
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်တကျော့ပြန်ခရီးမှာလည်းဂိုးတွေဆက်တိုက်သွင်းယူလျက်ရှိနေပါတယ်။ဒါပေမယ့်ပေါ်တူဂီစတားဟာယခုထက်မကစွမ်းဆောင်ပေးဖို့လိုနေသေးတာတွေ့ရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဗုဒ္ဓဟူးနေ့တုန်းကဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာနာကျင်အချိန်ပို၉၅မိနစ်မှာမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ပြီးနောက်မန်ယူအတွက်သွင်းဂိုး၅ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်းသူဟာမန်ယူသို့ရောက်လာပြီးနောက်အကောင်းဆုံးခြေစွမ်းကိုတော့ပြသနိုင်ခြင်းမရှိသေးပါဘူး။သူဟာတကိုယ်တော်အစွမ်းဖြင့်သော်လည်းကောင်း၊အသင်းလိုက်အားဖြင့်သော်လည်းကောင်းအကောင်းဆုံးပုံစံမပြသနိုင်သေးပါဘူး။
အထူးသဖြင့်သူဟာပြိုင်ဘက်အသင်းခံစစ်သမားတွေကိုဖိအားပေးနိုင်မှုအလွန်နည်းပါးနေပါတယ်။
The Athetic ရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်တိုက်စစ်မှူးတွေထဲမှာပြိုင်ဘက်ခံစစ်သမားများကိုဖိအားပေးနိုင်မှုအနည်းဆုံးအဖြစ်ရပ်တည်နေကြောင်းသိရပါတယ်။သူဟာမိနစ်၂၇၀နှင့်အထက်ကစားထားတဲ့တိုက်စစ်မှူးတွေမှာပြိုင်ဘက်ခံစစ်သမားကိုဖိအားပေးနိုင်မှုအနည်းဆုံးအဖြစ်ရပ်တည်နေတာပါ။
ရော်နယ်ဒိုဟာမိနစ်၉၀တိုင်း၂.၇ကြိမ်သာပြိုင်ဘက်အသင်းခံစစ်သမားကိုဖိအားပေးရန်ကြိုးစားထားတာတွေ့ရပါတယ်။
ပရီးမီးယားလိဂ်တွင်ပြိုင်ဘက်ခံစစ်သမားများကိုဖိအားပေးမှုအများဆုံးအဖြစ်ခရစ္စတယ်ပဲလေ့စ်တိုက်စစ်သမားဝီလ်ဖရိုင်းဇာဟာကအကြိမ်၂၀ဖြင့်ရပ်တည်နေပြီးသူ့နောက်မှာနီရယ်မူပေး၊ဂျိုတာ၊လူးကပ်စ်မော်ရာ၊ဒန်နီအင်းစ်တို့ကရပ်တည်နေပါတယ်။
မန်ယူအသင်းမှာပြိုင်ဘက်ခံစစ်သမားများကိုဖိအားပေးမှုအများဆုံးအဖြစ်မေဆင်ဂရင်းဝုဒ်က၉.၆ကြိမ်ဖြင့်ရပ်တည်နေပါတယ်။
ZawGyi
ပရီးမီးယားလိဂ္တြင္ ခံစစ္သမားကို ဖိအားေပးႏိုင္မႈအနည္းဆုံးကစားသမားအျဖစ္ ေရာ္နယ္ဒိုရပ္တည္ေန
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္တေက်ာ့ျပန္ခရီးမွာလည္းဂိုးေတြဆက္တိုက္သြင္းယူလ်က္ရွိေနပါတယ္။ဒါေပမယ့္ေပၚတူဂီစတားဟာယခုထက္မကစြမ္းေဆာင္ေပးဖို႔လိုေနေသးတာေတြ႕ရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဗုဒၶဟူးေန႔တုန္းကဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာနာက်င္အခ်ိန္ပို၉၅မိနစ္မွာမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္မန္ယူအတြက္သြင္းဂိုး၅ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။
ဒါေပမယ့္လည္းသူဟာမန္ယူသို႔ေရာက္လာၿပီးေနာက္အေကာင္းဆုံးေျခစြမ္းကိုေတာ့ျပသႏိုင္ျခင္းမရွိေသးပါဘူး။သူဟာတကိုယ္ေတာ္အစြမ္းျဖင့္ေသာ္လည္းေကာင္း၊အသင္းလိုက္အားျဖင့္ေသာ္လည္းေကာင္းအေကာင္းဆုံးပုံစံမျပသႏိုင္ေသးပါဘူး။
အထူးသျဖင့္သူဟာၿပိဳင္ဘက္အသင္းခံစစ္သမားေတြကိုဖိအားေပးႏိုင္မႈအလြန္နည္းပါးေနပါတယ္။
The Athetic ရဲ႕ေဖာ္ျပခ်က္အရခရစၥတီယာႏိုေရာ္နယ္ဒိုဟာပရီးမီးယားလိဂ္တိုက္စစ္မႉးေတြထဲမွာၿပိဳင္ဘက္ခံစစ္သမားမ်ားကိုဖိအားေပးႏိုင္မႈအနည္းဆုံးအျဖစ္ရပ္တည္ေနေၾကာင္းသိရပါတယ္။သူဟာမိနစ္၂၇၀ႏွင့္အထက္ကစားထားတဲ့တိုက္စစ္မႉးေတြမွာၿပိဳင္ဘက္ခံစစ္သမားကိုဖိအားေပးႏိုင္မႈအနည္းဆုံးအျဖစ္ရပ္တည္ေနတာပါ။
ေရာ္နယ္ဒိုဟာမိနစ္၉၀တိုင္း၂.၇ႀကိမ္သာၿပိဳင္ဘက္အသင္းခံစစ္သမားကိုဖိအားေပးရန္ႀကိဳးစားထားတာေတြ႕ရပါတယ္။
ပရီးမီးယားလိဂ္တြင္ၿပိဳင္ဘက္ခံစစ္သမားမ်ားကိုဖိအားေပးမႈအမ်ားဆုံးအျဖစ္ခရစၥတယ္ပဲေလ့စ္တိုက္စစ္သမားဝီလ္ဖ႐ိုင္းဇာဟာကအႀကိမ္၂၀ျဖင့္ရပ္တည္ေနၿပီးသူ႔ေနာက္မွာနီရယ္မူေပး၊ဂ်ိဳတာ၊လူးကပ္စ္ေမာ္ရာ၊ဒန္နီအင္းစ္တို႔ကရပ္တည္ေနပါတယ္။
မန္ယူအသင္းမွာၿပိဳင္ဘက္ခံစစ္သမားမ်ားကိုဖိအားေပးမႈအမ်ားဆုံးအျဖစ္ေမဆင္ဂရင္းဝုဒ္က၉.၆ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။