ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးနိုင်ဖို့ မန်ယူ ဘာလုပ်ဖို့လိုအပ်သလဲ သတိပေးလာတဲ့ တကျော့ပြန်သူရဲကောင်းရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုကမန်ယူအနေဖြင့်ပရီးမီးယားလိဂ်ဖလားနှင့်ဥရောပဖလားတို့ဆွတ်ခူးလိုရင့်ကျက်ဖို့လိုအပ်ကြောင်းပြောကြားလိုက်ပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကနယူးကာဆယ်နှင့်ပွဲမတိုင်မီဒုတိယမြောက်မနယူပထမဆုံးပွဲအတွက်အလွန်စိတ်လှုပ်ရှားနေခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ခရစ္စတီယာနိုရော်ယ်ဒိုဟာမနေ့ညတုန်းကနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပွဲထွက်ကစားခဲ့ပြီး၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူပထမဆုံးပွဲစဉ်ကိုအသင်းဥက္ကဌအေဗရမ်ဂရေဇာကိုယ်တိုင်၂နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်မန်ယူပွဲသို့တက်ရောက်ကြည့်ခဲ့သလိုဆာအဲလက်စ်ဖာဂူဆန်၊မန်ယူကစားသမားများရဲ့Wags များ တက်ရောက်ကြည့်ခဲ့ကာပရိသတ်များကွင်းလုံးပြည့်ကြည့်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာပွဲအစပိုင်းတွင်စိတ်လှုပ်ရှားနေခဲ့ပေမယ့်ပထမပိုင်းပြီးခါနီးမှာဂရင်းဝုဒ်ရဲ့အဝေးကန်ချက်ပြန်အံထွက်လာရာကနေပိတ်သွင်းပြီးဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ယင်းနောက်သူဟာပွဲချိန်၆၂မိနစ်မှာဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့ခဲ့ပါတယ်။

ရော်နယ်ဒိုက “အရမ်းစိတ်လှုပ်ရှားနေခဲ့တာပါ။ဒါကိုမြင်ချင်မှလည်းမြင်ရမှာပါ။ဒါပေမယ့်တကယ့်ကိုစိတ်လှုပ်ရှားနေခဲ့တာပါ။ရှေ့မှာပြောသလိုပရိသတ်တွေရဲ့ကြိုဆိုမှုကအရမ်းကြီးကျယ်တယ်။ကျွန်တော်ဟာဒီကိုအနိုင်ပွဲတွေရယူပြီးအသင်းကိုကူညီဖို့ရောက်လာတာပါ။တကယ့်ကိုမယုံနိုင်စရာအခိုက်အတန့်ပါ(အောင်ပွဲခံ)။အရမ်းကြီးကိုစိတ်လှုပ်ရှားနေခဲ့တယ်။ကောင်းကောင်းကစားပြီးဒီအသင်းကိုကူညီနိုင်တယ်ဆိုတာပြသဖို့တညလုံးစဉ်းစားနေခဲ့တာပါ။ပွဲထွက်စာရင်းမှာလည်းပါဝင်လာရောအရမ်းစိတ်လှုပ်ရှားနေခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးခရစ္စတီယာနိုရော်နယ်ဒိုကမန်ယူအနေဖြင့်အောင်မြင်မှုများရယူလိုပါကရင့်ကျက်ရန်လိုအပ်ကြောင်းလည်းသတိပေးသွားပါမယ်။

၎င်းက “ကျွန်တော်တို့ဟာအရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့အသင်းတစ်သင်းပိုင်ဆိုင်ထားပါတယ်။ငယ်ရွယ်တဲ့အသင်းပါ။အရမ်းကောင်းတဲ့နည်းပြလည်းရှိတယ်။ယုံကြည်မှုတည်ဆောက်ရပါမယ်။လိဂ်နဲ့ချန်ပီယံလိဂ်ဖလားလိုချင်ရင်ရင့်ကျက်ရပါမယ်။ကျွန်တော်တို့ဟာလမ်းကောင်းပေါ်ရောက်နေပါတယ်။နိုင်ပွဲတွေရယူပြီးယုံကြည်မှုတည်ဆောက်ရပါမယ်။ကျွန်တော်ကအသင်းကိုကူညီဖို့ရောက်လာတာပါ”လို့ပြောကြားသွားပါတယ်။

ZawGtu

ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔ဆြတ္ခူးႏိုင္ဖို႔ မန္ယူ ဘာလုပ္ဖို႔လိုအပ္သလဲ သတိေပးလာတဲ့ တေက်ာ့ျပန္သူရဲေကာင္းေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုကမန္ယူအေနျဖင့္ပရီးမီးယားလိဂ္ဖလားႏွင့္ဥေရာပဖလားတို႔ဆြတ္ခူးလိုရင့္က်က္ဖို႔လိုအပ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကနယူးကာဆယ္ႏွင့္ပြဲမတိုင္မီဒုတိယေျမာက္မနယူပထမဆုံးပြဲအတြက္အလြန္စိတ္လႈပ္ရွားေနခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ခရစၥတီယာႏိုေရာ္ယ္ဒိုဟာမေန႔ညတုန္းကနယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာပြဲထြက္ကစားခဲ့ၿပီး၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ယူပထမဆုံးပြဲစဥ္ကိုအသင္းဥကၠဌေအဗရမ္ဂေရဇာကိုယ္တိုင္၂ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္မန္ယူပြဲသို႔တက္ေရာက္ၾကည့္ခဲ့သလိုဆာအဲလက္စ္ဖာဂူဆန္၊မန္ယူကစားသမားမ်ားရဲ႕Wags မ်ား တက္ေရာက္ၾကည့္ခဲ့ကာပရိသတ္မ်ားကြင္းလုံးျပည့္ၾကည့္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာပြဲအစပိုင္းတြင္စိတ္လႈပ္ရွားေနခဲ့ေပမယ့္ပထမပိုင္းၿပီးခါနီးမွာဂရင္းဝုဒ္ရဲ႕အေဝးကန္ခ်က္ျပန္အံထြက္လာရာကေနပိတ္သြင္းၿပီးဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ယင္းေနာက္သူဟာပြဲခ်ိန္၆၂မိနစ္မွာဒုတိယဂိုးကိုသြင္းယူႏိုင္ခဲ့ခဲ့ပါတယ္။

ေရာ္နယ္ဒိုက “အရမ္းစိတ္လႈပ္ရွားေနခဲ့တာပါ။ဒါကိုျမင္ခ်င္မွလည္းျမင္ရမွာပါ။ဒါေပမယ့္တကယ့္ကိုစိတ္လႈပ္ရွားေနခဲ့တာပါ။ေရွ႕မွာေျပာသလိုပရိသတ္ေတြရဲ႕ႀကိဳဆိုမႈကအရမ္းႀကီးက်ယ္တယ္။ကြၽန္ေတာ္ဟာဒီကိုအႏိုင္ပြဲေတြရယူၿပီးအသင္းကိုကူညီဖို႔ေရာက္လာတာပါ။တကယ့္ကိုမယုံႏိုင္စရာအခိုက္အတန႔္ပါ(ေအာင္ပြဲခံ)။အရမ္းႀကီးကိုစိတ္လႈပ္ရွားေနခဲ့တယ္။ေကာင္းေကာင္းကစားၿပီးဒီအသင္းကိုကူညီႏိုင္တယ္ဆိုတာျပသဖို႔တညလုံးစဥ္းစားေနခဲ့တာပါ။ပြဲထြက္စာရင္းမွာလည္းပါဝင္လာေရာအရမ္းစိတ္လႈပ္ရွားေနခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုကမန္ယူအေနျဖင့္ေအာင္ျမင္မႈမ်ားရယူလိုပါကရင့္က်က္ရန္လိုအပ္ေၾကာင္းလည္းသတိေပးသြားပါမယ္။

၎က “ကြၽန္ေတာ္တို႔ဟာအရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့အသင္းတစ္သင္းပိုင္ဆိုင္ထားပါတယ္။ငယ္႐ြယ္တဲ့အသင္းပါ။အရမ္းေကာင္းတဲ့နည္းျပလည္းရွိတယ္။ယုံၾကည္မႈတည္ေဆာက္ရပါမယ္။လိဂ္နဲ႔ခ်န္ပီယံလိဂ္ဖလားလိုခ်င္ရင္ရင့္က်က္ရပါမယ္။ကြၽန္ေတာ္တို႔ဟာလမ္းေကာင္းေပၚေရာက္ေနပါတယ္။ႏိုင္ပြဲေတြရယူၿပီးယုံၾကည္မႈတည္ေဆာက္ရပါမယ္။ကြၽန္ေတာ္ကအသင္းကိုကူညီဖို႔ေရာက္လာတာပါ”လို႔ေျပာၾကားသြားပါတယ္။