွကူညီႏိုင္ခဲ့ပါတယ္။

လိဒ္ရဲ႕ျပင္သစ္ဂိုးသမားမဲဆလီယာမွာလည္းလိဒ္ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ရာသီတြင္အေကာင္းဆုံးလက္စြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။