ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအကြီးဆုံးကစားသမား ၂၅ ဦးစာရင်းထွက်ပေါ်လာ

ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအကြီးဆုံးကစားသမား၂၅ဦးစာရင်းထွက်ပေါ်လာပါတယ်။ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအကြီးဆုံးကစားသမား၂၅ဦးစာရင်းမှာစိတ်ဝင်စားစရာကောင်းတာတချို့ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအကြီးဆုံးကစားသမား၂၅ဦးစာရင်းကို Transfermarket ကပြုလုပ်တာဖြစ်ပြီးကစားသမားတွေရဲ့တန်ကြေးက တဖြည်းဖြည်းမြင့်မားသထက်မြင့်မားလာနေတာတွေ့ရပါမယ်။

ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအကြီးဆုံးကစားသမားများစာရင်းကို Big Six မှကစားသမားအများစုဖြင့်လွှမ်းမိုးထားပြီး Big Six ပြင်ပကလပ်မှကစားသမားဆိုလို့ ဝက်စ်ဟမ်းမှဒက်စ်လန်းရိုက်တစ်ဦးတည်းသာပါဝင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ဟယ်ရီကိန်းကရပ်တည်နေပါတယ်။ဟယ်ရီကိန်းဟာယခုရာသီမှာပရီးမီးယားလိဂ်မှာတစ်ဂိုးတည်းသာသွင်းယူထားနိုင်ပေမယ့်လည်းပေါင်၁၀၈သန်းဖြင့်ရပ်တည်နေပါတယ်။ဟယ်ရီကိန်းဟာ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကဈေးကွက်တန်ဖိုးပေါင်၁၃၅သန်းအထိရှိနေခဲ့ရာမှကျဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယနေရာမှဂျက်ဂရဲလ်လစ်ရှ်ကတန်ကြေးပေါင်သန်း၉၀ဖြင့်ရပ်တည်နေပါတယ်။အင်္ဂလန်ကွင်းလယ်ကစားသမားဟာနွေတုန်းကဗီလာမှမန်စီးတီးသို့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ဖြင့်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။သူဟာမေလတုန်းကတန်ကြေးပေါင်၅၈.၅သန်းရှိရာကနေမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

တတိယနေရာမှာချဲလ်ဆီးတိုက်စစ်မှူးလူကာကူကလည်းပေါင်သန်း၉၀ဖြင့်ရပ်တည်နေပါတယ်။သူဟာလည်းနွေရာသီတုန်းကအင်တာမှချဲလ်ဆီးသို့ပေါင်၉၇.၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

စတုတ္ထနေရာမှာကီဗင်ဒီဘရိုင်းကလည်းပေါင်သန်း၉၀ဖြင့်ပင်ရပ်တည်နေပါတယ်။အားလုံးအံ့ဩသင့်ရတာကတော့လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံနေရတဲ့မိုဟာမက်ဆာလက်ကပဥ္စမနေရာမှာပေါင်သန်း၉၀ဖြင့်ရပ်တည်နေတာဖြစ်ပါတယ်။

နံပါတ်၆နေရာမှာရာဟမ်းစတာလင်း(မန်စီးတီး)၊နံပါတ်၇နေရာမှာဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊နံပါတ်၈နေရာမှာဂျာဒွန်ဆန်ချို(မန်ယူ)တို့ရပ်တည်နေပြီးသူတို့ရဲ့တန်ကြေးပေါင်၈၁သန်းအသီးသီးရှိကြပါတယ်။အဆင့်၉နေရာမှာဆာဒေယိုမာနေး(လီဗာပူး)၊အဆင့်၁၀နေရာမှာမားကပ်စ်ရပ်ရှ်ဖို့ဒ်(မန်ယူ)နှင့်အဆင့်၁၁နေရာမှာဆန်ဟောင်မင်းတို့ရပ်တည်နေပြီးသူတို့ရဲ့တန်ကြေးကလည်းပေါင်၇၆.၅သန်းစီရှိကြပါတယ်။အဆင့်၁၂နေရာမှာဖီးလ်ဖိုဒန်ကပေါင်၇၂သန်းဖြင့်ရပ်တည်နေပါတယ်။

အဆင့်၁၃နေရာမှာထရန်းအလက်ဇန္ဒားအာနိုး(လီဗာပူး)၊အဆင့်၁၄နေရာမှာမေဆင်မောင့်(ချဲလ်ဆီး)နှင့်အဆင့်၁၅နေရာမှာရူဘင်ဒိုင်ယက်စ်(မန်စီးတီး)တို့ရပ်တည်နေပြီးသူတို့ရဲ့တန်ကြေးကပေါင်၆၇.၅သန်းစီဖြစ်ပါတယ်။

အဆင့်၁၆နေရာမှာရိုဒရီ(မန်စီးတီး)၊အဆင့်၁၇နေရာမှာဒက်စ်လန်းရိုက်(ဝက်စ်ဟမ်း)၊အဆင့်၁၈နေရာမှာရာဖေးလ်ဗာရိန်း(မန်ယူ)၊အဆင့်၁၉နေရာမှာကိုင်ဟာဗတ်ဇ်(ချဲလ်ဆီး)၊အဆင့်၂၀နေရာမှာဘာနတ်ဒိုဆေးလ်ဗား(မန်စီးတီး)တို့ရပ်တည်နေပြီးသူတို့တန်ကြေးကပေါင်၆၃သန်းပါ။

ကျန်ပရီးမီးယားလိဂ်ရဲ့တန်ကြေးအမြင့်ဆုံးကစားသမား၂၅ဦးမှငါးဦးတို့ကတော့အဆင့်၂၁နေရာမှာဆာကာ(အာဆင်နယ်)နှင့်အဆင့်၂၂နေရာမှာအင်ဒီရောဘတ်ဆင်(လီဗာပူး)တို့ဖြစ်ကာတန်ကြး၅၈.၅သန်းစီရှိကြပါတယ်။၎င်းတို့နောက်မှာပေါ့ဘာ(မန်ယူ)နှင့်ဂါဘရီရယ်ဂျီးဆပ်စ်(မန်စီးတီး)တို့ကပေါင်၅၄သန်းဖြင့်ရပ်တည်နေပါတယ်။

အထက်ပါပရီးမီးယားလိဂ်ရဲ့တန်ကြေးအမြင့်မားဆုံးကစားသမား၂၅ဦးစာရင်းကိုကြည့်လိုက်ရင်လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်တာကိုတွေ့ရပါမယ်။ရော်နယ်ဒိုဟာနွေရာသီမှာဂျူဗင်တပ်မှမန်ယူသို့ပေါင်၁၃သန်းဝန်းကျင်ဖြင့်ပြောင်းလာပြီးနောက်မန်ယူအတွက်၁၀ပွဲကစားထားရာမှာ၇ဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအႀကီးဆုံးကစားသမား ၂၅ ဦးစာရင္းထြက္ေပၚလာ

ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအႀကီးဆုံးကစားသမား၂၅ဦးစာရင္းထြက္ေပၚလာပါတယ္။ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအႀကီးဆုံးကစားသမား၂၅ဦးစာရင္းမွာစိတ္ဝင္စားစရာေကာင္းတာတခ်ိဳ႕ပါဝင္ေနပါတယ္။

ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအႀကီးဆုံးကစားသမား၂၅ဦးစာရင္းကို Transfermarket ကျပဳလုပ္တာျဖစ္ၿပီးကစားသမားေတြရဲ႕တန္ေၾကးက တျဖည္းျဖည္းျမင့္မားသထက္ျမင့္မားလာေနတာေတြ႕ရပါမယ္။

ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအႀကီးဆုံးကစားသမားမ်ားစာရင္းကို Big Six မွကစားသမားအမ်ားစုျဖင့္လႊမ္းမိုးထားၿပီး Big Six ျပင္ပကလပ္မွကစားသမားဆိုလို႔ ဝက္စ္ဟမ္းမွဒက္စ္လန္း႐ိုက္တစ္ဦးတည္းသာပါဝင္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအႀကီးဆုံးကစားသမားအျဖစ္ ဟယ္ရီကိန္းကရပ္တည္ေနပါတယ္။ဟယ္ရီကိန္းဟာယခုရာသီမွာပရီးမီးယားလိဂ္မွာတစ္ဂိုးတည္းသာသြင္းယူထားႏိုင္ေပမယ့္လည္းေပါင္၁၀၈သန္းျဖင့္ရပ္တည္ေနပါတယ္။ဟယ္ရီကိန္းဟာ၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကေဈးကြက္တန္ဖိုးေပါင္၁၃၅သန္းအထိရွိေနခဲ့ရာမွက်ဆင္းလာခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယေနရာမွဂ်က္ဂရဲလ္လစ္ရွ္ကတန္ေၾကးေပါင္သန္း၉၀ျဖင့္ရပ္တည္ေနပါတယ္။အဂၤလန္ကြင္းလယ္ကစားသမားဟာေႏြတုန္းကဗီလာမွမန္စီးတီးသို႔ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ျဖင့္ေျပာင္းခဲ့သူလည္းျဖစ္ပါတယ္။သူဟာေမလတုန္းကတန္ေၾကးေပါင္၅၈.၅သန္းရွိရာကေနျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

တတိယေနရာမွာခ်ဲလ္ဆီးတိုက္စစ္မႉးလူကာကူကလည္းေပါင္သန္း၉၀ျဖင့္ရပ္တည္ေနပါတယ္။သူဟာလည္းေႏြရာသီတုန္းကအင္တာမွခ်ဲလ္ဆီးသို႔ေပါင္၉၇.၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

စတုတၳေနရာမွာကီဗင္ဒီဘ႐ိုင္းကလည္းေပါင္သန္း၉၀ျဖင့္ပင္ရပ္တည္ေနပါတယ္။အားလုံးအံ့ဩသင့္ရတာကေတာ့လက္ရွိပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားအျဖစ္သတ္မွတ္ခံေနရတဲ့မိုဟာမက္ဆာလက္ကပၪၥမေနရာမွာေပါင္သန္း၉၀ျဖင့္ရပ္တည္ေနတာျဖစ္ပါတယ္။

နံပါတ္၆ေနရာမွာရာဟမ္းစတာလင္း(မန္စီးတီး)၊နံပါတ္၇ေနရာမွာဘ႐ူႏိုဖာနန္ဒက္စ္(မန္ယူ)၊နံပါတ္၈ေနရာမွာဂ်ာဒြန္ဆန္ခ်ိဳ(မန္ယူ)တို႔ရပ္တည္ေနၿပီးသူတို႔ရဲ႕တန္ေၾကးေပါင္၈၁သန္းအသီးသီးရွိၾကပါတယ္။အဆင့္၉ေနရာမွာဆာေဒယိုမာေနး(လီဗာပူး)၊အဆင့္၁၀ေနရာမွာမားကပ္စ္ရပ္ရွ္ဖို႔ဒ္(မန္ယူ)ႏွင့္အဆင့္၁၁ေနရာမွာဆန္ေဟာင္မင္းတို႔ရပ္တည္ေနၿပီးသူတို႔ရဲ႕တန္ေၾကးကလည္းေပါင္၇၆.၅သန္းစီရွိၾကပါတယ္။အဆင့္၁၂ေနရာမွာဖီးလ္ဖိုဒန္ကေပါင္၇၂သန္းျဖင့္ရပ္တည္ေနပါတယ္။

အဆင့္၁၃ေနရာမွာထရန္းအလက္ဇႏၵားအာႏိုး(လီဗာပူး)၊အဆင့္၁၄ေနရာမွာေမဆင္ေမာင့္(ခ်ဲလ္ဆီး)ႏွင့္အဆင့္၁၅ေနရာမွာ႐ူဘင္ဒိုင္ယက္စ္(မန္စီးတီး)တို႔ရပ္တည္ေနၿပီးသူတို႔ရဲ႕တန္ေၾကးကေပါင္၆၇.၅သန္းစီျဖစ္ပါတယ္။

အဆင့္၁၆ေနရာမွာ႐ိုဒရီ(မန္စီးတီး)၊အဆင့္၁၇ေနရာမွာဒက္စ္လန္း႐ိုက္(ဝက္စ္ဟမ္း)၊အဆင့္၁၈ေနရာမွာရာေဖးလ္ဗာရိန္း(မန္ယူ)၊အဆင့္၁၉ေနရာမွာကိုင္ဟာဗတ္ဇ္(ခ်ဲလ္ဆီး)၊အဆင့္၂၀ေနရာမွာဘာနတ္ဒိုေဆးလ္ဗား(မန္စီးတီး)တို႔ရပ္တည္ေနၿပီးသူတို႔တန္ေၾကးကေပါင္၆၃သန္းပါ။

က်န္ပရီးမီးယားလိဂ္ရဲ႕တန္ေၾကးအျမင့္ဆုံးကစားသမား၂၅ဦးမွငါးဦးတို႔ကေတာ့အဆင့္၂၁ေနရာမွာဆာကာ(အာဆင္နယ္)ႏွင့္အဆင့္၂၂ေနရာမွာအင္ဒီေရာဘတ္ဆင္(လီဗာပူး)တို႔ျဖစ္ကာတန္ၾကး၅၈.၅သန္းစီရွိၾကပါတယ္။၎တို႔ေနာက္မွာေပါ့ဘာ(မန္ယူ)ႏွင့္ဂါဘရီရယ္ဂ်ီးဆပ္စ္(မန္စီးတီး)တို႔ကေပါင္၅၄သန္းျဖင့္ရပ္တည္ေနပါတယ္။

အထက္ပါပရီးမီးယားလိဂ္ရဲ႕တန္ေၾကးအျမင့္မားဆုံးကစားသမား၂၅ဦးစာရင္းကိုၾကည့္လိုက္ရင္လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္တာကိုေတြ႕ရပါမယ္။ေရာ္နယ္ဒိုဟာေႏြရာသီမွာဂ်ဴဗင္တပ္မွမန္ယူသို႔ေပါင္၁၃သန္းဝန္းက်င္ျဖင့္ေျပာင္းလာၿပီးေနာက္မန္ယူအတြက္၁၀ပြဲကစားထားရာမွာ၇ဂိုးသြင္းယူထားႏိုင္ပါတယ္။