ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်ခြင်းမရှိ
ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား၁၀ဦးစာရင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်လာခြင်းမရှိတာကတော့ အံ့ဩစရာကောင်းနေပါတယ်။
ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအဆုံးကစားသမား၁၀ဦးစာရင်းကိုကြည့်ပြီးအကြီးအကျယ်အံ့ဩတုန်လှုပ်နေမှာလည်းသေချာနေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမားအဖြစ်ဝက်စ်ဟမ်းစတားအစ်ဆာဒီယော့ပ်ကရွေးချယ်ခြင်းခံခဲ့ရပြီးဒုတိယနေရာမှာဘရိုက်တန်ရဲ့တက်ဒီဂျန့်ကရွေးချယ်ခြင်းခံခဲ့ရပါတယ်။တတိယနေရာမှာဝက်ဖို့ဒ်ရဲ့ဂျူရာကူကာကရွေးချယ်ခံခဲ့ရကာစတုတ္တနေရာမှာလိဒ်စတားဒီယေဂိုလိုရန်တီရွေးချယ်ခံရပါတယ်။ပဥ္စမနေရာမှာနော့ဝှစ်ချ်ရဲ့ဂျာကော့ဘ်ဆိုရန်ဆင်ကရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား၁၀ဦးစာရင်းမှာရပ်တည်နိုင်ခဲ့တဲ့ကျန်ကစားသမားငါးဦးကတော့ဂျိုအာချမ်အင်ဒါဆင်(ပဲလေ့စ်)၊အင်ဒီလိုနာဂန်(အဲဗာတန်)၊မာတင်အိုဒီဂတ်(အာဆင်နယ်)၊မာ့ခ်လီယိုနတ်(ဘရိုက်တန်)နှင့်လီဝစ်ဘိတ်(လိဒ်)တို့ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား၁၀ဦးစာရင်းကိုကြည့်လိုက်ရင်အင်္ဂလန်ကစားသမားတစ်ဦးမှာမပါဝင်ခြင်းမရှိပါဘူး။
ယင်းပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမားစာရင်းကို RantCasinoကကြေညာခဲ့တာဖြစ်ပြီးမော်ဒယ်တစ်ယောက်ရဲ့ရုပ်ရည်နှင့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအဆင့်၁၂၃မှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။
RantCasino ဟာကစားသမားတစ်ဦးချင်းရဲ့မျက်နှာအချက်အလက်များကိုစစ်ဆေးပြီး Golden Ratio ရာခိုင်နှုန်းပေးပြီးအဆင့်သတ်မှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi