ပရီးမီးယားလိဂ်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခွင့် ပိတ်ပင်မှုက အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအိပ်မက်ကို ထိခိုက်လာနိုင်

ပရီးမီးယားလိဂ်ဟာကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများမှကစားသမားများအားကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်စေလွှတ်ခွင့်ပိတ်ပင်လိုက်မှုကအင်္ဂလန်ရဲ့၂၀၂၃ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်လျှောက်ထားမှုကိုထိခိုက်လာနိုင်ပါတယ်။

ဖီဖာဥက္ကဌဂျီယန်နီအင်ဖာတီနိုဟာဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်အားပရီးမီးယားလိဂ်မှကစားသမား၅၉ဦးကိုကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအားကစားခွင့်ပေးရန်တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်ဗြိတိန်အစိုးရဟာစည်းမျဉ်းပြောင်းလဲရန်ငြင်းဆိုခဲ့ပါတယ်။ဒါကြောင့်လည်းအာဖရိက၊တောင်အမေရိကကစားသမားများမှာလာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုကစားနိုင်တော့မှာမဟုတ်ပါဘူး။

ဗြိတိန်ဟာကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများမှလူများအားဗြိတိန်သို့လာရောက်လာချိန်တွင်ဟိုတယ်ကွာရန်တင်း၁၀ရက်ဝင်ရရန်ညွှန်ကြားထားပါတယ်။ယင်းသို့အနေအထားကြောင့်ပရီးမီးယားလိဂ်ကလပ်များဟာအနီရောင်အဆင့်ရှိနိုင်ငံမှကစားသမားများအားနိုင်ငံပွဲကစားရန်စေလွှတ်ပါကအရေးပါတဲ့ပွဲသုံးပွဲကိုလက်လွှတ်ရပါမယ်။

အင်္ဂလန်ဟာ၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲအားစကော့တလန်၊ဝေးလ်၊အိုင်ယာလန်တို့နှင့်အတူပူးတွဲအိမ်ရှင်အဖြစ်လျှောက်ထားရန်ရန်စီစဉ်နေပါတယ်။

ကမ္ဘာ့ဖလားအိမ်ရှင်အတွက်မဲပေးခွင့်တွင်အာဖရိကမှ၅၄မဲ၊တောင်အမေရိကမှ၁၀မဲရှိနေပါတယ်။

ယခုကဲ့သို့ပရီးမီးယားလိဂ်ကလပ်များကကိုဗစ်အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့နိုင်ငံများအားကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်မစေလွှတ်မှုကယင်းနိုင်ငံများအပေါ်ဒေါသထွက်စေလျက်ရှိပါတယ်။

ဒါကြောင့်အင်္ဂလန်ဟာအဆိုပါနိုင်ငံများရဲ့မဲများကိုဆုံးရှုံးရဖို့ရှိနေပါတယ်။ယင်းအနေအထားကြောင့်ပေါ်တူဂီနှင့်စပိန်တို့ရဲ့ပူးတွဲအိမ်ရှင်လျှောက်ထားမှုကအခြေအနေကောင်းလာဖို့ရှိပါတယ်။

ဗြိတိန်ရဲ့ကိုဗစ်ကန့်သတ်ချက်အနီရောင်စာရင်းနိုင်ငံအများစုမှာအာရှ၊အာဖရိကနှင့်တောင်အမေရိကတို့ဖြစ်ပါတယ်။

ယင်းနိုင်ငံများမှာအာဖကန်နစ္စတန်၊အန်ဂိုလာ၊အာဂျင်တီးနား၊ဘင်္ဂလာဒေ့ရှ်၊ဘိုလီဗီးယား၊ဘော့ဝါနာ၊ဘရာဇီး၊ဘူရန်ဒီ၊ကိတ်ဗာဒီ၊ချီလီ၊ကိုလံဘီယာ၊ကွန်ဂို၊ကော့စတာရီကာ၊ကျူးဘား၊ဒိုမီနီကန်၊အီကွေဒေါ၊အီဂျစ်၊အီရီထရီယာ၊အီဆွာတီနီ၊အီသီယိုပီးယား၊ပြင်သစ်ဂီနီ၊ဂျော်ဂျီယာ၊ဂူယာနာ၊ဟေတီ၊အင်ဒိုနီးရှား၊ကန်ညာ၊လီဆိုသို၊မာလဝီ၊မော်ဒိုက်စ်၊မာယော့တီ၊မက္ကဆီကို၊မွန်ဂိုလီယား၊မိုဇမ်ဘစ်၊မြန်မာ၊နမီးဘီးယား၊နီပေါလ်၊အိုမန်၊ပါကစ္စတန်၊ပနားမား၊ပါရာဂွေး၊ပီရူး၊ဖီလစ်ပိုင်၊ရဝန်ဒါ၊ဆေရှဲလ်လက်စ်၊စီယာရာလီယွန်၊ဆိုမာလီ၊တောင်အာဖရိက၊သီရိလင်္ကာ၊ဆူဒန်၊ဆူရီနိန်း၊တွန်ဇာနီယား၊ထရီနီဒတ်နှင့်တိုဘာဂို၊တူနီးရှာ၊တူရကီ၊ယုဂန္ဓာ၊ဥရုဂွေး၊ဗီနီဇွဲလား၊ဇမ်ဘီယာ၊ဇမ်ဘာဘွေတို့ဖြစ်ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲကစားခြင့္ ပိတ္ပင္မႈက အဂၤလန္ရဲ႕ကမာၻ႔ဖလားအိပ္မက္ကို ထိခိုက္လာႏိုင္

ပရီးမီးယားလိဂ္ဟာကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္ရွိႏိုင္ငံမ်ားမွကစားသမားမ်ားအားကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ေစလႊတ္ခြင့္ပိတ္ပင္လိုက္မႈကအဂၤလန္ရဲ႕၂၀၂၃ကမာၻ႔ဖလားအိမ္ရွင္အျဖစ္ေလွ်ာက္ထားမႈကိုထိခိုက္လာႏိုင္ပါတယ္။

ဖီဖာဥကၠဌဂ်ီယန္နီအင္ဖာတီႏိုဟာဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္အားပရီးမီးယားလိဂ္မွကစားသမား၅၉ဦးကိုကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္ရွိႏိုင္ငံမ်ားရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအားကစားခြင့္ေပးရန္ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ၿဗိတိန္အစိုးရဟာစည္းမ်ဥ္းေျပာင္းလဲရန္ျငင္းဆိုခဲ့ပါတယ္။ဒါေၾကာင့္လည္းအာဖရိက၊ေတာင္အေမရိကကစားသမားမ်ားမွာလာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး။

ၿဗိတိန္ဟာကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္ရွိႏိုင္ငံမ်ားမွလူမ်ားအားၿဗိတိန္သို႔လာေရာက္လာခ်ိန္တြင္ဟိုတယ္ကြာရန္တင္း၁၀ရက္ဝင္ရရန္ၫႊန္ၾကားထားပါတယ္။ယင္းသို႔အေနအထားေၾကာင့္ပရီးမီးယားလိဂ္ကလပ္မ်ားဟာအနီေရာင္အဆင့္ရွိႏိုင္ငံမွကစားသမားမ်ားအားႏိုင္ငံပြဲကစားရန္ေစလႊတ္ပါကအေရးပါတဲ့ပြဲသုံးပြဲကိုလက္လႊတ္ရပါမယ္။

အဂၤလန္ဟာ၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲအားစေကာ့တလန္၊ေဝးလ္၊အိုင္ယာလန္တို႔ႏွင့္အတူပူးတြဲအိမ္ရွင္အျဖစ္ေလွ်ာက္ထားရန္ရန္စီစဥ္ေနပါတယ္။

ကမာၻ႔ဖလားအိမ္ရွင္အတြက္မဲေပးခြင့္တြင္အာဖရိကမွ၅၄မဲ၊ေတာင္အေမရိကမွ၁၀မဲရွိေနပါတယ္။

ယခုကဲ့သို႔ပရီးမီးယားလိဂ္ကလပ္မ်ားကကိုဗစ္အနီေရာင္အဆင့္သတ္မွတ္ခံထားရတဲ့ႏိုင္ငံမ်ားအားကမာၻ႔ဖလားေျခစစ္ပြဲကစားရန္မေစလႊတ္မႈကယင္းႏိုင္ငံမ်ားအေပၚေဒါသထြက္ေစလ်က္ရွိပါတယ္။

ဒါေၾကာင့္အဂၤလန္ဟာအဆိုပါႏိုင္ငံမ်ားရဲ႕မဲမ်ားကိုဆုံးရႈံးရဖို႔ရွိေနပါတယ္။ယင္းအေနအထားေၾကာင့္ေပၚတူဂီႏွင့္စပိန္တို႔ရဲ႕ပူးတြဲအိမ္ရွင္ေလွ်ာက္ထားမႈကအေျခအေနေကာင္းလာဖို႔ရွိပါတယ္။

ၿဗိတိန္ရဲ႕ကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္စာရင္းႏိုင္ငံအမ်ားစုမွာအာရွ၊အာဖရိကႏွင့္ေတာင္အေမရိကတို႔ျဖစ္ပါတယ္။

ယင္းႏိုင္ငံမ်ားမွာအာဖကန္နစၥတန္၊အန္ဂိုလာ၊အာဂ်င္တီးနား၊ဘဂၤလာေဒ့ရွ္၊ဘိုလီဗီးယား၊ေဘာ့ဝါနာ၊ဘရာဇီး၊ဘူရန္ဒီ၊ကိတ္ဗာဒီ၊ခ်ီလီ၊ကိုလံဘီယာ၊ကြန္ဂို၊ေကာ့စတာရီကာ၊က်ဴးဘား၊ဒိုမီနီကန္၊အီေကြေဒါ၊အီဂ်စ္၊အီရီထရီယာ၊အီဆြာတီနီ၊အီသီယိုပီးယား၊ျပင္သစ္ဂီနီ၊ေဂ်ာ္ဂ်ီယာ၊ဂူယာနာ၊ေဟတီ၊အင္ဒိုနီးရွား၊ကန္ညာ၊လီဆိုသို၊မာလဝီ၊ေမာ္ဒိုက္စ္၊မာေယာ့တီ၊မကၠဆီကို၊မြန္ဂိုလီယား၊မိုဇမ္ဘစ္၊ျမန္မာ၊နမီးဘီးယား၊နီေပါလ္၊အိုမန္၊ပါကစၥတန္၊ပနားမား၊ပါရာေဂြး၊ပီ႐ူး၊ဖီလစ္ပိုင္၊ရဝန္ဒါ၊ေဆရွဲလ္လက္စ္၊စီယာရာလီယြန္၊ဆိုမာလီ၊ေတာင္အာဖရိက၊သီရိလကၤာ၊ဆူဒန္၊ဆူရီနိန္း၊တြန္ဇာနီယား၊ထရီနီဒတ္ႏွင့္တိုဘာဂို၊တူနီးရွာ၊တူရကီ၊ယုဂႏၶာ၊ဥ႐ုေဂြး၊ဗီနီဇြဲလား၊ဇမ္ဘီယာ၊ဇမ္ဘာေဘြတို႔ျဖစ္ပါတယ္။