ပရီးမီးယားလိဂ်ရဲ့ခြေစွမ်းအဆိုးဆုံးကစားသမား ၁၁ ဦးကို စူပါကွန်ပျူတာဖွင့်ချလာ

Supercomputer ရဲ့အချက်အလက်များအပေါ်အခြေခံတွက်ချက်မှုအရ ယခုရာသီမှာခြေစွမ်းအဆိုး ရွားဆုံးကစားသမားအဖြစ်အာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်ရပ်တည်နေကြောင်းတွေ့ရပါတယ်။အူဘာမီယန်ဟာလီဗာပူးစတားဆာဒိုင်ယိုမာနေးရဲ့အထက်မှာကပ်ပြီးရပ်တည်နေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်နှင့်တိုက်စစ်မှူးဟာယခုရာသီမှာအာဆင်နယ်အတွက်ပရီးမီးယားလိဂ်ပွဲ၁၅ပွဲကစားထားရာမှာ၃ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။ဒုတိယနေရာမှာမာနေးကိုမြင်တွေ့ရတာလည်းအံ့ဩစရာ ကောင်းနေပါတယ်။

စူပါကွန်ပျူတာဟာ Fantasy Football Scoring ကိုအခြေခံပြီးတွက်ချက်လာတာလည်းဖြစ်ပါတယ်။

အူဘာမီယန်ဟာအပတ်စဉ်ပျမ်းမျှရည်မှန်းရမှတ် ၄.၁မှတ်အောက်သာရနေပါတယ်။ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးရမှတ်လည်းဖြစ်ပါတယ်။သူဟာစက်တင်ဘာလတုန်းကအာဆင်နယ်နှင့်တစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀တန်စာချုပ်သစ်ချုပ်ဆိုပြီးနောက်ရုန်းကန်လာခဲ့ရတာလည်းဖြစ်ပါတယ်။

မာနေးကလည်းအပတ်စဉ်ပျမ်းမျှရည်မှန်းရမှတ်၃မှတ်အောက် ရရှိနေသလိုလီဗာပူးမှအာနိုးမှာလည်းပျှမ်းမျှရည် မှန်းရမှတ်၂.၈အောက်နည်းနေပါတယ်။လီဗာပူးညာနောက်ခံလူဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်မှာ၄ဂိုး သွင်းပြီး၁၃ကြိမ်ဖန်တီးနိုင်ခဲ့ပေမယ့်ယခုရာသီမှာရုန်းကန်နေရပါတယ်။

မန်ယူတိုက်စစ်သမားမာဆင်ဂရင်းဝုဒ်ဟာလည်းရည်မှန်းရမှတ်၂.၈အောက်လျှော့နည်းနေပါတယ်။သူဟာယခုရာသီမှာ၁၁ပွဲကစားထားရာမှာ၁ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

စူပါကွန်ပျူတာရဲ့အဆိုးရွားဆုံးပရီးမီးယားလိဂ်အသင်းတွင်ရှက်ဖီးလ်ယူနိုက်တက်မှာ၃ဦးအထိပါဝင်နေပြီးချဲလ်ဆီးရဲ့ပေါင်၇၄သန်းတန်အလယ်တန်းကစားသမားကိုင်ဟာဗတ်လည်းပါဝင်နေပါတယ်။

စူပါကွန်ပျူတာရဲ့အဆိုးရွားဆုံးပရီးမီးယားလိဂ်အသင်း ဂိုး-အေရွန်ရမ်းဒဲလ်(ရှက်ဖီးလ်)။နောက်တန်း-ထရန်းအလက် ဇန္ဒားအာနိုး(လီဗာပူး)၊အန်ဒါအီးဗန့်(ရှက်ဖီးလ်)၊ဂျွန်အီဂန်(ရှက်ဖီးလ်)၊လုခ်ရှော(မန်ယူ)။ အလယ်တန်း-ဝီလီယမ်(အာဆင်နယ်)၊ကိုင်ဟာဗတ်(ချဲလ်ဆီး)၊မော်တင်ဟို(ဝုဗ်)၊မာနေး(လီဗာပူး)။ရှေ့တန်း – အူဘာမီယန်(အာဆင်နယ်)၊ဂရင်းဝုဒ်(မန်ယူ)။

ZawGyi

ပရီးမီးယားလိဂ္ရဲ႕ေျခစြမ္းအဆိုးဆုံးကစားသမား ၁၁ ဦးကို စူပါကြန္ပ်ဴတာဖြင့္ခ်လာ

Supercomputer ရဲ႕အခ်က္အလက္မ်ားအေပၚအေျခခံတြက္ခ်က္မႈအရ ယခုရာသီမွာေျခစြမ္းအဆိုး ႐ြားဆုံးကစားသမားအျဖစ္အာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္ရပ္တည္ေနေၾကာင္းေတြ႕ရပါတယ္။အူဘာမီယန္ဟာလီဗာပူးစတားဆာဒိုင္ယိုမာေနးရဲ႕အထက္မွာကပ္ၿပီးရပ္တည္ေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ႏွင့္တိုက္စစ္မႉးဟာယခုရာသီမွာအာဆင္နယ္အတြက္ပရီးမီးယားလိဂ္ပြဲ၁၅ပြဲကစားထားရာမွာ၃ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။ဒုတိယေနရာမွာမာေနးကိုျမင္ေတြ႕ရတာလည္းအံ့ဩစရာ ေကာင္းေနပါတယ္။

စူပါကြန္ပ်ဴတာဟာ Fantasy Football Scoring ကိုအေျခခံၿပီးတြက္ခ်က္လာတာလည္းျဖစ္ပါတယ္။

အူဘာမီယန္ဟာအပတ္စဥ္ပ်မ္းမွ်ရည္မွန္းရမွတ္ ၄.၁မွတ္ေအာက္သာရေနပါတယ္။ပရီးမီးယားလိဂ္မွာ အဆိုး႐ြားဆုံးရမွတ္လည္းျဖစ္ပါတယ္။သူဟာစက္တင္ဘာလတုန္းကအာဆင္နယ္ႏွင့္တစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀တန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးေနာက္႐ုန္းကန္လာခဲ့ရတာလည္းျဖစ္ပါတယ္။

မာေနးကလည္းအပတ္စဥ္ပ်မ္းမွ်ရည္မွန္းရမွတ္၃မွတ္ေအာက္ ရရွိေနသလိုလီဗာပူးမွအာႏိုးမွာလည္းပွ်မ္းမွ်ရည္ မွန္းရမွတ္၂.၈ေအာက္နည္းေနပါတယ္။လီဗာပူးညာေနာက္ခံလူဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္မွာ၄ဂိုး သြင္းၿပီး၁၃ႀကိမ္ဖန္တီးႏိုင္ခဲ့ေပမယ့္ယခုရာသီမွာ႐ုန္းကန္ေနရပါတယ္။

မန္ယူတိုက္စစ္သမားမာဆင္ဂရင္းဝုဒ္ဟာလည္းရည္မွန္းရမွတ္၂.၈ေအာက္ေလွ်ာ့နည္းေနပါတယ္။သူဟာယခုရာသီမွာ၁၁ပြဲကစားထားရာမွာ၁ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

စူပါကြန္ပ်ဴတာရဲ႕အဆိုး႐ြားဆုံးပရီးမီးယားလိဂ္အသင္းတြင္ရွက္ဖီးလ္ယူႏိုက္တက္မွာ၃ဦးအထိပါဝင္ေနၿပီးခ်ဲလ္ဆီးရဲ႕ေပါင္၇၄သန္းတန္အလယ္တန္းကစားသမားကိုင္ဟာဗတ္လည္းပါဝင္ေနပါတယ္။

စူပါကြန္ပ်ဴတာရဲ႕အဆိုး႐ြားဆုံးပရီးမီးယားလိဂ္အသင္း ဂိုး-ေအ႐ြန္ရမ္းဒဲလ္(ရွက္ဖီးလ္)။ေနာက္တန္း-ထရန္းအလက္ ဇႏၵားအာႏိုး(လီဗာပူး)၊အန္ဒါအီးဗန႔္(ရွက္ဖီးလ္)၊ဂြၽန္အီဂန္(ရွက္ဖီးလ္)၊လုခ္ေရွာ(မန္ယူ)။ အလယ္တန္း-ဝီလီယမ္(အာဆင္နယ္)၊ကိုင္ဟာဗတ္(ခ်ဲလ္ဆီး)၊ေမာ္တင္ဟို(ဝုဗ္)၊မာေနး(လီဗာပူး)။ေရွ႕တန္း – အူဘာမီယန္(အာဆင္နယ္)၊ဂရင္းဝုဒ္(မန္ယူ)။