ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်ရေးအတွက် ဇန်နဝါရီတွင် ကစားသမားအားဖြည့်မည်ဟု အာတီတာအတည်ပြုလာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာကပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်စိန်ခေါ်နိုင်ရေးအတွက်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူအားဖြည့်နိုင်ရေးအစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

အာဆင်နယ်ဟာနွေရာသီတုန်းကစားသမား၅ဦးခေါ်ယူအားဖြည့်ရာတွင်ပေါင်သန်း၁၂၀အထိအသုံးပြုခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာနွေရာသီတုန်းကဂါဘရီရယ်ဂျေဆူး၊အိုလက်ဇန္ဒားဇင်ချန်ကို၊ဖေဘီယိုဗီအဲရာ၊မတ်တန်နာနှင့်မာကွင်ဟို့စ်တို့ကိုခေါ်ယူအားဖြည့်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပါတယ်။

ဒါပေမဲ့အာတီတာဟာရာသီအကုန်အထိပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်စိန်ခေါ်နိုင်ရန်အားခဲထားပါတယ်။

အာတီတာက “ဇန်နဝါရီအပြောင်းအရွှေ့မှာကစားသမားခေါ်ဖို့ကအရမ်းခက်တယ်။ဇန်နဝါရီအပြောင်းအရွှေ့ကအားလုံးသိတဲ့အတိုင်းပဲ။အခွင့်အရေးကလည်းနည်းတယ်။အချိန်ကလည်းတိုတောင်းတယ်။အခုကျွန်တော်တို့ရောက်နေတဲ့နေရာအရနောက်ထပ်အဆင့်ကစားသမားလိုတယ်။ပြီးတော့ကစားသမားကလည်းဝယ်ယူနိုင်ဖို့ဈေးကွက်ထဲမှာရှိဖို့လိုတယ်။ကျွန်တော်တို့အားလုံးကိုကြည့်သွားမယ်။ဘာလုပ်နိုင်မလဲကြည့်ရမယ်”လို့ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရအာဆင်နယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အာတီတာကိုကစားသမားအားဖြည့်ရန်ပေါင်သန်း၅၀အသုံးပြုခွင့်ပေးလာမှာဖြစ်ကြောင်းသိရပါတယ်။

အာတီတာဟာဇန်နဝါရီတွင် ကစားသမား ၂ ဦးအနည်းဆုံးခေါ်ယူအားဖြည့်လိုနေကြောင်းသိရပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ဖလားအတြက္ စိန္ေခၚႏိုင္ေရးအတြက္ ဇန္နဝါရီတြင္ ကစားသမားအားျဖည့္မည္ဟု အာတီတာအတည္ျပဳလာ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာကပရီးမီးယားလိဂ္ဖလားအတြက္ဆက္လက္စိန္ေခၚႏိုင္ေရးအတြက္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ကစားသမားေခၚယူအားျဖည့္ႏိုင္ေရးအစြမ္းကုန္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အာဆင္နယ္ဟာေႏြရာသီတုန္းကစားသမား၅ဦးေခၚယူအားျဖည့္ရာတြင္ေပါင္သန္း၁၂၀အထိအသုံးျပဳခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာေႏြရာသီတုန္းကဂါဘရီရယ္ေဂ်ဆူး၊အိုလက္ဇႏၵားဇင္ခ်န္ကို၊ေဖဘီယိုဗီအဲရာ၊မတ္တန္နာႏွင့္မာကြင္ဟို႔စ္တို႔ကိုေခၚယူအားျဖည့္ခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနပါတယ္။

ဒါေပမဲ့အာတီတာဟာရာသီအကုန္အထိပရီးမီးယားလိဂ္ဖလားအတြက္ဆက္လက္စိန္ေခၚႏိုင္ရန္အားခဲထားပါတယ္။

အာတီတာက “ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာကစားသမားေခၚဖို႔ကအရမ္းခက္တယ္။ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကအားလုံးသိတဲ့အတိုင္းပဲ။အခြင့္အေရးကလည္းနည္းတယ္။အခ်ိန္ကလည္းတိုေတာင္းတယ္။အခုကြၽန္ေတာ္တို႔ေရာက္ေနတဲ့ေနရာအရေနာက္ထပ္အဆင့္ကစားသမားလိုတယ္။ၿပီးေတာ့ကစားသမားကလည္းဝယ္ယူႏိုင္ဖို႔ေဈးကြက္ထဲမွာရွိဖို႔လိုတယ္။ကြၽန္ေတာ္တို႔အားလုံးကိုၾကည့္သြားမယ္။ဘာလုပ္ႏိုင္မလဲၾကည့္ရမယ္”လို႔ေျပာၾကားသြားပါတယ္။

အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရအာဆင္နယ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အာတီတာကိုကစားသမားအားျဖည့္ရန္ေပါင္သန္း၅၀အသုံးျပဳခြင့္ေပးလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အာတီတာဟာဇန္နဝါရီတြင္ ကစားသမား ၂ ဦးအနည္းဆုံးေခၚယူအားျဖည့္လိုေနေၾကာင္းသိရပါတယ္။