ပရီးမီးယားလိဂ်နည်းပြဖြစ်လာရန် အိပ်မက်မက်နေတဲ့ ယူနိုက်တက်ဂန္ထဝင်ကစားသမား

ဂျွန်အိုရှီးယားဟာတစ်နေ့တွင်ပရီးမီးယားလိဂ်နည်းပြဖြစ်လာရေးရည်မှန်းချက်ဖြင့်စိတ်ရှည်လက်ရှည်ကြိုးပမ်းနေပါတယ်။

အသက်၄၁နှစ်ရှိမန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဟာစတုတ်စီးတီးအသင်းတွင်နည်းပြအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်းမကြာသေးမီတုန်းကအိုင်ယာလန်အသင်းလက်ထောက်နည်းပြရာထူးကိုလည်းလက်ခံခဲ့သူဖြစ်ပါတယ်။

သူဟာနည်းပြချုပ်အဖြစ်ချက်ချင်းရယူလိုခြင်းမရှိသေးဘဲစိတ်ရှည်လက်ရှည်ဖြင့်သင်ကြားမှုများပြုလုပ်ကာပြီးပြည့်စုံတဲ့အချိန်တွင်မှနည်းပြချုပ်အဖြစ်တာဝန်ပြောင်းယူလိုနေပါတယ်။

အိုရှီးယားဟာနည်းပြလိုင်စင်အားလုံးရရှိထားပြီးဖြစ်သလို မည်သည့်ဘောလုံးအဖွဲ့အစည်းတွင်မဆိုအလုပ်လုပ်နိုင်တဲ့ ယူအီးအက်ဖ်အေရဲ့Master for International Players တက်ရောက်နေပါတယ်။

သူဟာအိုင်ယာလန်အသင်းလက်ထောက်နည်းပြအဖြစ်မတ်လ၂၇ရက်နေ့တွင်ပြင်သစ်ကိုဧည့်ခံကစားရမဲ့ယူရို၂၀၂၄ပွဲစဉ်တွင်စတင်တာဝန်ထမ်းဆောင်ရပါမယ်။

အိုရှီးယားဟာအိုးထရက်ဖို့ဒ်တွင်ကစားသမားအဖြစ်၁၂နှစ်ကြာကစားလာခဲ့သူဖြစ်ပြီးနောက်ဆန်းဒါးလန်းတွင်၇နှစ်ကြာကစားခဲ့ပါတယ်။သူဟာရီးဒင်းတွင်နောက်ဆုံးကစားပြီးနောက်၂၀၁၉ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္နည္းျပျဖစ္လာရန္ အိပ္မက္မက္ေနတဲ့ ယူႏိုက္တက္ဂႏၴဝင္ကစားသမား

ဂြၽန္အိုရွီးယားဟာတစ္ေန႔တြင္ပရီးမီးယားလိဂ္နည္းျပျဖစ္လာေရးရည္မွန္းခ်က္ျဖင့္စိတ္ရွည္လက္ရွည္ႀကိဳးပမ္းေနပါတယ္။

အသက္၄၁ႏွစ္ရွိမန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္းဟာစတုတ္စီးတီးအသင္းတြင္နည္းျပအဖြဲ႕ဝင္အျဖစ္တာဝန္ထမ္းေဆာင္ေနစဥ္အတြင္းမၾကာေသးမီတုန္းကအိုင္ယာလန္အသင္းလက္ေထာက္နည္းျပရာထူးကိုလည္းလက္ခံခဲ့သူျဖစ္ပါတယ္။

သူဟာနည္းျပခ်ဳပ္အျဖစ္ခ်က္ခ်င္းရယူလိုျခင္းမရွိေသးဘဲစိတ္ရွည္လက္ရွည္ျဖင့္သင္ၾကားမႈမ်ားျပဳလုပ္ကာၿပီးျပည့္စုံတဲ့အခ်ိန္တြင္မွနည္းျပခ်ဳပ္အျဖစ္တာဝန္ေျပာင္းယူလိုေနပါတယ္။

အိုရွီးယားဟာနည္းျပလိုင္စင္အားလုံးရရွိထားၿပီးျဖစ္သလို မည္သည့္ေဘာလုံးအဖြဲ႕အစည္းတြင္မဆိုအလုပ္လုပ္ႏိုင္တဲ့ ယူအီးအက္ဖ္ေအရဲ႕Master for International Players တက္ေရာက္ေနပါတယ္။

သူဟာအိုင္ယာလန္အသင္းလက္ေထာက္နည္းျပအျဖစ္မတ္လ၂၇ရက္ေန႔တြင္ျပင္သစ္ကိုဧည့္ခံကစားရမဲ့ယူ႐ို၂၀၂၄ပြဲစဥ္တြင္စတင္တာဝန္ထမ္းေဆာင္ရပါမယ္။

အိုရွီးယားဟာအိုးထရက္ဖို႔ဒ္တြင္ကစားသမားအျဖစ္၁၂ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီးေနာက္ဆန္းဒါးလန္းတြင္၇ႏွစ္ၾကာကစားခဲ့ပါတယ္။သူဟာရီးဒင္းတြင္ေနာက္ဆုံးကစားၿပီးေနာက္၂၀၁၉ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။