ပရီးမီးယားလိဂ်ရောက်စတားများကို အင်္ဂလိပ်စကားသင်ကြားပေးနေတဲ့ ဘာသာစကားမျိုးစုံတတ်ကျွမ်းတဲ့ အလှမယ်

နိုင်ငံခြားကဘောလုံးသမားတွေဗြိတိန်ကျွန်းဆွယ်သို့ရောက်လာပြီဆိုတာနဲ့သူတို့တတွေ ပထမဆုံးလုပ်ရတဲ့အလုပ်တွေထဲကတစ်ခုကတော့ဘာသာစကားသင်ကြားပေးမဲ့ဆရာတစ်ဦးရှာဖွေတာပါ။

အလှမယ်လေးဆာရာဒူကေးက ဘာသာစကားကြီး၆မျိုးကိုကျွမ်းကျင်စွာပြောဆိုနိုင်စွမ်းရှိသူဖြစ်ပါတယ်။ပေါ်တူဂီ၊အင်္ဂလိပ်၊ဂျာမန်၊ပြင်သစ်နှင့်စပိန်စကားတို့ကိုကျွမ်းကျွမ်းကျင်ကျင်တတ်ကျွမ်းပါတယ်။

သူမသင်ကြားပေးနေတဲ့သူတွေထဲကတစ်ဦးကမန်စီးတီးစတားဂျူလီယန်အယ်ဗာရက်ဇ်ဖြစ်ပါတယ်။

သူမဟာယခင်တုန်းကအားကစားရှေ့နေတစ်ဦးအဖြစ်အလုပ်လုပ်ခဲ့တာဖြစ်ပြီးပေါ်တိုမှာလည်းဘောလုံးဘာသာစကားနည်းပြအဖြစ်အလုပ်လုပ်ခဲ့ဖူးပါတယ်။

သူမဟာ၂၀၂၀ရာသီမှာပေါ်တူဂီထိပ်သီးကလပ်မှာတစ်ရာသီအလုပ်လုပ်ပြီးတဲ့နောက်တကိုယ်တော်ရပ်တည်အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။

တဖက်မှာသူမရဲ့လှပလွန်းလှတဲ့ရုပ်ရည်နှင့်အချိုးစားကျလှပလှတဲ့ခန္ဓာကိုယ်ကြောင့် Wags တွေကသူတို့ရဲ့ချစ်သူကိုသူမနဲ့အလုပ်လုပ်တာမျိုးကိုပိတ်ပင်မှုနှင့်ကြုံရမှုနှင့်အတူအခက်တွေ့ပါတယ်။

ဒူကေးမှာဘောလုံးသမားတွေကိုဘောလုံးဘာသာစကားကိုအလျှင်အမြန်တတ်ကျွမ်းအောင်မှတ်ဉာဏ်အသုံးပြုပြီးသင်ကြားပေးတဲ့အထူးစပါယ်ရှယ်ဖော်မြူလာတစ်ခု ရှိပါတယ်။

သူမမှာတပည့်တွေအများကြီးရှိပါတယ်။ယင်းအထဲမှာနာမည်ကြီးဆုံးစတားကတော့ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားစတားဂျူလီယန်အယ်ဗာရက်ဇ်ဖြစ်ပါတယ်။

အခုဆိုရင်မန်စီးတီးစတားဟာအင်တာဗျူးတချို့မှာအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကိုပြသနေပြီလည်းဖြစ်ပါတယ်။

တကယ်တော့ဒူကေးဟာဘောလုံးဘာသာစကားနည်းပြအဖြစ်ပရော်ဖက်ရှင်နယ်ဘဝကိုစတင်ခဲ့တဲ့သူမဟုတ်ပါဘူး။

သူမဟာဘယ်လ်ဂျီယံမှာအားကစားရှေ့နေအဖြစ်အလုပ်လုပ်ပြီးစာချုပ်ကိစ္စ၊သဘောတူညီမှုကိစ္စတွေကိုလိုက်လုပ်ပေးရတာပါ။

ဒါပေမဲ့သူမကဘောလုံးလောကမှာပါဝင်ပတ်သက်ချင်ပါတယ်။သူမဟာစပိန်က Real Madrid Graduate SchoolမှာSports Psychology and Mental Coaching ဒီဂရီရယူထားပါတယ်။

ဒါ့အပြင်အမေရိကန်သို့သွားပြီးတော့လည်းMental Game Coach Certification ရယူခဲ့ပါတယ်။

ယင်းနောက်မှာတော့သူမဟာပထမဆုံးအလုပ်အဖြစ်ပေါ်တိုအသင်းမှာ ဘာသာစကားနည်းပြအလုပ်ကိုစတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမဟာနိုင်ငံခြားသားစတားတွေကို ဘာသာစကားအလျှင်အမြန်ပြောတတ်အောင်သင်ကြားပြီး ကစားဖော်များ၊နည်းပြများနှင့်အဆင်ပြေပြေပြောဆိုနိုင်အောင်ကူညီပေးပါတယ်။

အခုတော့သူမဟာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေပြီဖြစ်ပါတယ်။

ဘောလုံးသမားတွေကိုအင်္ဂလိပ်လူနေမှုဘဝမှအလျှင်အမြန်အထိုင်ကျအောင်ကူညီပေမဲ့ပြဿနာတစ်ရပ်ကရှိနေပါတယ်။ဘောလုံးသမားတွေရဲ့ချစ်သူ/ဇနီးမယားတွေပါ။သူမရဲ့အလှအပကြောင့်ချစ်သူ/ဇနီးတွေကသူမဆီမှမသင်ကြားစေလိုကြပါဘူး။

ဒါပေမဲ့လည်းခင်ဗျားတို့လည်း သူမရဲ့ရုပ်ရည်နှင့်ခန္ဓာကိုယ်အချိုးအစားကိုကြည့်လိုက်ဦးလေ။ဘယ်မိန်းမများစိတ်ချမလဲဗျာ။

ZawGyi

ပရီးမီးယားလိဂ္ေရာက္စတားမ်ားကို အဂၤလိပ္စကားသင္ၾကားေပးေနတဲ့ ဘာသာစကားမ်ိဳးစုံတတ္ကြၽမ္းတဲ့ အလွမယ္

ႏိုင္ငံျခားကေဘာလုံးသမားေတြၿဗိတိန္ကြၽန္းဆြယ္သို႔ေရာက္လာၿပီဆိုတာနဲ႔သူတို႔တေတြ ပထမဆုံးလုပ္ရတဲ့အလုပ္ေတြထဲကတစ္ခုကေတာ့ဘာသာစကားသင္ၾကားေပးမဲ့ဆရာတစ္ဦးရွာေဖြတာပါ။

အလွမယ္ေလးဆာရာဒူေကးက ဘာသာစကားႀကီး၆မ်ိဳးကိုကြၽမ္းက်င္စြာေျပာဆိုႏိုင္စြမ္းရွိသူျဖစ္ပါတယ္။ေပၚတူဂီ၊အဂၤလိပ္၊ဂ်ာမန္၊ျပင္သစ္ႏွင့္စပိန္စကားတို႔ကိုကြၽမ္းကြၽမ္းက်င္က်င္တတ္ကြၽမ္းပါတယ္။

သူမသင္ၾကားေပးေနတဲ့သူေတြထဲကတစ္ဦးကမန္စီးတီးစတားဂ်ဴလီယန္အယ္ဗာရက္ဇ္ျဖစ္ပါတယ္။

သူမဟာယခင္တုန္းကအားကစားေရွ႕ေနတစ္ဦးအျဖစ္အလုပ္လုပ္ခဲ့တာျဖစ္ၿပီးေပၚတိုမွာလည္းေဘာလုံးဘာသာစကားနည္းျပအျဖစ္အလုပ္လုပ္ခဲ့ဖူးပါတယ္။

သူမဟာ၂၀၂၀ရာသီမွာေပၚတူဂီထိပ္သီးကလပ္မွာတစ္ရာသီအလုပ္လုပ္ၿပီးတဲ့ေနာက္တကိုယ္ေတာ္ရပ္တည္အလုပ္လုပ္ခဲ့တာျဖစ္ပါတယ္။

တဖက္မွာသူမရဲ႕လွပလြန္းလွတဲ့႐ုပ္ရည္ႏွင့္အခ်ိဳးစားက်လွပလွတဲ့ခႏၶာကိုယ္ေၾကာင့္ Wags ေတြကသူတို႔ရဲ႕ခ်စ္သူကိုသူမနဲ႔အလုပ္လုပ္တာမ်ိဳးကိုပိတ္ပင္မႈႏွင့္ႀကဳံရမႈႏွင့္အတူအခက္ေတြ႕ပါတယ္။

ဒူေကးမွာေဘာလုံးသမားေတြကိုေဘာလုံးဘာသာစကားကိုအလွ်င္အျမန္တတ္ကြၽမ္းေအာင္မွတ္ဉာဏ္အသုံးျပဳၿပီးသင္ၾကားေပးတဲ့အထူးစပါယ္ရွယ္ေဖာ္ျမဴလာတစ္ခု ရွိပါတယ္။

သူမမွာတပည့္ေတြအမ်ားႀကီးရွိပါတယ္။ယင္းအထဲမွာနာမည္ႀကီးဆုံးစတားကေတာ့ အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားစတားဂ်ဴလီယန္အယ္ဗာရက္ဇ္ျဖစ္ပါတယ္။

အခုဆိုရင္မန္စီးတီးစတားဟာအင္တာဗ်ဴးတခ်ိဳ႕မွာအဂၤလိပ္ဘာသာစကားကြၽမ္းက်င္မႈကိုျပသေနၿပီလည္းျဖစ္ပါတယ္။

တကယ္ေတာ့ဒူေကးဟာေဘာလုံးဘာသာစကားနည္းျပအျဖစ္ပေရာ္ဖက္ရွင္နယ္ဘဝကိုစတင္ခဲ့တဲ့သူမဟုတ္ပါဘူး။

သူမဟာဘယ္လ္ဂ်ီယံမွာအားကစားေရွ႕ေနအျဖစ္အလုပ္လုပ္ၿပီးစာခ်ဳပ္ကိစၥ၊သေဘာတူညီမႈကိစၥေတြကိုလိုက္လုပ္ေပးရတာပါ။

ဒါေပမဲ့သူမကေဘာလုံးေလာကမွာပါဝင္ပတ္သက္ခ်င္ပါတယ္။သူမဟာစပိန္က Real Madrid Graduate SchoolမွာSports Psychology and Mental Coaching ဒီဂရီရယူထားပါတယ္။

ဒါ့အျပင္အေမရိကန္သို႔သြားၿပီးေတာ့လည္းMental Game Coach Certification ရယူခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့သူမဟာပထမဆုံးအလုပ္အျဖစ္ေပၚတိုအသင္းမွာ ဘာသာစကားနည္းျပအလုပ္ကိုစတင္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။သူမဟာႏိုင္ငံျခားသားစတားေတြကို ဘာသာစကားအလွ်င္အျမန္ေျပာတတ္ေအာင္သင္ၾကားၿပီး ကစားေဖာ္မ်ား၊နည္းျပမ်ားႏွင့္အဆင္ေျပေျပေျပာဆိုႏိုင္ေအာင္ကူညီေပးပါတယ္။

အခုေတာ့သူမဟာကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ေနၿပီျဖစ္ပါတယ္။

ေဘာလုံးသမားေတြကိုအဂၤလိပ္လူေနမႈဘဝမွအလွ်င္အျမန္အထိုင္က်ေအာင္ကူညီေပမဲ့ျပႆနာတစ္ရပ္ကရွိေနပါတယ္။ေဘာလုံးသမားေတြရဲ႕ခ်စ္သူ/ဇနီးမယားေတြပါ။သူမရဲ႕အလွအပေၾကာင့္ခ်စ္သူ/ဇနီးေတြကသူမဆီမွမသင္ၾကားေစလိုၾကပါဘူး။

ဒါေပမဲ့လည္းခင္ဗ်ားတို႔လည္း သူမရဲ႕႐ုပ္ရည္ႏွင့္ခႏၶာကိုယ္အခ်ိဳးအစားကိုၾကည့္လိုက္ဦးေလ။ဘယ္မိန္းမမ်ားစိတ္ခ်မလဲဗ်ာ။