
ဂယ်ရီနဗီးလ်ကအာဆင်နယ်ကိုပရီးမီးယားလိဂ်ချန်ပီယံလိဂ်ဖြစ်လာမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ကျွန်တော်တို့ရဲ့စူပါကွန်ပျူတာကတော့မီခေးလ်အာတီတာရဲ့အာဆင်နယ်ကပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ်လို့ဟောကိန်းထုတ်လာပါတယ်။
အာဆင်နယ်ဟာမန်စီးတီးကယူနိုက်တက်အားရှုံးနိမ့်မှုကိုအခွင့်ကောင်းယူနိုင်ခဲ့ပြီးစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိကာ၈မှတ်အထိဖြတ်ကာပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်ပါတယ်။
ဒါပေမဲ့စူပါကွန်ပျူတာ BETSiE ကတော့ပရီးမီးယားလိဂ်ရာသီအကုန်မှာဘယ်လိုဖြစ်လာမယ်ဆိုတာကိုဟောကိန်းထုတ်လာပါတယ်။
BETSiE ကမီခေးလ်အာတီတာရဲ့အာဆင်နယ်ကပရီးမီးယားလိဂ်ရာသီသိမ်းချိန်တွင်ဒုတိယနေရာမှာမန်စီးတီးကိုရမှတ်၆မှတ်ဖြတ်ပြီးပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ်လို့ဟောကိန်းထုတ်လာပါတယ်။
အာဆင်နယ်ဟာလက်ရှိအချိန်တွင်ရမှတ်၄၇မှတ်ရရှိထားပြီးရာသီသိမ်းချိန်တွင်၈၇.၄မှတ်ရရှိနေမယ်လို့ဟောကိန်းထုတ်သွားပါတယ်။
ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်မန်စီးတီးကရမှတ်၈၁.၄မှတ်ဖြင့်ဒုတိယနေရာရမယ်လို့ဆိုသွားပါတယ်။
အသက်၄၇နှစ်ရှိဂယ်ရီနဗီးလ်ကယူနိုက်တက်ဟာအာဆင်နယ်ကိုကျော်ဖြတ်ပြီးဒုတိယနေရာမှာရပ်တည်မယ်လို့ဟောကိန်းထုတ်ခဲ့ပြီးမန်စီးတီးကိုချန်ပီယံဖြစ်မယ်လို့ဆိုခဲ့ပါတယ်။
ဒါပေမဲ့စူပါကွန်ပျူတာကယူနိုက်တက်ကိုအာဆင်နယ်နှင့်၉မှတ်ဖြတ်ပြီး၇၄.၆မှတ်ဖြင့်တတိယနေရာမှာပဲရပ်တည်နေမယ်လို့ဆိုသွားပါတယ်။
ထိပ်ဆုံးလေးသင်းစာရင်းသို့ထူးထူးခြားခြားဝင်လာမဲ့အသင်းကနယူးကာဆယ်ဖြစ်ပြီးပဥ္စမနေရာမှာဘရိုက်တန်ရပ်တည်နိုင်မယ်လို့ဆိုသွားပါတယ်။ဘရိုက်တန်ကိုစပါးစ်နှင့်ရမှတ်တူဂိုးကွာခြားချက်ဖြင့်အဆင့်၅နေရာမှာရပ်တည်လာမယ်လို့စူပါကွန်ပျူတာကဟောကိန်းထုတ်သွားတာပါ။
ယခင်ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဘက်ကလော့ပ်ရဲ့လီဗာပူးကတော့အဆင့်၇နေရာမှာရပ်တည်နိုင်မယ်လို့ဆိုသွားပါတယ်။
ဒါ့အပြင်စူပါကွန်ပျူတာကဝုဗ်၊အဲဗာတန်နှင့်ဘုန်းမောက်တို့တန်းဆင်းရမယ်လို့ဆိုသွားပါတယ်။
BETSiE ကဆောက်သမ်တန်၊နော်တင်ဟမ်ဖောရက်စ်နှင့်လက်စတာတို့တန်းဆင်းဇုန်တိုက်ပွဲမှလွတ်မြောက်လာမယ်လို့ဟောကိန်းထုတ်သွားပါတယ်။
ZawGyi
ပရီးမီးယားလိဂ္ရာသီသိမ္း အမွတ္ေပးဇယားကို စူပါကြန္ပ်ဴတာ ေဟာကိန္းထုတ္လာ
ဂယ္ရီနဗီးလ္ကအာဆင္နယ္ကိုပရီးမီးယားလိဂ္ခ်န္ပီယံလိဂ္ျဖစ္လာမွာမဟုတ္ဘူးလို႔ေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့ကြၽန္ေတာ္တို႔ရဲ႕စူပါကြန္ပ်ဴတာကေတာ့မီေခးလ္အာတီတာရဲ႕အာဆင္နယ္ကပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာမယ္လို႔ေဟာကိန္းထုတ္လာပါတယ္။
အာဆင္နယ္ဟာမန္စီးတီးကယူႏိုက္တက္အားရႈံးနိမ့္မႈကိုအခြင့္ေကာင္းယူႏိုင္ခဲ့ၿပီးစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိကာ၈မွတ္အထိျဖတ္ကာပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ထားႏိုင္ပါတယ္။
ဒါေပမဲ့စူပါကြန္ပ်ဴတာ BETSiE ကေတာ့ပရီးမီးယားလိဂ္ရာသီအကုန္မွာဘယ္လိုျဖစ္လာမယ္ဆိုတာကိုေဟာကိန္းထုတ္လာပါတယ္။
BETSiE ကမီေခးလ္အာတီတာရဲ႕အာဆင္နယ္ကပရီးမီးယားလိဂ္ရာသီသိမ္းခ်ိန္တြင္ဒုတိယေနရာမွာမန္စီးတီးကိုရမွတ္၆မွတ္ျဖတ္ၿပီးပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာမယ္လို႔ေဟာကိန္းထုတ္လာပါတယ္။
အာဆင္နယ္ဟာလက္ရွိအခ်ိန္တြင္ရမွတ္၄၇မွတ္ရရွိထားၿပီးရာသီသိမ္းခ်ိန္တြင္၈၇.၄မွတ္ရရွိေနမယ္လို႔ေဟာကိန္းထုတ္သြားပါတယ္။
ပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္မန္စီးတီးကရမွတ္၈၁.၄မွတ္ျဖင့္ဒုတိယေနရာရမယ္လို႔ဆိုသြားပါတယ္။
အသက္၄၇ႏွစ္ရွိဂယ္ရီနဗီးလ္ကယူႏိုက္တက္ဟာအာဆင္နယ္ကိုေက်ာ္ျဖတ္ၿပီးဒုတိယေနရာမွာရပ္တည္မယ္လို႔ေဟာကိန္းထုတ္ခဲ့ၿပီးမန္စီးတီးကိုခ်န္ပီယံျဖစ္မယ္လို႔ဆိုခဲ့ပါတယ္။
ဒါေပမဲ့စူပါကြန္ပ်ဴတာကယူႏိုက္တက္ကိုအာဆင္နယ္ႏွင့္၉မွတ္ျဖတ္ၿပီး၇၄.၆မွတ္ျဖင့္တတိယေနရာမွာပဲရပ္တည္ေနမယ္လို႔ဆိုသြားပါတယ္။
ထိပ္ဆုံးေလးသင္းစာရင္းသို႔ထူးထူးျခားျခားဝင္လာမဲ့အသင္းကနယူးကာဆယ္ျဖစ္ၿပီးပၪၥမေနရာမွာဘ႐ိုက္တန္ရပ္တည္ႏိုင္မယ္လို႔ဆိုသြားပါတယ္။ဘ႐ိုက္တန္ကိုစပါးစ္ႏွင့္ရမွတ္တူဂိုးကြာျခားခ်က္ျဖင့္အဆင့္၅ေနရာမွာရပ္တည္လာမယ္လို႔စူပါကြန္ပ်ဴတာကေဟာကိန္းထုတ္သြားတာပါ။
ယခင္ပရီးမီးယားလိဂ္ခ်န္ပီယံၿပိဳင္ဘက္ကေလာ့ပ္ရဲ႕လီဗာပူးကေတာ့အဆင့္၇ေနရာမွာရပ္တည္ႏိုင္မယ္လို႔ဆိုသြားပါတယ္။
ဒါ့အျပင္စူပါကြန္ပ်ဴတာကဝုဗ္၊အဲဗာတန္ႏွင့္ဘုန္းေမာက္တို႔တန္းဆင္းရမယ္လို႔ဆိုသြားပါတယ္။
BETSiE ကေဆာက္သမ္တန္၊ေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္လက္စတာတို႔တန္းဆင္းဇုန္တိုက္ပြဲမွလြတ္ေျမာက္လာမယ္လို႔ေဟာကိန္းထုတ္သြားပါတယ္။