ပရီးမီးယားလိဂ်တွင် ပွဲထွက်လူစာရင်း ပျမ်းမျှအသက်အငယ်ဆုံးအသင်းအဖြစ် အာဆင်နယ်ရပ်တည်

အာဆင်နယ်အသင်းဟာယခုရာသီမှာပရီးမီးယားလိဂ်တွင်အသက်အငယ်ဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။အာဆင်နယ်ပွဲထွက်ကစားသမား၁၁ဦးဟာပရီးမီးယားလိဂ်တွင်အသက်အငယ်ဆုံးအသင်းအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာအကယ်ဒမီထွက်ကစားသမားများဖြစ်ကြတဲ့ဘူကာယိုဆာကာ၊အီမဲလ်စမစ်ရိုးတို့အားပုံမှန်အသုံးပြုနေမှုနဲ့အတူပရီးမီးယားလိဂ်တွင်အသက်အငယ်ဆုံးပွဲထွက်အသင်းအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်၇အပြီးတွင်အာဆင်နယ်ရဲ့ပွဲထွက်လူစာရင်းပျမ်းမျှအသက်မှာ၂၄နှစ်နှင့်၂၇၆ရက်သာရှိပါတယ်။ဒုတိယအသက်အငယ်ဆုံးပွဲထွက်အသင်းအဖြစ် တန်းတက်ဘရန့်ဖို့ဒ်အသင်းက၂၅နှစ်နှင့်၁၅၂ရက်ဖြင့်ရပ်တည်နေပြီးတတိယနေရာတွင်ဆောက်သမ်တန်အသင်းကအသက်၂၆နှစ်ဝန်းကျင်မျှဖြင့်ရပ်တည်နေပါတယ်။

မန်ယူနှင့်မန်စီးတီးတို့မှာလည်း၂၇နှစ်နှင့်၁၄ရက်၊၂၇နှစ်နှင့်၂၃ရက်တို့ဖြင့်အဆင့်၈နှင့်အဆင့်၉နေရာတို့တွင်ရပ်တည်နေပါတယ်။

ဘန်လေအသင်းမှာ၂၉နှစ်နှင့်၃၉ရက်ဖြင့်ပရီးမီးယားလိဂ်တွင်အသက်အကြီးဆုံးပွဲထွက်လူစာရင်းကိုပိုင်ဆိုင်ထားပါတယ်။

ZawGyi





