
အဲဗာတန်နည်းပြသစ်ရှောင်ဒိုက်ချီဟာပရီးမီးယားလိဂ်မှတန်းမဆင်းရရေးတိုက်ပွဲဝင်ရန်အတွက်လေ့ကျင့်ရေးစည်းမျဉ်းစည်းကမ်းများကိုအပြောင်းအလဲပြုလုပ်လာပါတယ်။
ဘန်လေအသင်းကိုဆယ်စုနှစ်တစ်ခုကြာကိုင်တွယ်ခဲ့တဲ့ရှောင်ဒိုက်ချီဟာအဲဗာတန်ကိုပရီးမီးယားလိဂ်တွင်ဆက်လက်ရှင်သန်နိုင်စေရေးအတွက် ယခုလိုလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
သူဟာအဲဗာတန်အသင်းတွင်အရည်အချင်းရှိကစားသမားများစွာရှိနေပေမဲ့လည်းတန်းမဆင်းရရေးအတွက်အဓိကကျနေမှုမှာချွေးများများကျရေးသာ ဖြစ်တယ်လို့ယုံကြည်နေပါတယ်။
ဒါကြောင့်လည်းရှောင်ဒိုက်ချီဟာသူ့ရဲ့အဲဗာတန်ကိုပထမဆုံးကိုင်တွယ်တဲ့ပွဲဖြစ်လာမဲ့စနေနေ့အာဆင်နယ်နှင့်ပွဲမတိုင်မီလေ့ကျင့်ရေးစည်းမျဉ်းသစ်သုံးလာတာဖြစ်ပါတယ်။
သူဟာကစားသမားအားလုံးကိုလေ့ကျင့်ရေးကွင်းတွင်လည်းခြေသလုံးကာ၊ပွဲသုံးခြေအိတ်နှင့်ဘောင်းဘီတို့ဝတ်ဆင်စေခဲ့ပြီးလေ့ကျင့်ရေးလုပ်စေပါတယ်။
ရှောင်ဒိုက်ချီဟာဘန်လေအသင်းကိုကိုင်တွယ်စဉ်တုန်းက၂၀၁၈-၁၉ရာသီတွင်ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင်ပါစွမ်းဆောင်ပေးခဲ့ဖူးသူဖြစ်ပါတယ်။
ZawGyi
ပရီးမီးယားလိဂ်တွင် ရှင်သန်ရေးတိုက်ပွဲဝင်ရန်အတွက် လေ့ကျင့်ရေးစည်းကမ်းအပြောင်းအလဲလုပ်လာတဲ့ အဲဗာတန်နည်းပြဒိုက်ချီ