ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမား ၅ ဦးထွက်ပေါ်လာ၊ ယူနိုက်တက်စတားတစ်ဦး အံ့ဩသင့်ဖွယ်ပါဝင်နေ

လီဗာပူးစတားတစ်ဦးဟာပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားအဖြစ် အံ့ဩသင့်ဖွယ်ရပ်တည်နေပြီးအာဆင်နယ်ရဲ့ဂါဘရီရယ်မာတီနယ်လီမှာဒုတိယနေရာမှာရပ်တည်နေကာ ယူနိုက်တက်စတားတစ်ဦးမှာလည်းအမြန်ဆုံးကစားသမား၅ဦးစာရင်းတွင်အံ့ဩသင့်ဖွယ်ပါဝင်နေပါတယ်။

လီဗာပူးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာဖူလ်ဟမ်နှင့်၂ဂိုးစီသရေကျတဲ့ပွဲတွင် 36.5 km/h နှုန်းဖြင့်ပြေးလွှားကပရီးမီးယားလိဂ်တွင်အမြန်ဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

အသက်၂၃နှစ်ရှိလီဗာပူးရဲ့ပေါင်၈၅သန်းတန်တိုက်စစ်မှူးဟာဖူလ်ဟမ်နှင့်ပွဲတွင်ပထမချေပဂိုးသွင်းခဲ့သလို ဖန်တီးမှုတစ်ကြိမ်လည်းပြုလုပ်နိုင်ခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင်နူနက်ဇ်ဟာပရီးမီးယားလိဂ်ဂိုး၃ဂိုးအထိသွင်းထားနိုင်ပြီး နောက်ဆုံးဂိုးသွင်းခဲ့တဲ့ပွဲကဝက်စ်ဟမ်းကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိအာဆင်နယ်စတားဂါဘရီရယ်မာတီနယ်လီမှာလည်း နူနက်ဇ်ရဲ့သိပ်မကွာဘဲ ပရီးမီးယားလိဂ်ရဲ့ဒုတိယအမြန်ဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။ဘရာဇီးစတားဟာ 35.9 km/h ဖြင့် ဒုတိယနေရာမှာရပ်တည်နေပါတယ်။

မာတီနယ်လီဟာအာတီတာရဲ့အာဆင်နယ်တိုက်စစ်တွင်အရေးပါတဲ့သူအဖြစ်ကစားနေသူဖြစ်ပြီး၄ဂိုးသွင်းကာ၂ကြိမ်ဖန်တီးထားပါတယ်။

အံ့ဩစရာကောင်းတာကတော့ယူနိုက်တက်ညာနောက်ခံလူဒီယေဂိုဒါလော့ပ်မှာ35.8 km/h ဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။သူဟာနယူးကာဆယ်စတားအယ်လ်လန်စိန့်မာဆီမန်ထက်ပိုမြန်ပါတယ်။

သူဟာနည်းပြအဲရစ်တန်ဟက်လက်အောက်တွင်အေရွန်ဝန်ဘစ်ဆာကာကိုကျော်ကာဦးစားပေးညာနောက်ခံလူအဖြစ်ကစားခွင့်ရနေသူဖြစ်ပါတယ်။အသက်၂၃နှစ်ရှိပေါ်တူဂီစတားဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၄ပွဲကစားခွင့်ရထားပါတယ်။

စတုတ္ထနေရာတွင်နယူးကာဆယ်စတားအယ်လ်လန်စိန့်မာဆီမန်မှာရပ်တည်နေပါတယ်။ဘုန်းမောက်ရဲ့ဂျက်စတေစီမှာလည်းပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမား၅ဦးစာရင်းတွင်မြန်နှုန်း35.6 km/h ဖြင့်ပါဝင်နေပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမား ၅ ဦးထြက္ေပၚလာ၊ ယူႏိုက္တက္စတားတစ္ဦး အံ့ဩသင့္ဖြယ္ပါဝင္ေန

လီဗာပူးစတားတစ္ဦးဟာပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမားအျဖစ္ အံ့ဩသင့္ဖြယ္ရပ္တည္ေနၿပီးအာဆင္နယ္ရဲ႕ဂါဘရီရယ္မာတီနယ္လီမွာဒုတိယေနရာမွာရပ္တည္ေနကာ ယူႏိုက္တက္စတားတစ္ဦးမွာလည္းအျမန္ဆုံးကစားသမား၅ဦးစာရင္းတြင္အံ့ဩသင့္ဖြယ္ပါဝင္ေနပါတယ္။

လီဗာပူးတိုက္စစ္မႉးဒါဝင္ႏူနက္ဇ္ဟာဖူလ္ဟမ္ႏွင့္၂ဂိုးစီသေရက်တဲ့ပြဲတြင္ 36.5 km/h ႏႈန္းျဖင့္ေျပးလႊားကပရီးမီးယားလိဂ္တြင္အျမန္ဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

အသက္၂၃ႏွစ္ရွိလီဗာပူးရဲ႕ေပါင္၈၅သန္းတန္တိုက္စစ္မႉးဟာဖူလ္ဟမ္ႏွင့္ပြဲတြင္ပထမေခ်ပဂိုးသြင္းခဲ့သလို ဖန္တီးမႈတစ္ႀကိမ္လည္းျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ယင္းေနာက္ပိုင္းတြင္ႏူနက္ဇ္ဟာပရီးမီးယားလိဂ္ဂိုး၃ဂိုးအထိသြင္းထားႏိုင္ၿပီး ေနာက္ဆုံးဂိုးသြင္းခဲ့တဲ့ပြဲကဝက္စ္ဟမ္းကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိအာဆင္နယ္စတားဂါဘရီရယ္မာတီနယ္လီမွာလည္း ႏူနက္ဇ္ရဲ႕သိပ္မကြာဘဲ ပရီးမီးယားလိဂ္ရဲ႕ဒုတိယအျမန္ဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။ဘရာဇီးစတားဟာ 35.9 km/h ျဖင့္ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

မာတီနယ္လီဟာအာတီတာရဲ႕အာဆင္နယ္တိုက္စစ္တြင္အေရးပါတဲ့သူအျဖစ္ကစားေနသူျဖစ္ၿပီး၄ဂိုးသြင္းကာ၂ႀကိမ္ဖန္တီးထားပါတယ္။

အံ့ဩစရာေကာင္းတာကေတာ့ယူႏိုက္တက္ညာေနာက္ခံလူဒီေယဂိုဒါေလာ့ပ္မွာ35.8 km/h ျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။သူဟာနယူးကာဆယ္စတားအယ္လ္လန္စိန႔္မာဆီမန္ထက္ပိုျမန္ပါတယ္။

သူဟာနည္းျပအဲရစ္တန္ဟက္လက္ေအာက္တြင္ေအ႐ြန္ဝန္ဘစ္ဆာကာကိုေက်ာ္ကာဦးစားေပးညာေနာက္ခံလူအျဖစ္ကစားခြင့္ရေနသူျဖစ္ပါတယ္။အသက္၂၃ႏွစ္ရွိေပၚတူဂီစတားဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၄ပြဲကစားခြင့္ရထားပါတယ္။

စတုတၳေနရာတြင္နယူးကာဆယ္စတားအယ္လ္လန္စိန႔္မာဆီမန္မွာရပ္တည္ေနပါတယ္။ဘုန္းေမာက္ရဲ႕ဂ်က္စေတစီမွာလည္းပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမား၅ဦးစာရင္းတြင္ျမန္ႏႈန္း35.6 km/h ျဖင့္ပါဝင္ေနပါတယ္။