ပရီးမီးယားလိဂ်ပွဲများကို အမေရိကန်၊ တရုတ်၊ ဘရာဇီး၊ အင်ဒိုနီးရှားတွင် ကစားရန် ပြန်လည်စီစဉ်လာ

ပရီးမီးယားလိဂ်အကြီးအကဲများဟာပရီးမီးယားလိဂ်ပွဲများကိုနိုင်ငံခြားတွင်ကစားရန်အတွက်ပြန်လည်စီစဉ်မှုပြုလုပ်လာပါတယ်။

ပရီးမီးယားလိဂ်ဟာ၂၀၀၈ခုနှစ်တုန်းက 39th Game အမည်ဖြင့် ပရီးမီးယားလိဂ်ပွဲများကို ပရိသတ်အခိုင်အမာရှိတဲ့နိုင်ငံကြီးများတွင်ကစားရန်စီစဉ်ခဲ့ကြဖူးပေမယ့်ပရိသတ်များရဲ့ကန့်ကွက်မှုကြောင့်မအောင်မြင်ခဲ့ပါဘူး။

တစ်ဖက်တွင်ပရိသတ်များဟာဧပြီလတုန်းကလည်းဥရောပစူပါလိဂ်အစီအစဉ်ကိုအကြီးအကျယ်ကန့်ကွက်ခဲ့ကြပါတယ်။

ဒါပေမယ့် The Athletic ရဲ့ဖော်ပြချက်အရပရီးမီးယားလိဂ်ကလပ်များမှကိုယ်စားလှယ်များဟာလန်ဒန်တွင်တွေ့ဆုံမှုပြုလုပ်ကာပရီးမီးယားလိဂ်ပွဲများကိုနိုင်ငံခြားသို့သွားကစားရန်ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာ နိုင်ငံခြားတွင်ကစားတဲ့ 39th Game ပွဲမှရလဒ်ကိုထည့်တွက်မှာဘဲယင်းပွဲကိုရာသီကြိုခြေစမ်းပွဲနေရာတွင်အစားထိုးရန်၊ပရိသတ်အာရုံစိုက်မှုပိုမိုရရှိရန်အတွက်သာကစားလာမှာလည်းဖြစ်ပါတယ်။

အနီးစပ်ဆုံးအနေဖြင့်၂၀၁၉ခုနှစ်တုန်းက Asia Trophy အမည်ဖြင့်မန်စီးတီး၊နယူးကာဆယ်၊ဝက်စ်ဟမ်းနှင့်ဝုဗ်တို့ရင်ဆိုင်ကစားခဲ့ဖူးပြီးဝုဗ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတကာချန်ပီယံဖလားကိုလည်းကစားနေပြီးကလပ်များဟာယင်းမှပေါင်၁၅သန်းဝန်းကျင်အထိရရှိခဲ့ကြပါတယ်။

အကယ်၍ဖြစ်မြောက်လာပါကအမေရိကန်တွင်ကစားရန်အဓိကစီစဉ်ထားပြီးတရုတ်၊ဘရာဇီး၊အင်ဒိုနီးရှားတို့လည်းကစားလာဖို့ရှိပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ပြဲမ်ားကို အေမရိကန္၊ တ႐ုတ္၊ ဘရာဇီး၊ အင္ဒိုနီးရွားတြင္ ကစားရန္ ျပန္လည္စီစဥ္လာ

ပရီးမီးယားလိဂ္အႀကီးအကဲမ်ားဟာပရီးမီးယားလိဂ္ပြဲမ်ားကိုႏိုင္ငံျခားတြင္ကစားရန္အတြက္ျပန္လည္စီစဥ္မႈျပဳလုပ္လာပါတယ္။

ပရီးမီးယားလိဂ္ဟာ၂၀၀၈ခုႏွစ္တုန္းက 39th Game အမည္ျဖင့္ ပရီးမီးယားလိဂ္ပြဲမ်ားကို ပရိသတ္အခိုင္အမာရွိတဲ့ႏိုင္ငံႀကီးမ်ားတြင္ကစားရန္စီစဥ္ခဲ့ၾကဖူးေပမယ့္ပရိသတ္မ်ားရဲ႕ကန႔္ကြက္မႈေၾကာင့္မေအာင္ျမင္ခဲ့ပါဘူး။

တစ္ဖက္တြင္ပရိသတ္မ်ားဟာဧၿပီလတုန္းကလည္းဥေရာပစူပါလိဂ္အစီအစဥ္ကိုအႀကီးအက်ယ္ကန႔္ကြက္ခဲ့ၾကပါတယ္။

ဒါေပမယ့္ The Athletic ရဲ႕ေဖာ္ျပခ်က္အရပရီးမီးယားလိဂ္ကလပ္မ်ားမွကိုယ္စားလွယ္မ်ားဟာလန္ဒန္တြင္ေတြ႕ဆုံမႈျပဳလုပ္ကာပရီးမီးယားလိဂ္ပြဲမ်ားကိုႏိုင္ငံျခားသို႔သြားကစားရန္ေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာ ႏိုင္ငံျခားတြင္ကစားတဲ့ 39th Game ပြဲမွရလဒ္ကိုထည့္တြက္မွာဘဲယင္းပြဲကိုရာသီႀကိဳေျခစမ္းပြဲေနရာတြင္အစားထိုးရန္၊ပရိသတ္အာ႐ုံစိုက္မႈပိုမိုရရွိရန္အတြက္သာကစားလာမွာလည္းျဖစ္ပါတယ္။

အနီးစပ္ဆုံးအေနျဖင့္၂၀၁၉ခုႏွစ္တုန္းက Asia Trophy အမည္ျဖင့္မန္စီးတီး၊နယူးကာဆယ္၊ဝက္စ္ဟမ္းႏွင့္ဝုဗ္တို႔ရင္ဆိုင္ကစားခဲ့ဖူးၿပီးဝုဗ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ႏိုင္ငံတကာခ်န္ပီယံဖလားကိုလည္းကစားေနၿပီးကလပ္မ်ားဟာယင္းမွေပါင္၁၅သန္းဝန္းက်င္အထိရရွိခဲ့ၾကပါတယ္။

အကယ္၍ျဖစ္ေျမာက္လာပါကအေမရိကန္တြင္ကစားရန္အဓိကစီစဥ္ထားၿပီးတ႐ုတ္၊ဘရာဇီး၊အင္ဒိုနီးရွားတို႔လည္းကစားလာဖို႔ရွိပါတယ္။