ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအလယ်တန်းကစားသမား ၁၀ ဦးထွက်ပေါ်လာ
လက်ရှိပရီးမီးယားလိဂ်မှအလယ်တန်းကစားသမားများကတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးအလယ်တန်းမျိုးဆက်လို့ ပြောလို့ရပါတယ်။အန်ဂိုလိုကန်တီ၊ကီဗင်ဒီဘရိုင်း၊ဘရူနိုဖာနန်ဒက်စ်နှင့်ပေါလ်ပေါ့ဘာတို့ကအကောင်းဆုံးစာရင်းမှာပါဝင်ပါတယ်။
ဒါပေမယ့်ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးအလယ်တန်းကစားသမား၁၀ဦးစာရင်းထွက်ပေါ်လာပါတယ်။ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးအလယ်တန်းကစားသမား ၁၀ဦးစာရင်းမှာလက်ရှိပရီးမီးယားလိဂ်မှာကစားနေတဲ့အလယ်တန်းကစားသမားတွေထဲကတစ်ဦးဘဲပါဝင်လာတာတွေ့ရပါတယ်။မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းဟာအဆင့်၉နေရာမှာရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ပရီးမီးယာားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးအလယ်တန်းကစားသမား၁၀ဦးကို ပရိသတ်များရဲ့မဲဆန္ဒဖြင့်ရွေးချယ်ခဲ့ရာမှာပေါလ်စခိုးကအကောင်းဆုံးအလယ်တန်းကစားသမားအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ပေါလ်စခိုးဟာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၄၉၉ပွဲကစားခဲ့ရာမှာ၁၀၇ဂိုးသွင်းပြီး၅၅ကြိမ်ဖန်တီးခဲ့ပါတယ်။အင်္ဂလန်သမိုင်းတွင်အကောင်းဆုံးအလယ်တန်းကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဟာပရီးမီးယားလိဂ်ဖလား၁၁ကြိမ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဒုတိယနေရာမှာချဲလ်ဆီးဂန္ထဝင်ဖရန့်လမ်းပတ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ပရီးမီးယားလိဂ်ဖလား၃ကြိမ်ဆွတ်ခူးခဲ့တဲ့လမ်းပတ်ဟာပရီးမီးယားလိဂ်ပွဲ၆၀၉ပွဲကစားခဲ့ရာမှာ၁၇၇ဂိုးသွင်းပြီး၁၀၂ကြိမ်အထိဖန်တီးနိုင်ခဲ့ပါတယ်။
တတိယနေရာမှာရွေးချယ်ခြင်းခံခဲ့ရတာကတော့ပနနနရီးမီးယားလိဂ်ဖလားတစ်ကြိမ်မျှမရခဲ့ဖူးတဲ့လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်ဖြစ်ပါတယ်။သူဟာပရီးမီးယားလိဂ်ပွဲ၅၀၄ပွဲကစားခဲ့ရာမှာဂိုး၁၂၀သွင်းပြီး၉၂ကြိမ်ဖန်တီးခဲ့ပါတယ်။
စတုတ္ထနေရာမှာမန်စီးတီးဂန္ထဝင်ဒေးဗစ်ဆေးလ်ဗားရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဆေးလ်ဗားဟာမန်စီးတီးအတွက်၃၀၉ပွဲကစားခဲ့ရာမှာဂိုး၆၀သွင်းပြီး၉၃ကြိမ်ဖန်တီးခဲ့ပါတယ်။သူဟာမန်စီးတီးနှင့်အတူပရီးမီးယားလိဂ်ဖလား၄ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပဥ္စမနေရာမှာရပ်တည်နိုင်ခဲ့တာကတော့မန်ယူဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းရပ်တည်နိုင်ခဲ့ပါတယ်။ရွိုင်ကိန်းဟာပရီးမီးယားလိဂ်ကိုမန်ယူအသင်းအုပ်စိုးတုန်းကမန်ယူရဲ့အဓိကတွန်းအားတစ်ခုဖြစ်ခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူအတွက်၃၉၉ပွဲကစားခဲ့ရာမှာ၃၆၆ပွဲကစားခဲ့ရာမှာ၃၉ဂိုးသွင်းကာ၃၃ကြိမ်ဖန်တီးပေးခဲ့ပါတယ်။
အဆင့်၆နေရာမှာအာဆင်နယ်အသင်းခေါင်းဆောင်ပက်ထရစ်ဗီအဲရာ၊အဆင့်၇နေရာမှာဖာဘရီဂက်စ်၊အဆင့်၈နေရာမှာမန်စီးတီးကွင်းလယ်ကစားသမားယာယာတိုရေး၊အဆင့်၉နေရာမှာကီဗင်ဒီဘရိုင်းနှင့်အဆင့်၁၀နေရာမှာရွိုင်ယန်ဂစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ZawGyi