ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ကာ စံချိန်သစ်ရေးထိုးတော့မယ့် ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာစက်တင်ဘာလအတွက်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်ကာနောက်ထပ်စံချိန်သစ်တစ်ခုရေးထိုးနိုင်မယ့်အနေအထားမှာရှိနေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်စူပါစတားဟာအိုးထရက်ဖို့ဒ်သို့တစ်ကျော့ပြန်လာပြီး တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ပါကသူ့ရဲ့ငါးကြိမ်မြောက်အဖြစ်ဆွတ်ခူးနိုင်ပါမယ်။

တကယ်လို့ဆွတ်ခူးနိုင်မယ်ဆိုရင်ရော်နယ်ဒိုဟာနောက်ထပ်စံချိန်သစ်တစ်ခုကိုလိုက်မီဖို့ နှစ်ကြိမ်ဘဲလိုတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်သမိုင်းတွင်တစ်လတာအကောင်းဆုံးကစားသမားဆုကိုအများဆုံးဆွတ်ခူးထားနိုင်သူအဖြစ်မန်စီးတီးဂန္ထဝင်အဂွဲရိုးက၇ကြိမ်ဖြင့်ရပ်တည်နေပြီးဟယ်ရီကိန်းနှင့်စတီဗင်ဂျရတ်တို့ကခြောက်ကြိမ်စီဖြင့်ဒုတိယနေရာမှာရပ်တည်နေကြပါတယ်။

ရော်နယ်ဒိုဟာမန်ယူသို့ပြန်ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ဂိုး၃ဂိုးသွင်းထားနိုင်ပါတယ်။

ဒါပေမယ့်ပေါ်တူဂီစူပါစတားအနေဖြင့်တစ်လတာအကောင်းဆုံးကစားသမားဆုအတွက်ထိပ်တန်းကစားသမားများတို့နှင့်ရင်ဆိုင်ရပါမယ်။

စက်တင်ဘာလအတွက်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းမှာမန်စီးတီးရဲ့ကန်စီလို၊ချဲလ်ဆီးရဲ့ရူဒီဂါ၊နယူးကာဆယ်ရဲ့စိန့်မက်ဆီမန်၊လီဗာပူးရဲ့ဆာလက်၊ဝက်ဒ်ဖို့ဒ်ရဲ့ဆားတို့ပါဝင်နေပါတယ်။

ZawGyi

ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုအတြက္ ဆန္ကာတင္စာရင္းမွာ ပါဝင္ကာ စံခ်ိန္သစ္ေရးထိုးေတာ့မယ့္ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစက္တင္ဘာလအတြက္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ကာေနာက္ထပ္စံခ်ိန္သစ္တစ္ခုေရးထိုးႏိုင္မယ့္အေနအထားမွာရွိေနၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္စူပါစတားဟာအိုးထရက္ဖို႔ဒ္သို႔တစ္ေက်ာ့ျပန္လာၿပီး တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ပါကသူ႔ရဲ႕ငါးႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးႏိုင္ပါမယ္။

တကယ္လို႔ဆြတ္ခူးႏိုင္မယ္ဆိုရင္ေရာ္နယ္ဒိုဟာေနာက္ထပ္စံခ်ိန္သစ္တစ္ခုကိုလိုက္မီဖို႔ ႏွစ္ႀကိမ္ဘဲလိုေတာ့မွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္သမိုင္းတြင္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုအမ်ားဆုံးဆြတ္ခူးထားႏိုင္သူအျဖစ္မန္စီးတီးဂႏၴဝင္အဂြဲ႐ိုးက၇ႀကိမ္ျဖင့္ရပ္တည္ေနၿပီးဟယ္ရီကိန္းႏွင့္စတီဗင္ဂ်ရတ္တို႔ကေျခာက္ႀကိမ္စီျဖင့္ဒုတိယေနရာမွာရပ္တည္ေနၾကပါတယ္။

ေရာ္နယ္ဒိုဟာမန္ယူသို႔ျပန္ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ဂိုး၃ဂိုးသြင္းထားႏိုင္ပါတယ္။

ဒါေပမယ့္ေပၚတူဂီစူပါစတားအေနျဖင့္တစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ထိပ္တန္းကစားသမားမ်ားတို႔ႏွင့္ရင္ဆိုင္ရပါမယ္။

စက္တင္ဘာလအတြက္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းမွာမန္စီးတီးရဲ႕ကန္စီလို၊ခ်ဲလ္ဆီးရဲ႕႐ူဒီဂါ၊နယူးကာဆယ္ရဲ႕စိန႔္မက္ဆီမန္၊လီဗာပူးရဲ႕ဆာလက္၊ဝက္ဒ္ဖို႔ဒ္ရဲ႕ဆားတို႔ပါဝင္ေနပါတယ္။