ပရီးမီးယားလိဂ်ဖလားမရလျှင် မန်ယူအတွက် ကျရှုံးမှုဖြစ်လာမည်ဟု ရပ်ရှ်ဖို့ဒ်ပြောကြား

မားကပ်ရှ်ရပ်ရှ်ဖို့ဒ်ကယခုရာသီတွင်မန်ယူအနေဖြင့်ပရီးမီးယားလိဂ်ဖလားမဆွတ်ခူးနိုင်ပါကယခုရာသီမှာကျရှုံးမှု တစ်ခုဖြစ်လာမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

မန်ယူဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပြီးဒုတိယနေရာမှာလီဗာပူးကိုသုံးမှတ်ဖြတ်ထားပါတယ်။မန်ယူဟာလာမယ့်တနင်္ဂနွေနေ့မှာအန်ဖီးလ်သို့သွားရောက်ကာလီဗာပူးကိုရင်ဆိုင်ရမှာဖြစ်ပြီးအနိုင် ရရှိပါကခြောက်မှတ်အထိဖြတ်ထားနိုင်ပါမယ်။

ရပ်ရှ်ဖို့ဒ်က “တကယ်လို့လိဂ်အမှတ်ပေးဖလားရအောင်လုပ်နိုင်ခဲ့ရင်ကောင်းမွန်တဲ့ခံစားချက်ဖြစ်လာပါမယ်။ ဒါပေမယ့်ဒုတိယ(သို့မဟုတ်) တတိယဘဲရခဲ့ရင်တော့ကျွန်တော်တို့အတွက်ရာသီကောင်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒီနေရာတွေအတွက်ကျွန်တော်တို့ရာသီစကတည်းကကြိုးစားလာတာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာပရီးမီးယားလိဂ်မှာ၁၁ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရရှိထားပြီး၉ပွဲအနိုင်ရရှိထားပါတယ်။

အသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်က “ကျွန်တော်တို့အသင်းက တိုးတက်နေဆဲအသင်းတစ်သင်းပါ။ကျွန်တော်တို့ရလဒ် ကောင်းတွေဆက်တိုက်ရယူထားနိုင်တယ်။ကိုယ့်ကိုယ်ကိုဘဲအာရုံစိုက်ရပါမယ်။အကောင်းဆုံးကစားရပါမယ်”လို့ ပြောကြားသွားပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၁၇ပွဲကစားထားရာမှာ၇ဂိုးသွင်းယူထားပြီး၅ကြိမ်ဖန်တီးမှု ပြုလုပ်ထားပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ဖလားမရလွ်င္ မန္ယူအတြက္ က်ရႈံးမႈျဖစ္လာမည္ဟု ရပ္ရွ္ဖို႔ဒ္ေျပာၾကား

မားကပ္ရွ္ရပ္ရွ္ဖို႔ဒ္ကယခုရာသီတြင္မန္ယူအေနျဖင့္ပရီးမီးယားလိဂ္ဖလားမဆြတ္ခူးႏိုင္ပါကယခုရာသီမွာက်ရႈံးမႈ တစ္ခုျဖစ္လာမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

မန္ယူဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနၿပီးဒုတိယေနရာမွာလီဗာပူးကိုသုံးမွတ္ျဖတ္ထားပါတယ္။မန္ယူဟာလာမယ့္တနဂၤေႏြေန႔မွာအန္ဖီးလ္သို႔သြားေရာက္ကာလီဗာပူးကိုရင္ဆိုင္ရမွာျဖစ္ၿပီးအႏိုင္ ရရွိပါကေျခာက္မွတ္အထိျဖတ္ထားႏိုင္ပါမယ္။

ရပ္ရွ္ဖို႔ဒ္က “တကယ္လို႔လိဂ္အမွတ္ေပးဖလားရေအာင္လုပ္ႏိုင္ခဲ့ရင္ေကာင္းမြန္တဲ့ခံစားခ်က္ျဖစ္လာပါမယ္။ ဒါေပမယ့္ဒုတိယ(သို႔မဟုတ္)တတိယဘဲရခဲ့ရင္ေတာ့ကြၽန္ေတာ္တို႔အတြက္ရာသီေကာင္းျဖစ္လာမွာမဟုတ္ပါဘူး။ ဒီေနရာေတြအတြက္ကြၽန္ေတာ္တို႔ရာသီစကတည္းကႀကိဳးစားလာတာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာပရီးမီးယားလိဂ္မွာ၁၁ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရရွိထားၿပီး၉ပြဲအႏိုင္ရရွိထားပါတယ္။

အသက္၂၃ႏွစ္ရွိရပ္ရွ္ဖို႔ဒ္က “ကြၽန္ေတာ္တို႔အသင္းက တိုးတက္ေနဆဲအသင္းတစ္သင္းပါ။ကြၽန္ေတာ္တို႔ရလဒ္ ေကာင္းေတြဆက္တိုက္ရယူထားႏိုင္တယ္။ကိုယ့္ကိုယ္ကိုဘဲအာ႐ုံစိုက္ရပါမယ္။အေကာင္းဆုံးကစားရပါမယ္”လို႔ ေျပာၾကားသြားပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲ၁၇ပြဲကစားထားရာမွာ၇ဂိုးသြင္းယူထားၿပီး၅ႀကိမ္ဖန္တီးမႈ ျပဳလုပ္ထားပါတယ္။