ပရီးမီးယားလိဂ်မှာ ဘယ်အသင်းက ကစားသမားတစ်ဦးတည်းကို အမှီပြုရဆုံးအသင်းလဲ?

ပရီးမီးယားလိဂ်တွင်ကစားသမားတစ်ဦးကိုအမှီပြုအားကိုးနေရတဲ့အသင်းများစာရင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ပရီးမီးယားလိဂ်ကလပ်များထဲမှာစပါးစ်အသင်းကကစားသမားတစ်ဦးအပေါ်တွင်အ လွန်အမင်းအမှီခိုရဆုံးအသင်းအဖြစ်ရပ်တည်နေကြောင်းတွေ့ရပါတယ်။

ဟယ်ရီကိန်းဟာယခုရာသီမှာစပါးစ်အသင်းရဲ့ဂိုး၃၀ရရှိရာမှာပါဝင်နေပြီးစပါးစ်အသင်းရရှိတဲ့ဂိုးအား လုံးရဲ့၆၁.၂ရာခိုင်နှုန်းအထိပါဝင်ပတ်သက်နေပါတယ်။စပါးစ်ဟာယခုရာသီမှာ၄၉ဂိုးရရှိထားပြီးယင်းမှ ဂိုး၃၀ရရှိရာမှာဟယ်ရီကိန်းပါဝင်နေတာပါ။ကိန်းဟာ၁၇ဂိုးသွင်းပြီး၁၃ကြိမ်ဖန်တီးထားပါတယ်။

သူဟာမိုဟာမက်ဆာလက်နှင့်အတူပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာရင်းကိုဦးဆောင်နေပြီးဖန်တီးမှု တွင်လည်းဒီဘရိုင်းရဲ့အထက်တွင်ရပ်တည်နေပါတယ်။

နယူးကာဆယ်တိုက်စစ်မှူးကူလ်လမ်ဝီလ်ဆင်မှာနယူးကာဆယ်ရဲ့ဂိုး၁၅ဂိုးရရှိရာမှာပါဝင်နေပြီးအသင်းရဂိုး၂၈ဂိုးမှဂိုး၅၃.၆ရာခိုင်နှုန်းရရှိရာမှာပါဝင်နေပါတယ်။

မန်ယူအသင်းမှာအမှီပြုနေရတဲ့ကစားသမားကဘရူနိုဖာနန်ဒက်စ်ဖြစ်ပြီးမန်ယူရဲ့ရဂိုး၅၆ဂိုးမှ၂၆ဂိုးတွင်ပါဝင်ပတ်သက်နေပါတယ်။သူဟာ၁၆ဂိုးသွင်းပြီး၁၀ကြိမ်ဖန်တီးထားကာမန်ယူရဲ့စုစုပေါင်းရဂိုး ၄၆.၄ရာခိုင်နှုန်းတွင်ပါဝင်နေပါတယ်။

နံပါတ်လေးနေရာတွင်လိဒ်တိုက်စစ်မှူးဘမ်းဖို့ဒ်ကရပ်တည်နေပါတယ်။ဘမ်းဖို့ဒ်ဟာ၁၄ဂိုးသွင်းပြီး၆ ကြိမ်ဖန်တီးထားကာလိဒ်ရဲ့ရဂိုး၄၅ဂိုးမှ၄၄.၄ရာခိုင်နှုန်းတွင်ပါဝင်နေပါတယ်။အဆင့်၅နေရာမှာရှက်ဖီးလ်ယူနိုက်တက်မှဒေးဗစ်မက်ဂိုးလ်ရစ်ခ်က၆ဂိုး၊ဖန်တီးမှု၁ကြိမ်ဖြင့်အသင်းရဲ့ရဂိုး၄၃.၈ရာခိုင်နှုန်းတွင်ပါဝင်နေပါတယ်။ရှက်ဖီးလ်ယူနိုက်တက်ဟာရဂိုး၁၆ဂိုးတည်းသာရှိထားပါတယ်။

အဆင့်၅နေရာတွင်လီဗာပူးတိုက်စစ်မှူးမိုဟာမက်ဆာလက်ကအသင်းရဲ့ရဂိုး၄၁.၇ရာခိုင်နှုန်းတွင်ပါဝင်နေပါတယ်။ဆာလက်ဟာ၁၇ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးထားပါတယ်။လီဗာပူးကရဂိုး၄၈ဂိုး တည်းရှိထားပါတယ်။

၎င်းတို့ရဲ့အောက်တွင်ဗီလာမှဂျက်ဂရဲလ်လစ်ချ်(၆ဂိုး၊၁၀ကြိမ်ဖန်တီး)၊ဝက်စ်ဘရွန်းမှမားသီးယပ်စ်ပီရဲရာ(၅ဂိုး၊၃ကြိမ်ဖန်တီး)၊လက်စတာမှဗာဒီ(၁၂ဂိုး၊၇ကြိမ်ဖန်တီး)၊ဝုဗ်မှပီဒရိုနီတို(၅ဂိုး၊၅ကြိမ်ဖန်တီး)၊ပဲလေ့စ်မှဇာဟာ(၉ဂိုး၊၂ကြိမ်ဖန်တီး)၊အဲဗာတန်မှကယ်ဗတ်လီဝင်း(၁၄ဂိုး)၊ဖူလ်ဟမ်မှလုပ်ခ်မန်း(၄ဂိုး၊၄ကြိမ်ဖန်တီး)၊ဆောက်သမ်တန်မှဂျိမ်းစ်ဝတ်စ်ပရောက်စ်(၇ဂိုး၊၅ကြိမ်ဖန်တီး)၊အာဆင်နယ်မှလာကာဇက်တီ(၁၁ဂိုး၊၂ကြိမ်ဖန်တီး)၊ဘရိုက်တန်မှနီရယ်မာဖီ(၈ဂိုး၊၂ကြိမ်ဖန်တီး)၊ဘန်လေမှခရစ်ဝုဒ်(၆ဂိုး)၊ဝက်စ်ဟမ်းမှအန်တိုနီယို(၇ဂိုး၊၅ကြိမ်ဖန်တီး)၊မန်စီးတီးမှဒီဘရိုင်း(၅ဂိုး၊၁၁ကြိမ်ဖန််တီး)၊ချဲလ်ဆီးမှဝါနာ (၅ဂိုး၊၅ကြိမ်ဖန်တီး)တို့ရပ်တည်နေပါတယ်။

ZawGyi

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းက ကစားသမားတစ္ဦးတည္းကို အမွီျပဳရဆုံးအသင္းလဲ?

ပရီးမီးယားလိဂ္တြင္ကစားသမားတစ္ဦးကိုအမွီျပဳအားကိုးေနရတဲ့အသင္းမ်ားစာရင္းထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ပရီးမီးယားလိဂ္ကလပ္မ်ားထဲမွာစပါးစ္အသင္းကကစားသမားတစ္ဦးအေပၚတြင္အ လြန္အမင္းအမွီခိုရဆုံးအသင္းအျဖစ္ရပ္တည္ေနေၾကာင္းေတြ႕ရပါတယ္။

ဟယ္ရီကိန္းဟာယခုရာသီမွာစပါးစ္အသင္းရဲ႕ဂိုး၃၀ရရွိရာမွာပါဝင္ေနၿပီးစပါးစ္အသင္းရရွိတဲ့ဂိုးအား လုံးရဲ႕၆၁.၂ရာခိုင္ႏႈန္းအထိပါဝင္ပတ္သက္ေနပါတယ္။စပါးစ္ဟာယခုရာသီမွာ၄၉ဂိုးရရွိထားၿပီးယင္းမွ ဂိုး၃၀ရရွိရာမွာဟယ္ရီကိန္းပါဝင္ေနတာပါ။ကိန္းဟာ၁၇ဂိုးသြင္းၿပီး၁၃ႀကိမ္ဖန္တီးထားပါတယ္။

သူဟာမိုဟာမက္ဆာလက္ႏွင့္အတူပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္စာရင္းကိုဦးေဆာင္ေနၿပီးဖန္တီးမႈ တြင္လည္းဒီဘ႐ိုင္းရဲ႕အထက္တြင္ရပ္တည္ေနပါတယ္။

နယူးကာဆယ္တိုက္စစ္မႉးကူလ္လမ္ဝီလ္ဆင္မွာနယူးကာဆယ္ရဲ႕ဂိုး၁၅ဂိုးရရွိရာမွာပါဝင္ေနၿပီးအသင္းရဂိုး၂၈ဂိုးမွဂိုး၅၃.၆ရာခိုင္ႏႈန္းရရွိရာမွာပါဝင္ေနပါတယ္။

မန္ယူအသင္းမွာအမွီျပဳေနရတဲ့ကစားသမားကဘ႐ူႏိုဖာနန္ဒက္စ္ျဖစ္ၿပီးမန္ယူရဲ႕ရဂိုး၅၆ဂိုးမွ၂၆ဂိုးတြင္ပါဝင္ပတ္သက္ေနပါတယ္။သူဟာ၁၆ဂိုးသြင္းၿပီး၁၀ႀကိမ္ဖန္တီးထားကာမန္ယူရဲ႕စုစုေပါင္းရဂိုး ၄၆.၄ရာခိုင္ႏႈန္းတြင္ပါဝင္ေနပါတယ္။

နံပါတ္ေလးေနရာတြင္လိဒ္တိုက္စစ္မႉးဘမ္းဖို႔ဒ္ကရပ္တည္ေနပါတယ္။ဘမ္းဖို႔ဒ္ဟာ၁၄ဂိုးသြင္းၿပီး၆ ႀကိမ္ဖန္တီးထားကာလိဒ္ရဲ႕ရဂိုး၄၅ဂိုးမွ၄၄.၄ရာခိုင္ႏႈန္းတြင္ပါဝင္ေနပါတယ္။အဆင့္၅ေနရာမွာရွက္ဖီးလ္ယူႏိုက္တက္မွေဒးဗစ္မက္ဂိုးလ္ရစ္ခ္က၆ဂိုး၊ဖန္တီးမႈ၁ႀကိမ္ျဖင့္အသင္းရဲ႕ရဂိုး၄၃.၈ရာခိုင္ႏႈန္းတြင္ပါဝင္ေနပါတယ္။ရွက္ဖီးလ္ယူႏိုက္တက္ဟာရဂိုး၁၆ဂိုးတည္းသာရွိထားပါတယ္။

အဆင့္၅ေနရာတြင္လီဗာပူးတိုက္စစ္မႉးမိုဟာမက္ဆာလက္ကအသင္းရဲ႕ရဂိုး၄၁.၇ရာခိုင္ႏႈန္းတြင္ပါဝင္ေနပါတယ္။ဆာလက္ဟာ၁၇ဂိုးသြင္းၿပီး၃ႀကိမ္ဖန္တီးထားပါတယ္။လီဗာပူးကရဂိုး၄၈ဂိုး တည္းရွိထားပါတယ္။

၎တို႔ရဲ႕ေအာက္တြင္ဗီလာမွဂ်က္ဂရဲလ္လစ္ခ်္(၆ဂိုး၊၁၀ႀကိမ္ဖန္တီး)၊ဝက္စ္ဘ႐ြန္းမွမားသီးယပ္စ္ပီရဲရာ(၅ဂိုး၊၃ႀကိမ္ဖန္တီး)၊လက္စတာမွဗာဒီ(၁၂ဂိုး၊၇ႀကိမ္ဖန္တီး)၊ဝုဗ္မွပီဒ႐ိုနီတို(၅ဂိုး၊၅ႀကိမ္ဖန္တီး)၊ပဲေလ့စ္မွဇာဟာ(၉ဂိုး၊၂ႀကိမ္ဖန္တီး)၊အဲဗာတန္မွကယ္ဗတ္လီဝင္း(၁၄ဂိုး)၊ဖူလ္ဟမ္မွလုပ္ခ္မန္း(၄ဂိုး၊၄ႀကိမ္ဖန္တီး)၊ေဆာက္သမ္တန္မွဂ်ိမ္းစ္ဝတ္စ္ပေရာက္စ္(၇ဂိုး၊၅ႀကိမ္ဖန္တီး)၊အာဆင္နယ္မွလာကာဇက္တီ(၁၁ဂိုး၊၂ႀကိမ္ဖန္တီး)၊ဘ႐ိုက္တန္မွနီရယ္မာဖီ(၈ဂိုး၊၂ႀကိမ္ဖန္တီး)၊ဘန္ေလမွခရစ္ဝုဒ္(၆ဂိုး)၊ဝက္စ္ဟမ္းမွအန္တိုနီယို(၇ဂိုး၊၅ႀကိမ္ဖန္တီး)၊မန္စီးတီးမွဒီဘ႐ိုင္း(၅ဂိုး၊၁၁ႀကိမ္ဖန္္တီး)၊ခ်ဲလ္ဆီးမွဝါနာ (၅ဂိုး၊၅ႀကိမ္ဖန္တီး)တို႔ရပ္တည္ေနပါတယ္။