ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး လွတ်လွတ်ကျွတ်ကျွတ်ရယူသွားနိုင်ကြောင်း ကလော့ပ်ဝန်ခံ

ဂျာဂင်ကလော့ပ်ကပြိုင်ဘက်မန်စီးတီးအသင်းမှာယခုရာသီပရီးမီးယားလိဂ်ဖလားအားပြိုင်ဘက်မဲ့ဆွတ်ခူးသွားနိုင်တဲ့အနေအထားမှာရှိနေကြောင်းဝန်ခံပြောကြားသွားပါတယ်။

ဂွါဒီယိုလာဦးဆောင်တဲ့မန်စီးတီးဟာရှက်ဖီးလ်ယူနိုက်တက်အား၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးဒုတိယနေရာမှမန်ယူကို တစ်ပွဲလျှော့ကစားကာရမှတ်၃မှတ်ဖြတ်ထားပါတယ်။၎င်းတို့ဟာလီဗာပူးကို၇မှတ်အထိဖြတ်ထားပါတယ်။

မန်စီးတီးဟာနောက်ဆုံးပရီးမီးယားလိဂ်၁၉ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရရှိထားပြီးပြိုင်ပွဲအရပ်ရပ်နောက်ဆုံး၁၂ပွဲဆက် အနိုင်ရရှိထားပါတယ်။ဒါ့အပြင်မန်စီးတီးဟာနောက်ဆုံး၁၂ပွဲအနိုင်ရရှိရာမှာပေးဂိုး၂ဂိုးတည်းသာရှိထားပါတယ်။ယင်းသို့သောအချိန်မျိုးတွင်မန်ယူ၊လီဗာပူးအပါအဝင်အခြားကလပ်များမှာဆက်တိုက်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရပါတယ်။

ဒါကြောင့်လည်းကလော့ပ်က “အပြောင်းအလဲတွေဖြစ်ပြီးအဆုံးသတ်လာနိုင်တယ်။ဒါပေမယ့်မန်စီးတီးကတော့ရှေ့ ကနေတော်တော်ဝေးဝေးသို့ပြေးသွားနိုင်တယ်။သူတို့ကနေရာကောင်းမှာရောက်နေသလိုကစားတာလည်းအရမ်း ကောင်းနေတယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာယနေ့ညမှာဝက်စ်ဟမ်းကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။လီဗာပူးဟာကြားရက်မှာဘရိုက်တန်ကိုဧည့်ခံကစားရပြီးနောက်လာမယ့်အပတ်မှာမန်စီးတီးကိုဧည့်ခံကစားသွားရပါမယ်။

ZawGyi

ပရီးမီးယားလိဂ္ဖလားကို မန္စီးတီး လြတ္လြတ္ကြၽတ္ကြၽတ္ရယူသြားႏိုင္ေၾကာင္း ကေလာ့ပ္ဝန္ခံ

ဂ်ာဂင္ကေလာ့ပ္ကၿပိဳင္ဘက္မန္စီးတီးအသင္းမွာယခုရာသီပရီးမီးယားလိဂ္ဖလားအားၿပိဳင္ဘက္မဲ့ဆြတ္ခူးသြားႏိုင္တဲ့အေနအထားမွာရွိေနေၾကာင္းဝန္ခံေျပာၾကားသြားပါတယ္။

ဂြါဒီယိုလာဦးေဆာင္တဲ့မန္စီးတီးဟာရွက္ဖီးလ္ယူႏိုက္တက္အား၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးဒုတိယေနရာမွမန္ယူကို တစ္ပြဲေလွ်ာ့ကစားကာရမွတ္၃မွတ္ျဖတ္ထားပါတယ္။၎တို႔ဟာလီဗာပူးကို၇မွတ္အထိျဖတ္ထားပါတယ္။

မန္စီးတီးဟာေနာက္ဆုံးပရီးမီးယားလိဂ္၁၉ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရရွိထားၿပီးၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး၁၂ပြဲဆက္ အႏိုင္ရရွိထားပါတယ္။ဒါ့အျပင္မန္စီးတီးဟာေနာက္ဆုံး၁၂ပြဲအႏိုင္ရရွိရာမွာေပးဂိုး၂ဂိုးတည္းသာရွိထားပါတယ္။ယင္းသို႔ေသာအခ်ိန္မ်ိဳးတြင္မန္ယူ၊လီဗာပူးအပါအဝင္အျခားကလပ္မ်ားမွာဆက္တိုက္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရပါတယ္။

ဒါေၾကာင့္လည္းကေလာ့ပ္က “အေျပာင္းအလဲေတြျဖစ္ၿပီးအဆုံးသတ္လာႏိုင္တယ္။ဒါေပမယ့္မန္စီးတီးကေတာ့ေရွ႕ ကေနေတာ္ေတာ္ေဝးေဝးသို႔ေျပးသြားႏိုင္တယ္။သူတို႔ကေနရာေကာင္းမွာေရာက္ေနသလိုကစားတာလည္းအရမ္း ေကာင္းေနတယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာယေန႔ညမွာဝက္စ္ဟမ္းကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။လီဗာပူးဟာၾကားရက္မွာဘ႐ိုက္တန္ကိုဧည့္ခံကစားရၿပီးေနာက္လာမယ့္အပတ္မွာမန္စီးတီးကိုဧည့္ခံကစားသြားရပါမယ္။