ပရီးမီးယားလိဂ်ရာသီမစတင်မီအချိန်အထိ စိန့်အင်ဒရူးတွင် အခြေစိုက်သွားမယ့် သရဲနီ

မန်ယူဟာပရီးမီးယားလိဂ်ရာသီသစ်မစတင်မီစကော့တလန်တွင်အခြေစိုက်ကာရာသီကြိုလေ့ကျင့်ခန်းဆင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာသူ့ရဲ့အသင်းကိုလာမယ့်လအစောပိုင်းမှာမြောက်ပိုင်းသို့ခေါ်ယူကာရာသီကြိုလေ့ကျင့်ခန်းဆင်းမှုပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

မန်ယူဟာစိန့်အင်ဒရူးတွင်အခြေစိုက်ကဒန်ဒီးယူနိုက်တက်အသင်းလေ့ကျင့်နေတဲ့ယူနီဗာဆယ်အသုံးအဆောင်ပစ္စည်းများကိုသုံးကာလေ့ကျင့်မှုပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

မန်ယူဟာပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်ဩဂုတ်လ၁၄ရက်နေ့မှာအိမ်ကွင်းမှာလိဒ်ကိုဧည့်ခံကစားသွားရမှာပါမယ်။

မန်ယူဟာရာသီမစတင်မီအထိစိန့်အင်ဒရူးတွင်လေ့ကျင့်ခန်းဆင်းမှုပြုလုပ်ကာရာသီသစ်အတွက်ပြင်ဆင်မှုပြုလုပ်မယ်။

စကော့တလန်လေ့ကျင့်ခန်းအစီအစဉ်တွင်ယူရို၂၀၂၀ပြိုင်ပွဲကစားခဲ့ရမှုကြောင့်အနားယူနေရတဲ့ဆန်ချို၊စကော့မက်တိုမီနေး၊လုခ်ရှော၊မက်ဂွိုင်းယားတို့လည်းပါဝင်လာကြမှာဖြစ်ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ရာသီမစတင္မီအခ်ိန္အထိ စိန႔္အင္ဒ႐ူးတြင္ အေျခစိုက္သြားမယ့္ သရဲနီ

မန္ယူဟာပရီးမီးယားလိဂ္ရာသီသစ္မစတင္မီစေကာ့တလန္တြင္အေျခစိုက္ကာရာသီႀကိဳေလ့က်င့္ခန္းဆင္းမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာသူ႔ရဲ႕အသင္းကိုလာမယ့္လအေစာပိုင္းမွာေျမာက္ပိုင္းသို႔ေခၚယူကာရာသီႀကိဳေလ့က်င့္ခန္းဆင္းမႈျပဳလုပ္သြားမွာလည္းျဖစ္ပါတယ္။

မန္ယူဟာစိန႔္အင္ဒ႐ူးတြင္အေျခစိုက္ကဒန္ဒီးယူႏိုက္တက္အသင္းေလ့က်င့္ေနတဲ့ယူနီဗာဆယ္အသုံးအေဆာင္ပစၥည္းမ်ားကိုသုံးကာေလ့က်င့္မႈျပဳလုပ္သြားမွာလည္းျဖစ္ပါတယ္။

မန္ယူဟာပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ဩဂုတ္လ၁၄ရက္ေန႔မွာအိမ္ကြင္းမွာလိဒ္ကိုဧည့္ခံကစားသြားရမွာပါမယ္။

မန္ယူဟာရာသီမစတင္မီအထိစိန႔္အင္ဒ႐ူးတြင္ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ကာရာသီသစ္အတြက္ျပင္ဆင္မႈျပဳလုပ္မယ္။

စေကာ့တလန္ေလ့က်င့္ခန္းအစီအစဥ္တြင္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားခဲ့ရမႈေၾကာင့္အနားယူေနရတဲ့ဆန္ခ်ိဳ၊စေကာ့မက္တိုမီေနး၊လုခ္ေရွာ၊မက္ဂြိဳင္းယားတို႔လည္းပါဝင္လာၾကမွာျဖစ္ပါတယ္။