ပရီးမီးယားလိဂ်နှစ်ပွဲဆက်အရှုံးအတွက် ပရိသတ်များကို ဆိုးလ်ရှားအပြစ်တင်

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာလက်စတာစီးတီးနှင့်လီဗာပူးတို့အားနှစ်ပွဲဆက်တိုက်ရှုံးနိမ့်ကာပရီးမီးယားလိဂ်တွင်နှစ်ပွဲဆက်အရှုံးနှင့်ရင်ဆိုင်ခဲ့ရမှုအတွက်ပရိသတ်များကိုအပြစ်တင်သွားပါတယ်။

နော်ဝေလူမျိုးနည်းပြကမန်ယူပရိသတ်များရဲ့အသင်းပိုင်ရှင်ဂလေဇာအားဆန္ဒပြသပိတ်မှောက်မှုကကစားသမားများအပေါ်တွင်ကြီးစွာရိုက်ခတ်မှုဖြစ်ခဲ့တယ်လို့ဆိုသွားပါတယ်။

မန်ယူပရိသတ်များဟာအမေရိကန်သူဌေးအားအိုးထရက်ဖို့ဒ်တွင်အကြီးအကျယ်ဆန္ဒပြသပိတ်မှောက်မှုပြုလုပ်ခဲ့ရပြီးလီဗာပူးနှင့်ပွဲကိုရွှေ့ဆိုင်းခဲ့ရပါတယ်။မန်ယူဟာပွဲရွှေ့ဆိုင်းခဲ့ရမှုကြောင့်လက်စတာ၊လီဗာပူးတို့နှင့်ပရီးမီးယားလိဂ်ပွဲစဉ်များအားသုံးရက်အတွင်းတွင်ကစားခဲ့ရကာရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။

ဆိုးလ်ရှားက “နှစ်ပွဲအရှုံးအတွက်ကျွန်တော်ဆင်ခြေမပေးချင်ပါဘူး။ဒါပေမယ့်ခြေစွမ်းရဲ့နောက်ကွယ်မှာအကြောင်းချက်တစ်ခုကတော့ရှိနေပါတယ်။ကြံ့ခိုင်မှုပိုင်းအရကြည့်မယ်ဆိုရင်လည်းဒီလိုအဆင့်အတန်းမျိုးမှာကစားရတဲ့ပွဲအရေအတွက်ကများပါတယ်။ကျွန်တော်တို့ဟာပြင်ဆင်ဖို့၊ပြန်လည်ဆန်းလန်းဖို့အချိန်အလုံအလောက်မရခဲ့ပါဘူး။နည်းစနစ်ပိုင်းအရလည်းအကောင်းဆုံးမပြင်ဆင်နိုင်ခဲ့ဘူး။ဘယ်ကလပ်မှာမဆိုအသင်းနဲ့ပရိသတ်အကြားဆက်နွယ်မှုရှိပါတယ်။ပရိသတ်တွေရဲ့လုပ်ဆောင်မှုကကွင်းအတွင်းခြေစွမ်းကိုရိုက်ခတ်မှုရှိပါတယ်။ကျွန်တော်တို့အားလုံးကလူသားပါ။ကျွန်တော်တို့အနေနဲ့ပရိသတ်တွေကိုအပြုသဘောဆောင်တဲ့လမ်းပေါ်သို့ရောက်အောင်လုပ်ဆောင်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းမှာဖူလ်ဟမ်ကိုဧည့်ခံကစားရပါမယ်။မန်ယူရဲ့ဖူလ်ဟမ်နှင့်ပွဲစဉ်ကိုပရိသတ်များလာရောက်ကြည့်ရှုကြပါမယ်။

ဆိုးလ်ရှားကဖူလ်ဟမ်နှင့်ပွဲစဉ်တွင်မည်သည့်ပြဿနာမျှမဖြစ်ဘဲအေးအေးချမ်းချမ်းပြီးဆုံးသွားရန်မျှော်လင့်ကြောင်းလည်းပြောကြားသွားပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္အရႈံးအတြက္ ပရိသတ္မ်ားကို ဆိုးလ္ရွားအျပစ္တင္

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာလက္စတာစီးတီးႏွင့္လီဗာပူးတို႔အားႏွစ္ပြဲဆက္တိုက္ရႈံးနိမ့္ကာပရီးမီးယားလိဂ္တြင္ႏွစ္ပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ခဲ့ရမႈအတြက္ပရိသတ္မ်ားကိုအျပစ္တင္သြားပါတယ္။

ေနာ္ေဝလူမ်ိဳးနည္းျပကမန္ယူပရိသတ္မ်ားရဲ႕အသင္းပိုင္ရွင္ဂေလဇာအားဆႏၵျပသပိတ္ေမွာက္မႈကကစားသမားမ်ားအေပၚတြင္ႀကီးစြာ႐ိုက္ခတ္မႈျဖစ္ခဲ့တယ္လို႔ဆိုသြားပါတယ္။

မန္ယူပရိသတ္မ်ားဟာအေမရိကန္သူေဌးအားအိုးထရက္ဖို႔ဒ္တြင္အႀကီးအက်ယ္ဆႏၵျပသပိတ္ေမွာက္မႈျပဳလုပ္ခဲ့ရၿပီးလီဗာပူးႏွင့္ပြဲကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။မန္ယူဟာပြဲေ႐ႊ႕ဆိုင္းခဲ့ရမႈေၾကာင့္လက္စတာ၊လီဗာပူးတို႔ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားအားသုံးရက္အတြင္းတြင္ကစားခဲ့ရကာရႈံးပြဲႀကဳံေတြ႕ခဲ့ပါတယ္။

ဆိုးလ္ရွားက “ႏွစ္ပြဲအရႈံးအတြက္ကြၽန္ေတာ္ဆင္ေျခမေပးခ်င္ပါဘူး။ဒါေပမယ့္ေျခစြမ္းရဲ႕ေနာက္ကြယ္မွာအေၾကာင္းခ်က္တစ္ခုကေတာ့ရွိေနပါတယ္။ႀကံ့ခိုင္မႈပိုင္းအရၾကည့္မယ္ဆိုရင္လည္းဒီလိုအဆင့္အတန္းမ်ိဳးမွာကစားရတဲ့ပြဲအေရအတြက္ကမ်ားပါတယ္။ကြၽန္ေတာ္တို႔ဟာျပင္ဆင္ဖို႔၊ျပန္လည္ဆန္းလန္းဖို႔အခ်ိန္အလုံအေလာက္မရခဲ့ပါဘူး။နည္းစနစ္ပိုင္းအရလည္းအေကာင္းဆုံးမျပင္ဆင္ႏိုင္ခဲ့ဘူး။ဘယ္ကလပ္မွာမဆိုအသင္းနဲ႔ပရိသတ္အၾကားဆက္ႏြယ္မႈရွိပါတယ္။ပရိသတ္ေတြရဲ႕လုပ္ေဆာင္မႈကကြင္းအတြင္းေျခစြမ္းကို႐ိုက္ခတ္မႈရွိပါတယ္။ကြၽန္ေတာ္တို႔အားလုံးကလူသားပါ။ကြၽ္နေတာ္တို႔အေနနဲ႔ပရိသတ္ေတြကိုအျပဳသေဘာေဆာင္တဲ့လမ္းေပၚသို႔ေရာက္ေအာင္လုပ္ေဆာင္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္ကြင္းမွာဖူလ္ဟမ္ကိုဧည့္ခံကစားရပါမယ္။မန္ယူရဲ႕ဖူလ္ဟမ္ႏွင့္ပြဲစဥ္ကိုပရိသတ္မ်ားလာေရာက္ၾကည့္ရႈၾကပါမယ္။

ဆိုးလ္ရွားကဖူလ္ဟမ္ႏွင့္ပြဲစဥ္တြင္မည္သည့္ျပႆနာမွ်မျဖစ္ဘဲေအးေအးခ်မ္းခ်မ္းၿပီးဆုံးသြားရန္ေမွ်ာ္လင့္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။