ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံး ဒဏ်ရာပြဿနာနှင့်ကြုံရတဲ့အသင်းအဖြစ် လီဗာပူးရပ်တည်

၂၀၂၀ခုနှစ်မှ၂၀၂၁ခုနှစ်အထိကာလအတွင်းတွင်ပရီးမီးယားလိဂ်ကလပ်များရဲ့ဒဏ်ရာပြဿနာကြုံဆုံရတဲ့ပမာဏအတိအကျထွက်ပေါ်လာပါတယ်။လီဗာပူးဟာပရီးမီးယားလိဂ်တွင်ဒဏ်ရာပြဿနာအများဆုံးကြုံရတဲ့အသင်းအဖြစ်ဒဏ်ရာပြဿနာဇယားကိုထိပ်ဆုံးကဦးဆောင်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကလိဒ်နှင့်ပွဲတွင်ဟာဗေးအီလိယော့ဒဏ်ရာရရှိသွားမှုနဲ့အတူလီဗာပူးပရိသတ်များဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကဲ့သို့ဒဏ်ရာပြဿနာများဆက်တိုက်ကြုံဆုံလာရမည်ကိုအထူးစိုးရိမ်နေကြပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာအီဘာရီချီအီဇီးနှင့်နသန်ဖာဂူဆန်တို့ဒဏ်ရာပြဿနာကြောင့်ကာလရှည်ကြာအနားယူရမှုနဲ့အတူပရီးမီးယားလိဂ်တွင်ဒဏ်ရာပြဿနာကြောင့်နစ်နာဆုံးဒုတိယအသင်းအဖြစ်ရပ်တည်နေပါတယ်။

၂၀၂၀ခုနှစ်မှ၂၀၂၁ခုနှစ်အထိကာလအတွင်းမှာလီဗာပူးဟာကစားသမားများဒဏ်ရာရရှိမှုအကြိမ်၅၄ကြိမ်အထိကြုံခဲ့ရပြီးကစားသမားများရဲ့စုစုပေါင်းအနားယူရက်၁၇၂၂ရက်အထိရှိခဲ့ပါတယ်။

ချန်ပီယံမန်စီးတီးနှင့်မန်ချက်စတာယူနိုက်တက်တို့ကတော့ဒဏ်ရာကြောင့်ကစားသမားများကို၇၂၀ရက်နှင့်၇၆၆ရက်တို့သာဆုံးရှုံးထားရပါတယ်။

ချန်ပီယံလိဂ်ချန်ပီယံချဲလ်ဆီးကတော့ကစားသမားဆုံးရှုံးရမှုအနည်းဆုံးအသင်းဖြစ်ပါတယ်။ချဲလ်ဆီးဟာကစားသမားဒဏ်ရာပြဿနာကြုံရမှု၂၆ကြိမ်ကြုံခဲ့ရာမှာ၄၅၄ရက်တည်းသာဆုံးရှုံးခဲ့ရပါတယ်။

ဒဏ်ရာပြဿနာအနည်းဆုံးအသင်းအဖြစ်ဖူလ်ဟမ်က၂၃ကြိမ်သာကြုံခဲ့ပါတယ်။ဒါပေမယ့်၎င်းတို့ဟာကစားသမားများအား၇၁၃ရက်အထိဆုံးရှုံးထားရပါတယ်။

ZawGyi

ပရီးမီးယားလိဂ္တြင္ အဆိုး႐ြားဆုံး ဒဏ္ရာျပႆနာႏွင့္ႀကဳံရတဲ့အသင္းအျဖစ္ လီဗာပူးရပ္တည္

၂၀၂၀ခုႏွစ္မွ၂၀၂၁ခုႏွစ္အထိကာလအတြင္းတြင္ပရီးမီးယားလိဂ္ကလပ္မ်ားရဲ႕ဒဏ္ရာျပႆနာႀကဳံဆုံရတဲ့ပမာဏအတိအက်ထြက္ေပၚလာပါတယ္။လီဗာပူးဟာပရီးမီးယားလိဂ္တြင္ဒဏ္ရာျပႆနာအမ်ားဆုံးႀကဳံရတဲ့အသင္းအျဖစ္ဒဏ္ရာျပႆနာဇယားကိုထိပ္ဆုံးကဦးေဆာင္ထားပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကလိဒ္ႏွင့္ပြဲတြင္ဟာေဗးအီလိေယာ့ဒဏ္ရာရရွိသြားမႈနဲ႔အတူလီဗာပူးပရိသတ္မ်ားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကကဲ့သို႔ဒဏ္ရာျပႆနာမ်ားဆက္တိုက္ႀကဳံဆုံလာရမည္ကိုအထူးစိုးရိမ္ေနၾကပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာအီဘာရီခ်ီအီဇီးႏွင့္နသန္ဖာဂူဆန္တို႔ဒဏ္ရာျပႆနာေၾကာင့္ကာလရွည္ၾကာအနားယူရမႈနဲ႔အတူပရီးမီးယားလိဂ္တြင္ဒဏ္ရာျပႆနာေၾကာင့္နစ္နာဆုံးဒုတိယအသင္းအျဖစ္ရပ္တည္ေနပါတယ္။

၂၀၂၀ခုႏွစ္မွ၂၀၂၁ခုႏွစ္အထိကာလအတြင္းမွာလီဗာပူးဟာကစားသမားမ်ားဒဏ္ရာရရွိမႈအႀကိမ္၅၄ႀကိမ္အထိႀကဳံခဲ့ရၿပီးကစားသမားမ်ားရဲ႕စုစုေပါင္းအနားယူရက္၁၇၂၂ရက္အထိရွိခဲ့ပါတယ္။

ခ်န္ပီယံမန္စီးတီးႏွင့္မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ဒဏ္ရာေၾကာင့္ကစားသမားမ်ားကို၇၂၀ရက္ႏွင့္၇၆၆ရက္တို႔သာဆုံးရႈံးထားရပါတယ္။

ခ်န္ပီယံလိဂ္ခ်န္ပီယံခ်ဲလ္ဆီးကေတာ့ကစားသမားဆုံးရႈံးရမႈအနည္းဆုံးအသင္းျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာကစားသမားဒဏ္ရာျပႆနာႀကဳံရမႈ၂၆ႀကိမ္ႀကဳံခဲ့ရာမွာ၄၅၄ရက္တည္းသာဆုံးရႈံးခဲ့ရပါတယ္။

ဒဏ္ရာျပႆနာအနည္းဆုံးအသင္းအျဖစ္ဖူလ္ဟမ္က၂၃ႀကိမ္သာႀကဳံခဲ့ပါတယ္။ဒါေပမယ့္၎တို႔ဟာကစားသမားမ်ားအား၇၁၃ရက္အထိဆုံးရႈံးထားရပါတယ္။