ပရီးမီးယားလိဂ်ဖလားပြန်လည်ရယူရာမှာအဓိကျခဲ့တဲ့မရာ့ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီးစီစဉ်

မန်စီးတီးဟာပရီးမီးယားလိဂ်ဖလားအားလီဗာပူးထံမှပြန်လည်လွဲပြောင်းရယူနိုင်ရန်အဓိကနေရာမှကူညီခဲ့တဲ့ရီယက်မရာ့ဇ်အားစာချုပ်သစ်ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။

မရာ့ဇ်ရဲ့စာချုပ်မှာ၂၀၂၃ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးသူ့ကိုရီးရဲလ်မက်ဒရစ်အပါအဝင်ဥရောပထိပ်သီးကလပ်များကစိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့်မကြာသေးမီတုန်းကအသက်၃၀နှစ်ရှိအယ်လ်ဂျီးရီးယားစတားကမန်စီးတီးတွင်ပင်ဆက်ရှိနေမှာဖြစ်ပြီးမန်စီးတီးထက်ကြီးကျယ်တဲ့ကလပ်မရှိကြောင်းဆိုခဲ့ဖူးပါတယ်။

မရာ့ဇ်ဟာ၂၀၁၈ခုနှစ်တွင်လက်စတာမှပေါင်၄၅သန်းဖြင့်ရောက်လာပြီးနောက်သူ့ရဲ့အကောင်းဆုံးရာသီအဖြစ်ပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်ဂိုး၁၄ဂိုးသွင်းကာ၉ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းမှအဓိကကစားသမားများစုမှာယူရို၂၀၂၀နှင့်ကိုပါအမေရိကဖလားပြိုင်ပွဲကစားခဲ့ရာလာမယ့်ရာသီအစပွဲအစတို့တွင်မရာ့ဇ်ရဲ့ခြေစွမ်းကအထူးအရေးပါလျက်ရှိနေပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကဂရိနိုင်ငံ၊မိုင်ကိုနို့စ်ကျွန်းသို့သွားရောက်ကာအပန်းဖြေခဲ့ပြီးဒေါ့မွန်တိုက်စစ်မှူးဟာလန်းနှင့်အတူပါတီပွဲကျင်းပခဲ့တာတွေ့ရပါတယ်။

ZawGyi






