
အာဆင်နယ်စတားဖေဘီယိုဗီအဲရာဟာအာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်ရေးအထောက်အပံ့ဖြစ်လာစေရန်အတွက်ကြွက်သားများကြီးထွားသန်မာလာစေရန်အပြင်းအထန်လေ့ကျင့်မှုပြုလုပ်နေပါတယ်။
ပေါ်တူဂီကွင်းလယ်တိုက်စစ်သမားဟာနွေရာသီတွင်ပေါ်တိုမှပေါင်သန်း၃၀ဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီးပရီးမီးယားလိဂ်တွင်အံဝင်ရေးလုပ်ဆောင်နေတုန်းဖြစ်ပါတယ်။
ဒါပေမဲ့အသက်၂၂နှစ်ရှိကွင်းလယ်ကစားသမားဟာပရီးမီးယားလိဂ်တွင်အမြန်ဆုံးအံဝင်ခွင်ကျဖြစ်လာစေရန်အစွမ်းကုန်လုပ်နေပါတယ်။
သူဟာပရီးမီးယားလိဂ်နှင့်အံဝင်လာစေရေးခန္ဓာကိုယ်တောင့်တင်းသန်မာလာစေရန်အတွက်တစ်ပတ်လျှင်သုံးကြိမ်အထိပြင်းထန်တဲ့လေ့ကျင့်ခန်းများပြုလုပ်နေပါတယ်။
ဗီအဲရာက “အင်္ဂလိပ်ကပွဲကပေါ်တူဂီနဲ့လုံးဝကွဲပြားတယ်။အင်္ဂလန်မှာကကြံ့ခိုင်မှုပိုဦးစားပေးတယ်။ကျွန်တော်လည်းဒီအပိုင်းကိုလုပ်ဖို့လိုနေတယ်။လုပ်လည်းလုပ်နေတယ်။တစ်ပတ်ကိုသုံးကြိမ်လုပ်တယ်။အသင်းဆက်ပြီး ချီတက်နိုင်ဖို့ပိုကောင်းအောင်လုပ်ရပါမယ်။နေ့တိုင်းအလုပ်ကြိုးစားရမယ်။ကျွန်တော်တို့ကပထမနေရာကိုရယူထားတာပါ။ဆက်ပြီးရပ်တည်နိုင်အောင်လုပ်ရမယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ပရီးမီးယားလိဂ္ႏွင့္အံဝင္ေစေရး ႂကြက္သားမ်ား သန္မာႀကီးထြားလာေအာင္ လုပ္ေနတဲ့ အာဆင္နယ္စတားဗီအဲရာ
အာဆင္နယ္စတားေဖဘီယိုဗီအဲရာဟာအာဆင္နယ္ရဲ႕ပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚႏိုင္ေရးအေထာက္အပံ့ျဖစ္လာေစရန္အတြက္ႂကြက္သားမ်ားႀကီးထြားသန္မာလာေစရန္အျပင္းအထန္ေလ့က်င့္မႈျပဳလုပ္ေနပါတယ္။
ေပၚတူဂီကြင္းလယ္တိုက္စစ္သမားဟာေႏြရာသီတြင္ေပၚတိုမွေပါင္သန္း၃၀ျဖင့္ေျပာင္းေ႐ႊ႕လာသူျဖစ္ၿပီးပရီးမီးယားလိဂ္တြင္အံဝင္ေရးလုပ္ေဆာင္ေနတုန္းျဖစ္ပါတယ္။
ဒါေပမဲ့အသက္၂၂ႏွစ္ရွိကြင္းလယ္ကစားသမားဟာပရီးမီးယားလိဂ္တြင္အျမန္ဆုံးအံဝင္ခြင္က်ျဖစ္လာေစရန္အစြမ္းကုန္လုပ္ေနပါတယ္။
သူဟာပရီးမီးယားလိဂ္ႏွင့္အံဝင္လာေစေရးခႏၶာကိုယ္ေတာင့္တင္းသန္မာလာေစရန္အတြက္တစ္ပတ္လွ်င္သုံးႀကိမ္အထိျပင္းထန္တဲ့ေလ့က်င့္ခန္းမ်ားျပဳလုပ္ေနပါတယ္။
ဗီအဲရာက “အဂၤလိပ္ကပြဲကေပၚတူဂီနဲ႔လုံးဝကြဲျပားတယ္။အဂၤလန္မွာကႀကံ့ခိုင္မႈပိုဦးစားေပးတယ္။ကြၽန္ေတာ္လည္းဒီအပိုင္းကိုလုပ္ဖို႔လိုေနတယ္။လုပ္လည္းလုပ္ေနတယ္။တစ္ပတ္ကိုသုံးႀကိမ္လုပ္တယ္။အသင္းဆက္ၿပီး ခ်ီတက္ႏိုင္ဖို႔ပိုေကာင္းေအာင္လုပ္ရပါမယ္။ေန႔တိုင္းအလုပ္ႀကိဳးစားရမယ္။ကြၽန္ေတာ္တို႔ကပထမေနရာကိုရယူထားတာပါ။ဆက္ၿပီးရပ္တည္ႏိုင္ေအာင္လုပ္ရမယ္”လို႔ေျပာၾကားသြားပါတယ္။