ပရီးမီးယားလိဂ်တွင် ဂိုးသွင်းထားနိုင်တဲ့ ကစားသမား အများဆုံးအသင်းအဖြစ် ချဲလ်ဆီးရပ်တည်

ချဲလ်ဆီးဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်ဂိုးသွင်းထားသူအရေအတွက်အများဆုံးပိုင်ဆိုင်တဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။

သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးအသင်းမှာဂိုးသွင်းထားသူကစားသမား၁၂ဦးအထိရှိနေပြီး ပရီးမီးယားလိဂ်တွင်ဂိုးသွင်းထားသူအများဆံဒးအသင်းအဖြစ်ရပ်တည်နေတာပါ။

ချဲလ်ဆီးအသင်းမှကစားသမား၁၂ဦးတို့ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၇ပွဲမှာဂိုးသွင်းယူထားနိုင်ကြတာဖြစ်ပါတယ်။

ဒုတိယနေရာမှာမန်စီးတီးအသင်းကကစားသမား၉ဦးအထိဂိုးသွင်းယူထားပြီးရပ်တည်နေပြီးအက်စတွန်ဗီလာက၈ဦးအထိရှိကာတတိယနေရာမှာရပ်တည်နေပါတယ်။

တန်းတက်ဘရန်ဖို့ဒ်၊လီဗာပူးတို့မှာ၇ဦးအထိရှိပြီးမန်ယူ၊အဲဗာတန်၊နယူးကာဆယ်တို့မှာ၆ဦးစီရှိပါတယ်။ဘရိုက်တန်နှင့်ခရစ္စတယ်ပဲလေ့စ်တွင်လည်းဂိုးသွင်းထားတဲ့ကစားသမား၅ဦးစီရှိကာထိပ်ဆုံး၁၀သင်းစာရင်းမှာပါဝင်နေပါတယ်။

ZawGyi





