
ပရီးမီးယားလိဂ်ကလပ်များဟာအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ကစားသမားများကို၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမတိုင်မီလက်ရွေးစင်အသင်းသို့စေလွှတ်ရန်တောင်းဆိုမှုကိုပယ်ချလိုက်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကိုလာမယ့်နိုဝင်ဘာလ၂၀ရက်နေ့တွင်စတင်မည်ဖြစ်ရာနှစ်ပတ်ကျော်ကျော်မျှသာလိုပါတော့တယ်။အာဂျင်တီးနားဟာနိုဝင်ဘာလ၂၂ရက်နေ့တွင်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကစားသွားရပါမယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာသူတို့ရဲ့ကစားသမားများကိုအသင်းနှင့်အတူအမြန်ဆုံးပူးပေါင်းကာအကောင်းဆုံးပြင်ဆင်စေလိုမှုနှင့်အတူ ကစားသမားများကိုတစ်ပတ်စောပြီးစေလွှတ်ရန်တောင်းဆိုခဲ့ပါတယ်။
Daily Mail သတင်းစာရဲ့ဖော်ပြလာမှုအရ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာပရီးမီးယားလိဂ်ကလပ်များအား ကမ္ဘာ့ဖလားအတွက် ပရီးမီးယားလိဂ်နောက်ဆုံးပွဲမတိုင်မီစေလွှတ်ရန်တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ဒါပေမဲ့ယူနိုက်တက်၊စပါးစ်အပါအဝင်ပရီးမီးယားလိဂ်ကလပ်များဟာအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့တောင်းဆိုမှုကိုပယ်ချခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်အသင်းဟာလီဆန်ဒရိုမာတီနက်ဇ်၊အလီဂျန်ဒရိုဂါနာချို(အာဂျင်တီးနား)၊အီမီလီယာနိုမာတီနက်ဇ်၊အီမီလီယာနိုဘူအန်ဒီယာ(အက်စတွန်ဗီလာ)၊ခရစ္စတီယန်ရိုမီရို(စပါးစ်)၊အလက်ဆစ်မာ့ခ်အလစ်စတာ(ဘရိုက်တန်)တို့ကို နိုဝင်ဘာလ၁၂/၁၃ ပရီးမီးယားလိဂ်ပွဲမတိုင်မီ စေလွှတ်ရန်တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များကကစားသမားများကိုစောပြီးစေလွှတ်ဖို့ငြင်းဆိုကြပေမဲ့လည်းလီယွန်နယ်မက်ဆီကတော့ပီအက်စ်ဂျီနှင့်စာချုပ်ဆိုထားတဲ့အချက်ပါဝင်တဲ့ အာဂျင်တီးနားအချက်ကိုအသုံးချပြီး လီဂူး၁နောက်ဆုံးပွဲကိုမကစားဘဲအာဂျင်တီးနားနှင့်ပူးပေါင်းမယ်လို့သိရပါတယ်။
မက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်အတွင်းတွင် အာဂျင်တီးနားအချက်ထည့်သွင်းထားပြီး ကလပ်ထက် နိုင်ငံအသင်းကိုဦးစားပေးမယ့်အချက်ထည့်သွင်းချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။
ZawGyi
ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲမတိုင္ ကမာၻ႔ဖလားအတြက္ေတာင္းဆိုမႈကို ယူႏိုက္တက္ႏွင့္စပါးစ္တို႔ပယ္ခ်
ပရီးမီးယားလိဂ္ကလပ္မ်ားဟာအာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္က ကစားသမားမ်ားကို၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲမတိုင္မီလက္ေ႐ြးစင္အသင္းသို႔ေစလႊတ္ရန္ေတာင္းဆိုမႈကိုပယ္ခ်လိုက္ပါတယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲကိုလာမယ့္ႏိုဝင္ဘာလ၂၀ရက္ေန႔တြင္စတင္မည္ျဖစ္ရာႏွစ္ပတ္ေက်ာ္ေက်ာ္မွ်သာလိုပါေတာ့တယ္။အာဂ်င္တီးနားဟာႏိုဝင္ဘာလ၂၂ရက္ေန႔တြင္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲကစားသြားရပါမယ္။
အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာသူတို႔ရဲ႕ကစားသမားမ်ားကိုအသင္းႏွင့္အတူအျမန္ဆုံးပူးေပါင္းကာအေကာင္းဆုံးျပင္ဆင္ေစလိုမႈႏွင့္အတူ ကစားသမားမ်ားကိုတစ္ပတ္ေစာၿပီးေစလႊတ္ရန္ေတာင္းဆိုခဲ့ပါတယ္။
Daily Mail သတင္းစာရဲ႕ေဖာ္ျပလာမႈအရ အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာပရီးမီးယားလိဂ္ကလပ္မ်ားအား ကမာၻ႔ဖလားအတြက္ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲမတိုင္မီေစလႊတ္ရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။
ဒါေပမဲ့ယူႏိုက္တက္၊စပါးစ္အပါအဝင္ပရီးမီးယားလိဂ္ကလပ္မ်ားဟာအာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ေတာင္းဆိုမႈကိုပယ္ခ်ခဲ့ပါတယ္။
အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းဟာလီဆန္ဒ႐ိုမာတီနက္ဇ္၊အလီဂ်န္ဒ႐ိုဂါနာခ်ိဳ(အာဂ်င္တီးနား)၊အီမီလီယာႏိုမာတီနက္ဇ္၊အီမီလီယာႏိုဘူအန္ဒီယာ(အက္စတြန္ဗီလာ)၊ခရစၥတီယန္႐ိုမီ႐ို(စပါးစ္)၊အလက္ဆစ္မာ့ခ္အလစ္စတာ(ဘ႐ိုက္တန္)တို႔ကို ႏိုဝင္ဘာလ၁၂/၁၃ ပရီးမီးယားလိဂ္ပြဲမတိုင္မီ ေစလႊတ္ရန္ေတာင္းဆိုခဲ့ၾကတာလည္းျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားကကစားသမားမ်ားကိုေစာၿပီးေစလႊတ္ဖို႔ျငင္းဆိုၾကေပမဲ့လည္းလီယြန္နယ္မက္ဆီကေတာ့ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္ဆိုထားတဲ့အခ်က္ပါဝင္တဲ့ အာဂ်င္တီးနားအခ်က္ကိုအသုံးခ်ၿပီး လီဂူး၁ေနာက္ဆုံးပြဲကိုမကစားဘဲအာဂ်င္တီးနားႏွင့္ပူးေပါင္းမယ္လို႔သိရပါတယ္။
မက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္အတြင္းတြင္ အာဂ်င္တီးနားအခ်က္ထည့္သြင္းထားၿပီး ကလပ္ထက္ ႏိုင္ငံအသင္းကိုဦးစားေပးမယ့္အခ်က္ထည့္သြင္းခ်ဳပ္ဆိုထားတာလည္းျဖစ္ပါတယ္။