
အာဆင်နယ်ဟာရှက်ဖီးလ်ယူနိုက်တက်ဂိုးသမားအေရွမ်ရမ်ဒဲလ်ကိုခြောက်နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။
အာဆင်နယ်ဟာအင်္ဂလန်လက်ရွေးစင်ဂိုးသမားအတွက်ရှက်ဖီးလ်ယူနိုက်ကက်ကိုပေါင်၂၄သန်းပေးခဲ့ရတာဖြစ်ပြီးအောင်မြင်မှုအပေါ်မူတည်ကာနောက်ထပ်ပေါင်၆သန်းထပ်မံပေးရမယ့်အချက်ဖြင့်ခေါ်ယူခဲ့တာပါ။
ရမ်ဒဲလ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်မှတန်းဆင်းခဲ့ရတဲ့ရှက်ဖီးလ်ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်၃၈ပွဲလုံးကိုကစားခဲ့သူဖြစ်ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်ဟာပေးဂိုး၆၃ဂိုးအထိရှိခဲ့ပြီးရမှတ်၂၃မှတ်တည်းရရှိကာဇယားကြမ်းခင်းမှာရပ်တည်ပြီးတန်းဆင်းခဲ့ရတာပါ။
ဒါပေမယ့်ရမ်ဒဲလ်ရဲ့အမှားများကြောင့်လို့ယူဆလို့မရပါဘူး။အသက်၂၃နှစ်ရှိရမ်ဒဲလ်ဟာကာကွယ်မှုပေါင်း၁၄၇ကြိမ်အထိကာကွယ်မှုပြုလုပ်ပေးခဲ့ပါတယ်။
ရှက်ဖီးလ်ဟာဝက်စ်ဟမ်း(၇၆ဂိုး)၊ဆောက်သမ်တန်(၆၈ဂိုး)၊ပဲလေ့စ်(၆၆ဂိုး)တို့လောက်ဂိုးမပေးခဲ့ရပါဘူး။
တစ်ဖက်တွင်ရှက်ဖီးလ်ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာလည်းပရီးမီးယားလိဂ်၃၈ပွဲတွင်ဂိုး၂၀တည်းသာရရှိခဲ့ပါတယ်။
ရမ်ဒဲလ်ဟာဝက်စ်ဘရွန်းဂိုးသမားဆမ်ဂျွန်စတုန်း(၁၆၆ကြိမ်ကာကွယ်)ပြီးရင်ပရီးမီးယားလိဂ်မှာကာကွယ်မှုအများဆုံးဂိုးသမားအဖြစ်ရပ်တည်ခဲ့တာပါ။
ZawGyi
ပရီးမီးယားလိဂ္ရဲ႕ဒုတိယကာကြယ္မႈအမ်ားဆုံးဂိုးသမားကို အာဆင္နယ္ေခၚယူလိုက္ႏိုင္ၿပီ
အာဆင္နယ္ဟာရွက္ဖီးလ္ယူႏိုက္တက္ဂိုးသမားေအ႐ြမ္ရမ္ဒဲလ္ကိုေျခာက္ႏွစ္စာခ်ဳပ္ျဖင့္ေခၚယူလိုက္ပါတယ္။
အာဆင္နယ္ဟာအဂၤလန္လက္ေ႐ြးစင္ဂိုးသမားအတြက္ရွက္ဖီးလ္ယူႏိုက္ကက္ကိုေပါင္၂၄သန္းေပးခဲ့ရတာျဖစ္ၿပီးေအာင္ျမင္မႈအေပၚမူတည္ကာေနာက္ထပ္ေပါင္၆သန္းထပ္မံေပးရမယ့္အခ်က္ျဖင့္ေခၚယူခဲ့တာပါ။
ရမ္ဒဲလ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္မွတန္းဆင္းခဲ့ရတဲ့ရွက္ဖီးလ္ယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္၃၈ပြဲလုံးကိုကစားခဲ့သူျဖစ္ပါတယ္။
ရွက္ဖီးလ္ယူႏိုက္တက္ဟာေပးဂိုး၆၃ဂိုးအထိရွိခဲ့ၿပီးရမွတ္၂၃မွတ္တည္းရရွိကာဇယားၾကမ္းခင္းမွာရပ္တည္ၿပီးတန္းဆင္းခဲ့ရတာပါ။
ဒါေပမယ့္ရမ္ဒဲလ္ရဲ႕အမွားမ်ားေၾကာင့္လို႔ယူဆလို႔မရပါဘူး။အသက္၂၃ႏွစ္ရွိရမ္ဒဲလ္ဟာကာကြယ္မႈေပါင္း၁၄၇ႀကိမ္အထိကာကြယ္မႈျပဳလုပ္ေပးခဲ့ပါတယ္။
ရွက္ဖီးလ္ဟာဝက္စ္ဟမ္း(၇၆ဂိုး)၊ေဆာက္သမ္တန္(၆၈ဂိုး)၊ပဲေလ့စ္(၆၆ဂိုး)တို႔ေလာက္ဂိုးမေပးခဲ့ရပါဘူး။
တစ္ဖက္တြင္ရွက္ဖီးလ္ယူႏိုက္တက္ရဲ႕တိုက္စစ္ပိုင္းမွာလည္းပရီးမီးယားလိဂ္၃၈ပြဲတြင္ဂိုး၂၀တည္းသာရရွိခဲ့ပါတယ္။
ရမ္ဒဲလ္ဟာဝက္စ္ဘ႐ြန္းဂိုးသမားဆမ္ဂြၽန္စတုန္း(၁၆၆ႀကိမ္ကာကြယ္)ၿပီးရင္ပရီးမီးယားလိဂ္မွာကာကြယ္မႈအမ်ားဆုံးဂိုးသမားအျဖစ္ရပ္တည္ခဲ့တာပါ။