ပရီးမီးယားလိဂ်ဖလားအတွက် စပါးစ်စိန်ခေါ်နိုင်ရေးအတွက် ကမ္ဘာ့ဖလားအိပ်မက်ပျက်စီးခံရန် ဟယ်ရီကိန်းအသင့်ရှိနေ

ဟယ်ရီကိန်းဟာပရီးမီးယားလိဂ်ဖလားအတွက်စပါးစ်ဆက်လက်စိန်ခေါ်နိုင်ရေးအတွက်ကမ္ဘာ့ဖလားအိပ်မက်အပျက်အစီးခံရန်အသင့်ရှိနေပါတယ်။

စပါးစ်နည်းပြအန်တိုနီယိုကွန်တီက အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းမှာကမ္ဘာ့ဖလားပြိုင်ပွဲကစားရမယ့် စပါးစ်ရဲ့ပွဲ၇ပွဲလုံးကိုပွဲထွက်ကစားလိုလျက်ရှိနေကြောင်းပြောကြားလာပါတယ်။

စပါးစ်နှင့်ဟယ်ရီကိန်းတို့ဟာပရီးမီးယားလိဂ်ဖလားအတွက်အကြီးမားဆုံးစမ်းသပ်မှုအနေဖြင့်ယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းသို့သွားရောက်ကာမန်ချက်စတာယူနိုက်တက်ကိုရင်ဆိုင်ကစားရပါမယ်။

ကွန်တီက “ဟယ်ရီကိန်းကပွဲတိုင်းကစားချင်တယ်ဆိုတာပြောချင်တယ်။သူကကမ္ဘာ့ဖလားလွဲမှာမကြောက်၊ဒဏ်ရာရမှာမကြောက်ဘဲပွဲတိုင်းကစားချင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ဒီလိုပေးဆပ်တာမျိုးကြိုက်တယ်။ကျွန်တော့်ကစားသမားတွေဆီကမြင်တွေ့ရပါတယ်။ကမ္ဘာ့ဖလားကအရေးပါတဲ့ပြိုင်ပွဲတစ်ခုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့စကားပြောဖြစ်ပါတယ်။ဒါပေမဲ့တချိန်တည်းမှာပဲကစားသမားတွေနဲ့စကားပြောဖြစ်တယ်။ကစားသမားတွေအပေါ်ကျွန်တော်ယုံတယ်။သူတို့ရဲ့ပေးဆပ်မှုအပေါ်ယုံကြည်တယ်။သူတို့ဟာလည်းကလပ်အတွက်ရာနှုန်းပြည့်အာရုံစိုက်တယ်ဆိုတာသိပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီလောက်ဆိုလုံလောက်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်အတွက်နောက်ဆုံး၆ပွဲတွင်၅ဂိုးသွင်းယူထားသူဖြစ်ပါတယ်။သူဟာအင်္ဂလန်အတွ်က၇၅ပွဲကစားထားရာတွင်၅၁ဂိုးသွင်းထားပါတယ်။

သူဟာဒဏ်ရာပြဿနာကင်းစင်နေပါကလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်လာရန်သေချာနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်နီးကပ်လာတဲ့အချိန်တွင်ကစားသမားအမြောက်အမြားတို့မှာဒဏ်ရာကြောင့်လွဲချော်ထားကြပြီးဖြစ်ပါတယ်။ချဲလ်ဆီးမှအန်ဂိုလိုကန်တီ၊ရီစီဂျိမ်းစ်နှင့်လီဗာပူးမှဂျိုတာတို့မှာဒဏ်ရာကြောင့်ကမ္ဘာ့ဖလားကိုလွဲထားကြပြီးဖြစ်ပါတယ်။

စပါးစ်မှရီချာလီဆင်မှာလည်းခြေသလုံးဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မှာစိုးရိမ်ရပေမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအမီကြံ့ခိုင်လာမယ်လို့ယုံကြည်ရပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ဖလားအတြက္ စပါးစ္စိန္ေခၚႏိုင္ေရးအတြက္ ကမာၻ႔ဖလားအိပ္မက္ပ်က္စီးခံရန္ ဟယ္ရီကိန္းအသင့္ရွိေန

ဟယ္ရီကိန္းဟာပရီးမီးယားလိဂ္ဖလားအတြက္စပါးစ္ဆက္လက္စိန္ေခၚႏိုင္ေရးအတြက္ကမာၻ႔ဖလားအိပ္မက္အပ်က္အစီးခံရန္အသင့္ရွိေနပါတယ္။

စပါးစ္နည္းျပအန္တိုနီယိုကြန္တီက အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းမွာကမာၻ႔ဖလားၿပိဳင္ပြဲကစားရမယ့္ စပါးစ္ရဲ႕ပြဲ၇ပြဲလုံးကိုပြဲထြက္ကစားလိုလ်က္ရွိေနေၾကာင္းေျပာၾကားလာပါတယ္။

စပါးစ္ႏွင့္ဟယ္ရီကိန္းတို႔ဟာပရီးမီးယားလိဂ္ဖလားအတြက္အႀကီးမားဆုံးစမ္းသပ္မႈအေနျဖင့္ယေန႔ညတြင္အိုးထရက္ဖို႔ဒ္ကြင္းသို႔သြားေရာက္ကာမန္ခ်က္စတာယူႏိုက္တက္ကိုရင္ဆိုင္ကစားရပါမယ္။

ကြန္တီက “ဟယ္ရီကိန္းကပြဲတိုင္းကစားခ်င္တယ္ဆိုတာေျပာခ်င္တယ္။သူကကမာၻ႔ဖလားလြဲမွာမေၾကာက္၊ဒဏ္ရာရမွာမေၾကာက္ဘဲပြဲတိုင္းကစားခ်င္တဲ့ကစားသမားမ်ိဳးျဖစ္ပါတယ္။ဒီလိုေပးဆပ္တာမ်ိဳးႀကိဳက္တယ္။ကြၽန္ေတာ့္ကစားသမားေတြဆီကျမင္ေတြ႕ရပါတယ္။ကမာၻ႔ဖလားကအေရးပါတဲ့ၿပိဳင္ပြဲတစ္ခုဆိုတာနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔စကားေျပာျဖစ္ပါတယ္။ဒါေပမဲ့တခ်ိန္တည္းမွာပဲကစားသမားေတြနဲ႔စကားေျပာျဖစ္တယ္။ကစားသမားေတြအေပၚကြၽန္ေတာ္ယုံတယ္။သူတို႔ရဲ႕ေပးဆပ္မႈအေပၚယုံၾကည္တယ္။သူတို႔ဟာလည္းကလပ္အတြက္ရာႏႈန္းျပည့္အာ႐ုံစိုက္တယ္ဆိုတာသိပါတယ္။ဒါနဲ႔ပတ္သက္ၿပီးဒီေလာက္ဆိုလုံေလာက္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္အတြက္ေနာက္ဆုံး၆ပြဲတြင္၅ဂိုးသြင္းယူထားသူျဖစ္ပါတယ္။သူဟာအဂၤလန္အတြ္က၇၅ပြဲကစားထားရာတြင္၅၁ဂိုးသြင္းထားပါတယ္။

သူဟာဒဏ္ရာျပႆနာကင္းစင္ေနပါကလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ဦးေဆာင္လာရန္ေသခ်ာေနပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္နီးကပ္လာတဲ့အခ်ိန္တြင္ကစားသမားအေျမာက္အျမားတို႔မွာဒဏ္ရာေၾကာင့္လြဲေခ်ာ္ထားၾကၿပီးျဖစ္ပါတယ္။ခ်ဲလ္ဆီးမွအန္ဂိုလိုကန္တီ၊ရီစီဂ်ိမ္းစ္ႏွင့္လီဗာပူးမွဂ်ိဳတာတို႔မွာဒဏ္ရာေၾကာင့္ကမာၻ႔ဖလားကိုလြဲထားၾကၿပီးျဖစ္ပါတယ္။

စပါးစ္မွရီခ်ာလီဆင္မွာလည္းေျခသလုံးဒဏ္ရာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္မွာစိုးရိမ္ရေပမဲ့ကမာၻ႔ဖလားၿပိဳင္ပြဲအမီႀကံ့ခိုင္လာမယ္လို႔ယုံၾကည္ရပါတယ္။