ပရီးမီးယားလိဂ်မှ အာဂျင်တီးနားစတားများအား ကွာရန်တင်းစည်းမျဉ်းချိုးဖောက်မှုဖြင့် ဘရာဇီး စစ်ဆေးနေ

ပရီးမီးယားလိဂ်မှအာဂျင်တီးနားစတားများဟာကွာရန်တင်းစည်းမျဉ်းချိုးဖောက်မှုဖြင့်ဘရာဇီးအာဏာပိုင်တို့ရဲ့စစ်ဆေးခြင်းခံနေရပါတယ်။

စပါးစ်ကစားသမားနှစ်ဦးဖြစ်တဲ့ဖြစ်ကြတဲ့ဂျီယိုဗာနီလိုစယ်ဆို၊ခရစ္စတီယာနိုရိုမဲရို၊ဗီလာကစားသမားနှစ်ဦးဖြစ်ကြတဲ့အီမီလီယိုမာတီနက်ဇ်၊အီမီလီယာနိုဘူအန်ဒီယာတို့ဟာဘရာဇီးမှာကွာရန်တင်း၂ပတ်ဝင်ရမယ့်အခြေအနေနှင့်ရင်ဆိုင်နေရသလိုဗြိတိန်သို့ပြန်ရောက်ချိန်တွင်လည်း၁၀ရက်ကြာကွာရန်တင်းဝင်ရမယ့်အခြေအနေနှင့်ရင်ဆိုင်နေရပါတယ်။

၎င်းတို့ဟာသောကြာနေ့တုန်းကအာဂျင်တီးနားနှင့်အတူဘရာဇီးနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်ဆာအိုပေါ်လိုသို့ရောက်လာချိန်တွင်ဆာအိုပေါ်လိုသို့ရောက်လာချိန်တွင်ဗြိတိန်တွင်ရှိနေမှုနဲ့ပတ်သက်ပြီးတရားဝင်စာရွက်စာတမ်းအထောက်အထားပြသနိုင်ခြင်းမရှိခဲ့ပါဘူး။

ယင်ကစားသမားလေးဦးတို့ဟာအာဂျင်တီးနား၊ဗင်နီဇွဲလားတို့တွင်ရှိကြောင်းပြသနိုင်ကြပြီးဗြိတိန်တွင်ရှိနေကြောင်းကိုပြသနိုင်ခြင်းမရှိပေ။၎င်းတို့ဟာကမ္ဘာ့လူအကြည့်များဆုံးဖြစ်တဲ့ပရီးမီးယားလိဂ်တွင်ကစားနေကြပေမယ့်လည်းအငြင်းပွားဖွယ်ရာကောင်းလောက်အောင်အငြင်းပွားစရာဖြစ်နေပါတယ်။

ဒါ့အပြင်ဘရာဇီးဥပဒေအရဗြိတိန်တွင်နေထိုင်ခဲ့သူများဟာဘရာဇီးသို့ရောက်လာချိန်မှာဟိုတယ်ကွာရန်တင်း၁၄ရက်ဝင်ရပါမယ်။ယင်းသို့အနေအထား‌ကြောင့်အာဂျင်တီးနားကစားသမားလေးဦးတို့ဟာဘရာဇီးတွင်ဟိုတယ်ကွာရန်တင်း၁၄ရက်ဝင်ရဖို့ရှိနေပါတယ်။ဒါ့အပြင်၎င်းတို့ဟာဗြိတိန်သို့ပြန်ချိန်တွင်လည်း၁၀ရက်ကွာရန်တင်းဝင်ရဦးမှာဖြစ်ပါတယ်။

ဒါကြောင့်ယင်းကစားသမားလေးဦးတို့ဟာစပါးစ်နှင့်ဗီလာတို့ရဲ့ပရီးမီးယားလိဂ်ပွဲသုံးပွဲအထိလွဲချော်ရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်ဘရာဇီးမီဒီယာများကဘရာဇီးအာဏာပိုင်ဟာ၎င်းတို့ကိုကွာရန်တင်းမဝင်စေဘဲဒဏ်ရိုက်ကာနိုင်ငံမှထွက်ခွာစေဖို့ရှိကြောင်းသိရပါတယ်။

၎င်းတို့ဟာယနေ့ညတွင်ကစားမယ့်ဘရာဇီးနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလွဲချော်ဖို့ရှိပါတယ်။

ZawGyi

ပရီးမီးယားလိဂ္မွ အာဂ်င္တီးနားစတားမ်ားအား ကြာရန္တင္းစည္းမ်ဥ္းခ်ိဳးေဖာက္မႈျဖင့္ ဘရာဇီး စစ္ေဆးေန

ပရီးမီးယားလိဂ္မွအာဂ်င္တီးနားစတားမ်ားဟာကြာရန္တင္းစည္းမ်ဥ္းခ်ိဳးေဖာက္မႈျဖင့္ဘရာဇီးအာဏာပိုင္တို႔ရဲ႕စစ္ေဆးျခင္းခံေနရပါတယ္။

စပါးစ္ကစားသမားႏွစ္ဦးျဖစ္တဲ့ျဖစ္ၾကတဲ့ဂ်ီယိုဗာနီလိုစယ္ဆို၊ခရစၥတီယာႏို႐ိုမဲ႐ို၊ဗီလာကစားသမားႏွစ္ဦးျဖစ္ၾကတဲ့အီမီလီယိုမာတီနက္ဇ္၊အီမီလီယာႏိုဘူအန္ဒီယာတို႔ဟာဘရာဇီးမွာကြာရန္တင္း၂ပတ္ဝင္ရမယ့္အေျခအေနႏွင့္ရင္ဆိုင္ေနရသလိုၿဗိတိန္သို႔ျပန္ေရာက္ခ်ိန္တြင္လည္း၁၀ရက္ၾကာကြာရန္တင္းဝင္ရမယ့္အေျခအေနႏွင့္ရင္ဆိုင္ေနရပါတယ္။

၎တို႔ဟာေသာၾကာေန႔တုန္းကအာဂ်င္တီးနားႏွင့္အတူဘရာဇီးႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ဆာအိုေပၚလိုသို႔ေရာက္လာခ်ိန္တြင္ဆာအိုေပၚလိုသို႔ေရာက္လာခ်ိန္တြင္ၿဗိတိန္တြင္ရွိေနမႈနဲ႔ပတ္သက္ၿပီးတရားဝင္စာ႐ြက္စာတမ္းအေထာက္အထားျပသႏိုင္ျခင္းမရွိခဲ့ပါဘူး။

ယင္ကစားသမားေလးဦးတို႔ဟာအာဂ်င္တီးနား၊ဗင္နီဇြဲလားတို႔တြင္ရွိေၾကာင္းျပသႏိုင္ၾကၿပီးၿဗိတိန္တြင္ရွိေနေၾကာင္းကိုျပသႏိုင္ျခင္းမရွိေပ။၎တို႔ဟာကမာၻ႔လူအၾကည့္မ်ားဆုံးျဖစ္တဲ့ပရီးမီးယားလိဂ္တြင္ကစားေနၾကေပမယ့္လည္းအျငင္းပြားဖြယ္ရာေကာင္းေလာက္ေအာင္အျငင္းပြားစရာျဖစ္ေနပါတယ္။

ဒါ့အျပင္ဘရာဇီးဥပေဒအရၿဗိတိန္တြင္ေနထိုင္ခဲ့သူမ်ားဟာဘရာဇီးသို႔ေရာက္လာခ်ိန္မွာဟိုတယ္ကြာရန္တင္း၁၄ရက္ဝင္ရပါမယ္။ယင္းသို႔အေနအထား‌ေၾကာင့္အာဂ်င္တီးနားကစားသမားေလးဦးတို႔ဟာဘရာဇီးတြင္ဟိုတယ္ကြာရန္တင္း၁၄ရက္ဝင္ရဖို႔ရွိေနပါတယ္။ဒါ့အျပင္၎တို႔ဟာၿဗိတိန္သို႔ျပန္ခ်ိန္တြင္လည္း၁၀ရက္ကြာရန္တင္းဝင္ရဦးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ယင္းကစားသမားေလးဦးတို႔ဟာစပါးစ္ႏွင့္ဗီလာတို႔ရဲ႕ပရီးမီးယားလိဂ္ပြဲသုံးပြဲအထိလြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္ဘရာဇီးမီဒီယာမ်ားကဘရာဇီးအာဏာပိုင္ဟာ၎တို႔ကိုကြာရန္တင္းမဝင္ေစဘဲဒဏ္႐ိုက္ကာႏိုင္ငံမွထြက္ခြာေစဖို႔ရွိေၾကာင္းသိရပါတယ္။

၎တို႔ဟာယေန႔ညတြင္ကစားမယ့္ဘရာဇီးႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကိုလြဲေခ်ာ္ဖို႔ရွိပါတယ္။