ပရီးမီးယားလိဂ်ပြိုင်ဘက်များထံသို့ ပြောင်းကစားရန် အဂူရိုတံခါးဖွင့်ပေးထား

ဆာဂျီယိုအဂူရိုဟာလာမယ့်ရာသီတွင်လည်းပရီးမီးယားလိဂ်တွင်ပင်ဆက်လက်ကစားရန်ဆန္ဒပြင်းပြနေပြီး မန်စီးတီးကသာစာချုပ်သက်တမ်းမတိုးပါကအခြားပရီးမီးယားလိဂ်ကလပ်တစ်ခုသို့ပြောင်းကစားရန်တံခါး ဖွင့်ပေးထားကြောင်းသိရပါတယ်။

မန်စီးတီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့အသက်၃၂နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာယခုရာသီအကုန်တွင်မန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးယခုတိုင်မန်စီးတီးထံမှစာချုပ်သစ်ကမ်းလှမ်းမှုမရရှိသေးပါဘူး။

မိုချင်ဂလက်ဘတ်အားအနိုင်ရရှိတဲ့ပွဲတွင်၁၅မိနစ်ကစားခဲ့တဲ့အဂူရိုဟာနောက်ဆုံးသုံးပွဲဆက်ကစားခွင့်ရရှိသော်လည်းပွဲကစားချိန်အနည်းငယ်သာရရှိမှုအပေါ်စိတ်ပျက်လျက်ရှိပါတယ်။

အဂူရိုဟာမန်စီးတီးမှာဘဲဆက်လက်ကစားလိုသော်လည်းအကယ်၍ကလပ်ဘက်ကစာချုပ်သစ်ကမ်းလှမ်းမှုမရရှိလာလျှင်အခြားအင်္ဂလိပ်ကလပ်တစ်ခုသို့ပြောင်းရန်အသင့်ဖြစ်နေပါတယ်။

မကြာသေးမီတုန်းကမန်စီးတီးနည်းပြဂွါဒီယိုလာကယခုလနှောင်းပိုင်းကာလအတွင်းတွင်အဂူရိုရဲ့အနာဂတ်ကိုစဉ်းစားဆုံးဖြတ်သွားမှာဖြစ်ကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ZawGyi





