ပရီးမီးယားလိဂ်တွင် အကြီးအကျယ်ရုန်းကန်နေရတဲ့ ချဲလ်ဆီးရဲ့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ရဲ့ခြေစွမ်း

အန်ဇိုဖာနန်ဒက်ဇ်ဟာချဲလ်ဆီးတွင်ခြေစွမ်းပြနိုင်ရေးအတွက်ဆက်လက်ရုန်းကန်နေရပြီးအခုအခါပိုမိုစိုးရိမ်ရတော့မဲ့အခြေအနေမျိုးသို့ရောက်လာခဲ့ပြီဖြစ်ပါတယ်။

အာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့အန်ဇိုဖာနန်ဒက်ဇ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁၀၈သန်းဖြင့်ဘင်ဖီကာမှချဲလ်ဆီးသို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ဖာနန်ဒက်ဇ်ဟာချဲလ်ဆီးနှင့်အတူနိုင်ပွဲတစ်ပွဲမျှ မရရှိသေးပါဘူး။

သူဟာချဲလ်ဆီးနှင့်အတူ၅ပွဲကစားထားရာမှာ၃ပွဲရှုံးနိမ့်ပြီး၂ပွဲသရေကျထားပါတယ်။အထူးသဖြင့်သူဟာချဲလ်ဆီးနှင့်အတူပရီးမီးယားလိဂ်တွင်အံဝင်ရန်သိသိသာသာရုန်းကန်နေရတာတွေ့ရပါတယ်။

သူဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ပွဲ၄ပွဲကစားထားရာမှာဘောလုံးပေးပို့မှု၃၅၃ကြိမ်တည်းသာပြုလပ်ထားပြီးအခွင့်အရေးဖန်တီးမှု၃ကြိမ်ပြုလုပ်ထားပြီးဂိုးရရှိတဲ့ဖန်တီးမှု၁ကြိမ်သာပြုလုပ်ထားနိုင်ပါတယ်။

ပိုပြီးတော့ဆိုးရွားသွားကတော့ဖာနန်ဒက်ဇ်ဟာတနင်္ဂနွေနေ့တုန်းကစပါးစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာစပါးစ်အတွက်ဦးဆောင်ဂိုးအားစကစ်ပ်သွင်းယူနိုင်အောင်အမှားကျူးလွန်ခဲ့တာဖြစ်ပါတယ်။

သူဟာဘောလုံးရှင်းထုတ်မှုအားသေသပ်စွာပြုလုပ်နိုင်ခဲ့ခြင်းမရှိမှုနဲ့အတူဧရိယာထိပ်ရှိစကစ်ပ်ကရရှိသွားပြီးစပါးစ်အတွက်အဖွင့်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္တြင္ အႀကီးအက်ယ္႐ုန္းကန္ေနရတဲ့ ခ်ဲလ္ဆီးရဲ႕ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ရဲ႕ေျခစြမ္း

အန္ဇိုဖာနန္ဒက္ဇ္ဟာခ်ဲလ္ဆီးတြင္ေျခစြမ္းျပႏိုင္ေရးအတြက္ဆက္လက္႐ုန္းကန္ေနရၿပီးအခုအခါပိုမိုစိုးရိမ္ရေတာ့မဲ့အေျခအေနမ်ိဳးသို႔ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

အာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့အန္ဇိုဖာနန္ဒက္ဇ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၀၈သန္းျဖင့္ဘင္ဖီကာမွခ်ဲလ္ဆီးသို႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ဖာနန္ဒက္ဇ္ဟာခ်ဲလ္ဆီးႏွင့္အတူႏိုင္ပြဲတစ္ပြဲမွ် မရရွိေသးပါဘူး။

သူဟာခ်ဲလ္ဆီးႏွင့္အတူ၅ပြဲကစားထားရာမွာ၃ပြဲရႈံးနိမ့္ၿပီး၂ပြဲသေရက်ထားပါတယ္။အထူးသျဖင့္သူဟာခ်ဲလ္ဆီးႏွင့္အတူပရီးမီးယားလိဂ္တြင္အံဝင္ရန္သိသိသာသာ႐ုန္းကန္ေနရတာေတြ႕ရပါတယ္။

သူဟာခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၄ပြဲကစားထားရာမွာေဘာလုံးေပးပို႔မႈ၃၅၃ႀကိမ္တည္းသာျပဳလပ္ထားၿပီးအခြင့္အေရးဖန္တီးမႈ၃ႀကိမ္ျပဳလုပ္ထားၿပီးဂိုးရရွိတဲ့ဖန္တီးမႈ၁ႀကိမ္သာျပဳလုပ္ထားႏိုင္ပါတယ္။

ပိုၿပီးေတာ့ဆိုး႐ြားသြားကေတာ့ဖာနန္ဒက္ဇ္ဟာတနဂၤေႏြေန႔တုန္းကစပါးစ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာစပါးစ္အတြက္ဦးေဆာင္ဂိုးအားစကစ္ပ္သြင္းယူႏိုင္ေအာင္အမွားက်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

သူဟာေဘာလုံးရွင္းထုတ္မႈအားေသသပ္စြာျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိမႈနဲ႔အတူဧရိယာထိပ္ရွိစကစ္ပ္ကရရွိသြားၿပီးစပါးစ္အတြက္အဖြင့္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။