
မှတ်တမ်းအရ မန်ချက်စတာယူနိုက်တက်အသင်းဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်တွင်အဆိုးရွားဆုံးခံစစ်ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်တွင်မန်ယူထက်ဂိုးပေးထားရတဲ့အသင်းကလေးသင်းတည်းသာရှိနေပြီးယင်းမှနှစ်သင်းမှာတန်းဆင်းဇုန်တွင်ရပ်တည်နေပါတယ်။
တစ်ဖက်တွင်မန်ယူဟာတစ်ပွဲတည်းသာဂိုးမပေးရသေးထားပါဘူး။ပရီးမီးယားလိဂ်တွင်ပွဲတိုင်းဂိုးပေးရတဲ့အသင်းအဖြစ်ဝက်ဖို့ဒ်နှင့်နယူးကာဆယ်တို့သာရှိပါတယ်။
မန်ယူရဲ့ခံစစ်ကပရီးမီးယားလိဂ်မှာဘာကြောင့်အဆိုးရွားဆုံးလဲဆိုတာသက်သေထူထားတဲ့အခြားမှတ်တမ်းမှာလည်းရှိပါသေးတယ်။
အိုလီဂန်းနားဆိုးလ်ရှားရဲ့အသင်းဟာပရီးမီးယားလိဂ်မှာတစ်ပွဲပျမ်းမျှဖျက်ထုတ်မှုအနည်းဆုံးအသင်းလည်းဖြစ်ပါတယ်။မန်ယူဟာနွေရာသီတုန်းကရာဖေးလ်ဗာရိန်းကဲ့သို့ကစားသမားမျိုးကိုငွေများစွာသုံးပြီးခေါ်ယူထားပေမယ့် ခံစစ်ပိုင်းကဆိုးရွားနေပါတယ်။
ဒါ့အပြင် Sky Sport ရဲ့ဖော်ပြချက်အရမန်ယူဟာပရီးမီးယားလိဂ်တွင်ခံစစ်အမှားကြောင့်ပြိုင်ဘက်အသင်းကိုကန်ခွင့်ပေးမှုအများဆုံးအသင်းအဖြစ်လည်းရပ်တည်နေကြောင်းဆိုသွားပါသေးတယ်။
ZawGyi
ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးခံစစ်ကို ပိုင်ဆိုင်ထားတဲ့ မန်ယူ