ပရီးမီးယားလိဂ်ရဲ့အထူးခွင့်ပြုချက်ဖြင့် ကျောနံပါတ် ၇ ဝတ်ဆင်ခွင့်ရရှိသွားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်တကျော့ပြန်ခရီးမှာကျောနံပါတ်၇ကိုဝတ်ဆင်ကစားသွားပါမယ်။မန်ယူအသင်းကဂန္ထဝင်ကစားသမားရော်နယ်ဒိုဟာ ပထမအကြိမ်မန်ယူတွင်ကစားစဉ်တုန်းကဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၇ကိုဝတ်ဆင်ကစားသွားမှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

မန်ယူရဲ့ကျောနံပါတ်၇ကိုအက်ဒီဆင်ကာဗာနီကဝတ်ဆင်နေတာဖြစ်ပါတယ်။အိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာအင်္ကျီကျောနံပါတ်ပြောင်းလဲခွင့်ပေးရန်ပရီးမီးယားလိဂ်ထံတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ပရီးမီးယားလိဂ်ကလည်းအလိုလိုက်ကာအထူးခွင့်ပြုချက်ပေးလိုက်မှုနဲ့အတူရော်နယ်ဒိုဟာကျောနံပါတ်၇ကိုဝတ်ဆင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အက်ဒီဆင်ကာဗာနီဟာလိဒ်ယူနိုက်တက်သို့ပြောင်းရွှေ့သွားခဲ့တဲ့ဒါနီရယ်ဂျိမ်းစ်ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၂၁ကိုပြောင်းလဲဝတ်ဆင်သွားပါမယ်။အက်ဒီဆင်ကာဗာနီဟာဥရုဂွေးအသင်းမှာကျောနံပါတ်၂၁ကိုဝတ်ဆင်လာသူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုက “ကျောနံပါတ်၇ကိုထပ်ပြီးဝတ်ဆင်ခွင့်ရမလားအရေရာခဲ့ပါဘူး။အက်ဒီကိုအထူးကျေးဇူးတင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူရဲ့ကျောနံပါတ်၇မှာအစဉ်အလာကြီးမားတဲ့ကျောနံပါတ်ဖြစ်ပြီးဂျော့ဘတ်စ်၊ဘရိုင်ယန်ရော့ဘ်ဆင်၊အဲရစ်ကန်တိုနာ၊ဒေးဗစ်ဘက်ဟမ်းတို့ဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာသူ့ရဲ့မန်ယူအတွက်ပထမဆုံးပွဲစဉ်အဖြစ်လာမယ့်စက်တင်ဘာလ၁၁ရက်နေ့နယူးကာဆယ်နှင့်ပွဲစဉ်မှာစတင်ကစားသွားပါမယ်။ရော်နယ်ဒိုဟာပထမအကြိမ်မန်ယူတွင်ကစားစဉ်တုန်းကနယူးကာဆယ်နှင့်၁၀ကြိမ်ရင်ဆိုင်ခဲ့ရာမှာ၉ပွဲနိုင်၊၁ပွဲသရေကျပြီးရှုံးပွဲမရှိထားသူဖြစ်ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ရဲ႕အထူးခြင့္ျပဳခ်က္ျဖင့္ ေက်ာနံပါတ္ ၇ ဝတ္ဆင္ခြင့္ရရွိသြားတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္တေက်ာ့ျပန္ခရီးမွာေက်ာနံပါတ္၇ကိုဝတ္ဆင္ကစားသြားပါမယ္။မန္ယူအသင္းကဂႏၴဝင္ကစားသမားေရာ္နယ္ဒိုဟာ ပထမအႀကိမ္မန္ယူတြင္ကစားစဥ္တုန္းကဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၇ကိုဝတ္ဆင္ကစားသြားမွာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

မန္ယူရဲ႕ေက်ာနံပါတ္၇ကိုအက္ဒီဆင္ကာဗာနီကဝတ္ဆင္ေနတာျဖစ္ပါတယ္။အိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူဟာအက်ႌေက်ာနံပါတ္ေျပာင္းလဲခြင့္ေပးရန္ပရီးမီးယားလိဂ္ထံေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။ပရီးမီးယားလိဂ္ကလည္းအလိုလိုက္ကာအထူးခြင့္ျပဳခ်က္ေပးလိုက္မႈနဲ႔အတူေရာ္နယ္ဒိုဟာေက်ာနံပါတ္၇ကိုဝတ္ဆင္ခြင့္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အက္ဒီဆင္ကာဗာနီဟာလိဒ္ယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ဒါနီရယ္ဂ်ိမ္းစ္ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၂၁ကိုေျပာင္းလဲဝတ္ဆင္သြားပါမယ္။အက္ဒီဆင္ကာဗာနီဟာဥ႐ုေဂြးအသင္းမွာေက်ာနံပါတ္၂၁ကိုဝတ္ဆင္လာသူလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုက “ေက်ာနံပါတ္၇ကိုထပ္ၿပီးဝတ္ဆင္ခြင့္ရမလားအေရရာခဲ့ပါဘူး။အက္ဒီကိုအထူးေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူရဲ႕ေက်ာနံပါတ္၇မွာအစဥ္အလာႀကီးမားတဲ့ေက်ာနံပါတ္ျဖစ္ၿပီးေဂ်ာ့ဘတ္စ္၊ဘ႐ိုင္ယန္ေရာ့ဘ္ဆင္၊အဲရစ္ကန္တိုနာ၊ေဒးဗစ္ဘက္ဟမ္းတို႔ဝတ္ဆင္ခဲ့တဲ့နံပါတ္ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာသူ႔ရဲ႕မန္ယူအတြက္ပထမဆုံးပြဲစဥ္အျဖစ္လာမယ့္စက္တင္ဘာလ၁၁ရက္ေန႔နယူးကာဆယ္ႏွင့္ပြဲစဥ္မွာစတင္ကစားသြားပါမယ္။ေရာ္နယ္ဒိုဟာပထမအႀကိမ္မန္ယူတြင္ကစားစဥ္တုန္းကနယူးကာဆယ္ႏွင့္၁၀ႀကိမ္ရင္ဆိုင္ခဲ့ရာမွာ၉ပြဲႏိုင္၊၁ပြဲသေရက်ၿပီးရႈံးပြဲမရွိထားသူျဖစ္ပါတယ္။