ပရီးမီးယားလိဂ်ဖလားအတွက် ဆရာဖြစ်သူဂွါဒီယိုလာနှင့် အပြိုင်တိုက်ပွဲဝင်နေရမှုမှာ ထူးဆန်းကြောင်း အာတီတာဖွင့်ဟလာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာကပရီးမီးယားလိဂ်ချန်ပီယံဘဲ့အတွက်ဆရာဖြစ်သူမန်စီးတီးနည်းပြဂွါဒီယိုလာနှင့်ယှဉ်ပြိုင်လိုခြင်းမရှိကြောင်းပြောကြားလာပါတယ်။

မီခေးလ်အာတီတာဟာမန်စီးတီးတွင်ဂွါဒီယိုလာရဲ့လက်အောက်တွင်လက်ထောက်နည်းပြအဖြစ်သုံးနှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက်၂၀၁၉ခုနှစ်တွင်အာဆင်နယ်နည်းပြရာထူးကိုရယူလာခဲ့သူလည်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာမန်စီးတီးတွင်အတူတာဝန်ထမ်းဆောင်စဉ်တုန်းကပရီးမီးယားလိဂ်ဖလား၂ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်နှင့်ခါရာဘောင်ဖလား၂ကြိမ်ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

အာတီတာဟာယခုရာသီမှာတော့အာဆင်နယ်ကိုအကြီးအကျယ်ပြောင်းလဲထားနိုင်ပြီး လက်ရှိချန်ပီယံမန်စီးတီးကိုတစ်လျှော့ထားပြီး၅မှတ်ဖြတ်ထားကာ၂၀၀၄ခုနှစ်နောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေးအခြေအနေကောင်းအောင်စွမ်းဆောင်ထားပါတယ်။

အာတီတာက “ဒါက(ဂွါဒီယိုလာနဲ့ယှဉ်ပြိုင်ရမှု)ထူးဆန်းတဲ့ခံစားမှုတစ်ခုပါ။ကျွန်တော်ကသူ့အတွက်အကောင်းဆုံးပဲဖြစ်စေချင်တာပါ။အခုလိုမျိုး (ကြီးကျယ်တဲ့ဖလား)အတွက်သူ့လို(အတူတွဲလုပ်ခဲ့သူ)နဲ့ယှဉ်ပြိုင်ရချိန်မှာတစ်ခုခုခံစားရပါတယ်”လို့ပြောကြားသွားပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာသောကြာနေ့တွင်အီတီဟတ်ကွင်းသို့သွားရောက်ကာအက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ်ရင်ဆိုင်ကစားရပါမယ်။

ယင်းပွဲစဉ်မှာမန်စီးတီးနှင့်အာဆင်နယ်တို့အကြားယခုရာသီပထမဆုံးရင်ဆိုင်တွေ့မှုဖြစ်လာပါမယ်။မန်စီးတီးနှင့်အာဆင်နယ်တို့ဟာပရီးမီးယားလိဂ်တွင်ထိပ်တိုက်တွေ့ကြခြင်းမရှိသေးပါဘူး။၎င်းတို့ဟာပရီးမီးယားလိဂ်တွင်ဖေဖော်ဝါရီလ၁၅ရက်နေ့တွင်မှစတင်တွေ့ပါမယ်။

ZawGyi

ပရီးမီးယားလိဂ္ဖလားအတြက္ ဆရာျဖစ္သူဂြါဒီယိုလာႏွင့္ အၿပိဳင္တိုက္ပြဲဝင္ေနရမႈမွာ ထူးဆန္းေၾကာင္း အာတီတာဖြင့္ဟလာ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာကပရီးမီးယားလိဂ္ခ်န္ပီယံဘဲ့အတြက္ဆရာျဖစ္သူမန္စီးတီးနည္းျပဂြါဒီယိုလာႏွင့္ယွဥ္ၿပိဳင္လိုျခင္းမရွိေၾကာင္းေျပာၾကားလာပါတယ္။

မီေခးလ္အာတီတာဟာမန္စီးတီးတြင္ဂြါဒီယိုလာရဲ႕လက္ေအာက္တြင္လက္ေထာက္နည္းျပအျဖစ္သုံးႏွစ္ၾကာတာဝန္ထမ္းေဆာင္ၿပီးေနာက္၂၀၁၉ခုႏွစ္တြင္အာဆင္နယ္နည္းျပရာထူးကိုရယူလာခဲ့သူလည္းျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာမန္စီးတီးတြင္အတူတာဝန္ထမ္းေဆာင္စဥ္တုန္းကပရီးမီးယားလိဂ္ဖလား၂ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္ႏွင့္ခါရာေဘာင္ဖလား၂ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။

အာတီတာဟာယခုရာသီမွာေတာ့အာဆင္နယ္ကိုအႀကီးအက်ယ္ေျပာင္းလဲထားႏိုင္ၿပီး လက္ရွိခ်န္ပီယံမန္စီးတီးကိုတစ္ေလွ်ာ့ထားၿပီး၅မွတ္ျဖတ္ထားကာ၂၀၀၄ခုႏွစ္ေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးေရးအေျခအေနေကာင္းေအာင္စြမ္းေဆာင္ထားပါတယ္။

အာတီတာက “ဒါက(ဂြါဒီယိုလာနဲ႔ယွဥ္ၿပိဳင္ရမႈ)ထူးဆန္းတဲ့ခံစားမႈတစ္ခုပါ။ကြၽန္ေတာ္ကသူ႔အတြက္အေကာင္းဆုံးပဲျဖစ္ေစခ်င္တာပါ။အခုလိုမ်ိဳး (ႀကီးက်ယ္တဲ့ဖလား)အတြက္သူ႔လို(အတူတြဲလုပ္ခဲ့သူ)နဲ႔ယွဥ္ၿပိဳင္ရခ်ိန္မွာတစ္ခုခုခံစားရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အာတီတာရဲ႕အာဆင္နယ္ဟာေသာၾကာေန႔တြင္အီတီဟတ္ကြင္းသို႔သြားေရာက္ကာအက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္အျဖစ္ရင္ဆိုင္ကစားရပါမယ္။

ယင္းပြဲစဥ္မွာမန္စီးတီးႏွင့္အာဆင္နယ္တို႔အၾကားယခုရာသီပထမဆုံးရင္ဆိုင္ေတြ႕မႈျဖစ္လာပါမယ္။မန္စီးတီးႏွင့္အာဆင္နယ္တို႔ဟာပရီးမီးယားလိဂ္တြင္ထိပ္တိုက္ေတြ႕ၾကျခင္းမရွိေသးပါဘူး။၎တို႔ဟာပရီးမီးယားလိဂ္တြင္ေဖေဖာ္ဝါရီလ၁၅ရက္ေန႔တြင္မွစတင္ေတြ႕ပါမယ္။