ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်ရေး ဇန်နဝါရီတွင် အာတီတာကို ကစားသမားအားဖြည့်ပေးလာမယ့် အာဆင်နယ်

အာဆင်နယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်ရေး အာတီတာကို ပေါင်သန်း၅၀အသုံးပြုခွင့်ပြုလာမှာဖြစ်ကြောင်းသိရပါတယ်။

အာတီတာဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ချန်ပီယံဆုအတွက်အားဖြည့်နိုင်ရေးအတွက်အနည်းဆုံးကစားသမား၂ဦးအားဖြည့်လိုလျက်ရှိနေပါတယ်။

အာဆင်နယ်ပိုင်ရှင်စတန်ခရွန်ယန်ကီဟာနွေရာသီတုန်းကလည်းဂါဘရီရယ်ဂျေဆူး၊ဇင်ချန်ကို၊ဖေဘီယိုဗီအဲရာ၊မတ်တန်နာ၊မာကွင်ဟို့စ်တို့ကိုပေါင်သန်း၁၃၀ ကျော်အသုံးပြုပြီးခေါ်ယူအားဖြည့်ပေးခဲ့ပြီးဖြစ်ပါတယ်။

အာဆင်နယ်ဟာရာသီအစတုန်းကချန်ပီယံဆုအတွက်စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ယူဆခံရပေမဲ့လည်း လက်ရှိအချိန်တွင်အံ့ဩစရာကောင်းအောင်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။

အာတီတာဟာပရီးမီးယားလိဂ်တွင် ကစားသမား၁၅ဦးကိုသာပွဲထွက်ကစားသမားအဖြစ်အသုံးပြုနေရသလို ယင်းကစားသမားများကိုပင်ယူရိုပါလိဂ်တွင်ဆက်လက်အသုံးပြုနေရပါတယ်။

ဘူကာယိုဆာကာ၊ဂရာနစ်ဇာခါတို့မှာယခုရာသီတွင်အာဆင်နယ်ရဲ့ပွဲအားလုံးတွင်ပါဝင်ကစားထားရပါတယ်။

ဒါကြောင့်လည်းအာဆင်နယ်နည်းပြအာတီတာဟာလာမယ့်ဇန်နဝါရီလတွင်ကစားသမားအားဖြည့်မှုပြုလုပ်ပြီးကစားသမားပိုမိုရွေးချယ်နိုင်လာရန်ပြုလုပ်လိုနေပါတယ်။

အာဆင်နယ်စိတ်ဝင်စားနေတဲ့ကစားသမားများထဲတွင်ပါးမီးရပ်စ်မှအသက်၂၁နှစ်ရှိဘရာဇီးအလယ်တန်းကစားသမားဒါနီလို၊ရှက်တာဒိုးနက်စ်မှ ယူကရိန်းနေမာ မိုင်ခေလိုမူဒရစ်၊ ဗီလာရီးရဲလ်မှယီရီမိုင်တို့ပါဝင်နေပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ဖလားအတြက္ စိန္ေခၚႏိုင္ေရး ဇန္နဝါရီတြင္ အာတီတာကို ကစားသမားအားျဖည့္ေပးလာမယ့္ အာဆင္နယ္

အာဆင္နယ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚႏိုင္ေရး အာတီတာကို ေပါင္သန္း၅၀အသုံးျပဳခြင့္ျပဳလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အာတီတာဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ခ်န္ပီယံဆုအတြက္အားျဖည့္ႏိုင္ေရးအတြက္အနည္းဆုံးကစားသမား၂ဦးအားျဖည့္လိုလ်က္ရွိေနပါတယ္။

အာဆင္နယ္ပိုင္ရွင္စတန္ခ႐ြန္ယန္ကီဟာေႏြရာသီတုန္းကလည္းဂါဘရီရယ္ေဂ်ဆူး၊ဇင္ခ်န္ကို၊ေဖဘီယိုဗီအဲရာ၊မတ္တန္နာ၊မာကြင္ဟို႔စ္တို႔ကိုေပါင္သန္း၁၃၀ ေက်ာ္အသုံးျပဳၿပီးေခၚယူအားျဖည့္ေပးခဲ့ၿပီးျဖစ္ပါတယ္။

အာဆင္နယ္ဟာရာသီအစတုန္းကခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္မွာမဟုတ္ဘူးလို႔ယူဆခံရေပမဲ့လည္း လက္ရွိအခ်ိန္တြင္အံ့ဩစရာေကာင္းေအာင္အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ေနပါတယ္။

အာတီတာဟာပရီးမီးယားလိဂ္တြင္ ကစားသမား၁၅ဦးကိုသာပြဲထြက္ကစားသမားအျဖစ္အသုံးျပဳေနရသလို ယင္းကစားသမားမ်ားကိုပင္ယူ႐ိုပါလိဂ္တြင္ဆက္လက္အသုံးျပဳေနရပါတယ္။

ဘူကာယိုဆာကာ၊ဂရာနစ္ဇာခါတို႔မွာယခုရာသီတြင္အာဆင္နယ္ရဲ႕ပြဲအားလုံးတြင္ပါဝင္ကစားထားရပါတယ္။

ဒါေၾကာင့္လည္းအာဆင္နယ္နည္းျပအာတီတာဟာလာမယ့္ဇန္နဝါရီလတြင္ကစားသမားအားျဖည့္မႈျပဳလုပ္ၿပီးကစားသမားပိုမိုေ႐ြးခ်ယ္ႏိုင္လာရန္ျပဳလုပ္လိုေနပါတယ္။

အာဆင္နယ္စိတ္ဝင္စားေနတဲ့ကစားသမားမ်ားထဲတြင္ပါးမီးရပ္စ္မွအသက္၂၁ႏွစ္ရွိဘရာဇီးအလယ္တန္းကစားသမားဒါနီလို၊ရွက္တာဒိုးနက္စ္မွ ယူကရိန္းေနမာ မိုင္ေခလိုမူဒရစ္၊ ဗီလာရီးရဲလ္မွယီရီမိုင္တို႔ပါဝင္ေနပါတယ္။