ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင် ရော်နယ်ဒိုနှင့် ကာဗာနီတို့နှစ်ဦးလုံးကို ကျောနံပါတ် ၇ ဝတ်ဆင်မည်ဟု ဖော်ပြထား

ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူကျောနံပါတ်အား၇ လို့ ဖော်ပြလာပါတယ်။ဒါ့အပြင်ပရီးမီးယားလိဂ်ဟာအက်ဒီဆင်ကာဗာနီကိုလည်းမန်ယူရဲ့ကျောနံပါတ်၇ကစားသမားအဖြစ်ဖော်ပြထားတုန်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုမန်ယူကစားသမားအဖြစ်ဖော်ပြလာတာဖြစ်ပါတယ်။တစ်ဖက်တွင်ပရီးမီးယားလိဂ်ဟာမန်ယူရဲ့ကျောနံပါတ်၇ပိုင်ရှင်ဟောင်းကာဗာနီဟာဖြုတ်ချခြင်းမရှိသေးပါဘူး။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုဝတ်ဆင်မယ့်ကျောနံပါတ်ကိုကြေညာခြင်းမရှိသေးပါဘူး။မန်ယူရဲ့ဝက်ဘ်ဆိုက်တွင်ကျောနံပါတ်၇ကစားသမားအဖြစ်ကာဗာနီအဖြစ်ဘဲဖော်ပြထားပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၃ခုနှစ်တုန်းကစပို့တင်းလစ္စဘွန်းမှမန်ယူသို့ရောက်ကတည်းကကျောနံပါတ်၇ကိုဝတ်ဆင်လာခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၀၉ခုနှစ်တုန်းကရီးရဲလ်မက်ဒရစ်သို့စရောက်တဲ့နှစ်မှာကျောနံပါတ်၉ကိုဝတ်ဆင်ခဲ့ပေမယ့်နောက်တစ်ရာသီမှစတင်ကာကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့ပါတယ်။

တစ်ဖက်တွင်မန်ယူရဲ့ကျောနံပါတ်၇ပိုင်ရှင်ကာဗာနီဟာလည်းပါလာမို၊နာပိုလီတို့တွင်ကစားစဉ်ကကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့ပြီးပြီးခဲ့တဲ့ရာသီတုန်းကမန်ယူတွင်ကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာပီအက်စ်ဂျီမှာတုန်းကကျောနံပါတ်၉ကိုဝတ်ဆင်ခဲ့ပြီးလက်ရွေးစင်အသင်းတွင်ကျောနံပါတ်၂၁ကိုဝတ်ဆင်နေပါတယ်။

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ကတော့မန်ယူသို့တကျော့ပြန်ရောက်လာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဝတ်ဆင်လာမယ့်ကျောနံပါတ်နှင့်ပတ်သက်ပြီးအရိပ်အမြွက်ပြောကြားလာပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရကစားသမားတစ်ဦးဟာတစ်ရာသီအတွင်းမှာကျောနံပါတ်နှစ်ခုပြောင်းလဲဝတ်ဆင်လို့မရပါဘူး။ဒါပေမယ့်အက်ဒီဆင်ကာဗာနီမှာယခုရာသီတွင်မန်ယူအတွက်တစ်ပွဲမျှကစားရသေးခြင်းမရှိပါဘူး။

ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ကျောနံပါတ်၇ကိုရယူနိုင်ပါတယ်။

ရီယိုဖာဒီနန်က “ကာဗာနီကိုရော်နယ်ဒိုရဲ့ Back-up အဖြစ်တွေးရတာတောင်မယုံနိုင်စရာကောင်းပါတယ်။ကာဗာနီ။သူနဲ့ပတ်သက်ပြီးပြောစရာရှိတယ်။သူကရင့်ကျက်တဲ့သူပါ။ဒီမြို့သို့ဘယ်ရောက်လာသလဲသူသိပါတယ်။နံပါတ်၇အင်္ကျီကိုလက်လွှတ်လိုက်ပါတယ်။ဖြစ်နိုင်သလားမသိပါဘူး။သူလုပ်မလား၊မလုပ်ဘူးလားမသိပါဘူး။ပြဿနာကဒီကျောနံပါတ်ကိုမှတ်ပုံတင်ထားသလားဆိုတာပါ။ဒါမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီအချက်ကပဲပြဿနာရှိနိုင်ပါတယ်။အဲဒီလိုဆိုရင်တော့သူဟာကျောနံပါတ်၇ကိုဝတ်ဆင်နိုင်မှာမဟုတ်ပါဘူး။ဘာဖြစ်လာမလဲကြည့်ရပါမယ်”လို့ပြောကြားသွားပါတယ်။

အစောပိုင်းခန့်မှန်းချက်များအရခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့မပြောင်းခင်တုန်းကစပို့တင်းလစ္စဘွန်းတွင်ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၂၈ကိုဝတ်ဆင်နိုင်ကြောင်းလည်းသိရပါတယ်။

ZawGyi

ပရီးမီးယားလိဂ္ဝက္ဘ္ဆိုက္တြင္ ေရာ္နယ္ဒိုႏွင့္ ကာဗာနီတို႔ႏွစ္ဦးလုံးကို ေက်ာနံပါတ္ ၇ ဝတ္ဆင္မည္ဟု ေဖာ္ျပထား

ပရီးမီးယားလိဂ္ဝက္ဘ္ဆိုက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ယူေက်ာနံပါတ္အား၇ လို႔ ေဖာ္ျပလာပါတယ္။ဒါ့အျပင္ပရီးမီးယားလိဂ္ဟာအက္ဒီဆင္ကာဗာနီကိုလည္းမန္ယူရဲ႕ေက်ာနံပါတ္၇ကစားသမားအျဖစ္ေဖာ္ျပထားတုန္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုမန္ယူကစားသမားအျဖစ္ေဖာ္ျပလာတာျဖစ္ပါတယ္။တစ္ဖက္တြင္ပရီးမီးယားလိဂ္ဟာမန္ယူရဲ႕ေက်ာနံပါတ္၇ပိုင္ရွင္ေဟာင္းကာဗာနီဟာျဖဳတ္ခ်ျခင္းမရွိေသးပါဘူး။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုဝတ္ဆင္မယ့္ေက်ာနံပါတ္ကိုေၾကညာျခင္းမရွိေသးပါဘူး။မန္ယူရဲ႕ဝက္ဘ္ဆိုက္တြင္ေက်ာနံပါတ္၇ကစားသမားအျဖစ္ကာဗာနီအျဖစ္ဘဲေဖာ္ျပထားပါေသးတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၀၃ခုႏွစ္တုန္းကစပို႔တင္းလစၥဘြန္းမွမန္ယူသို႔ေရာက္ကတည္းကေက်ာနံပါတ္၇ကိုဝတ္ဆင္လာခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၀၉ခုႏွစ္တုန္းကရီးရဲလ္မက္ဒရစ္သို႔စေရာက္တဲ့ႏွစ္မွာေက်ာနံပါတ္၉ကိုဝတ္ဆင္ခဲ့ေပမယ့္ေနာက္တစ္ရာသီမွစတင္ကာေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့ပါတယ္။

တစ္ဖက္တြင္မန္ယူရဲ႕ေက်ာနံပါတ္၇ပိုင္ရွင္ကာဗာနီဟာလည္းပါလာမို၊နာပိုလီတို႔တြင္ကစားစဥ္ကေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့ၿပီးၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူတြင္ေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာပီအက္စ္ဂ်ီမွာတုန္းကေက်ာနံပါတ္၉ကိုဝတ္ဆင္ခဲ့ၿပီးလက္ေ႐ြးစင္အသင္းတြင္ေက်ာနံပါတ္၂၁ကိုဝတ္ဆင္ေနပါတယ္။

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ကေတာ့မန္ယူသို႔တေက်ာ့ျပန္ေရာက္လာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဝတ္ဆင္လာမယ့္ေက်ာနံပါတ္ႏွင့္ပတ္သက္ၿပီးအရိပ္အႁမြက္ေျပာၾကားလာပါတယ္။

ပရီးမီးယားလိဂ္စည္းမ်ဥ္းအရကစားသမားတစ္ဦးဟာတစ္ရာသီအတြင္းမွာေက်ာနံပါတ္ႏွစ္ခုေျပာင္းလဲဝတ္ဆင္လို႔မရပါဘူး။ဒါေပမယ့္အက္ဒီဆင္ကာဗာနီမွာယခုရာသီတြင္မန္ယူအတြက္တစ္ပြဲမွ်ကစားရေသးျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ေက်ာနံပါတ္၇ကိုရယူႏိုင္ပါတယ္။

ရီယိုဖာဒီနန္က “ကာဗာနီကိုေရာ္နယ္ဒိုရဲ႕ Back-up အျဖစ္ေတြးရတာေတာင္မယုံႏိုင္စရာေကာင္းပါတယ္။ကာဗာနီ။သူနဲ႔ပတ္သက္ၿပီးေျပာစရာရွိတယ္။သူကရင့္က်က္တဲ့သူပါ။ဒီၿမိဳ႕သို႔ဘယ္ေရာက္လာသလဲသူသိပါတယ္။နံပါတ္၇အက်ႌကိုလက္လႊတ္လိုက္ပါတယ္။ျဖစ္ႏိုင္သလားမသိပါဘူး။သူလုပ္မလား၊မလုပ္ဘူးလားမသိပါဘူး။ျပႆနာကဒီေက်ာနံပါတ္ကိုမွတ္ပုံတင္ထားသလားဆိုတာပါ။ဒါမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ဒီအခ်က္ကပဲျပႆနာရွိႏိုင္ပါတယ္။အဲဒီလိုဆိုရင္ေတာ့သူဟာေက်ာနံပါတ္၇ကိုဝတ္ဆင္ႏိုင္မွာမဟုတ္ပါဘူး။ဘာျဖစ္လာမလဲၾကည့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အေစာပိုင္းခန႔္မွန္းခ်က္မ်ားအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔မေျပာင္းခင္တုန္းကစပို႔တင္းလစၥဘြန္းတြင္ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၂၈ကိုဝတ္ဆင္ႏိုင္ေၾကာင္းလည္းသိရပါတယ္။