ပရီးမီးယားလိဂ်သမိုင်းတွင် အညစ်ဆုံးအသင်းအဖြစ် လိဒ်မှတ်တမ်းဝင်လာ

လိဒ်ယူနိုက်တက်ဟာယခုရာသီတစ်ရာသီတည်းတွင်ပင်ကတ်ပေါင်း၁၀၀ပြသခြင်းခံလာရမှုနဲ့အတူဘယ်အသင်းမှမလိုချင်တဲ့ဂုဏ်ပုဒ်ကြီးတစ်ခုကိုရရှိလာပါတယ်။လိဒ်ဟာချဲလ်ဆီးကိုရှုံးနိမ့်တဲ့ပွဲတွင်ရာပြည့်ကတ်ပြသခံလာရမှုနဲ့အတူပရီးမီးယားလိဂ်သမိုင်းတွင်အညစ်ဆုံးအသင်းဖြစ်လာပါတယ်။

ပြီးခဲ့တဲ့လများအတွင်းတွင်တန်းမဆင်းရရေးတိုက်ပွဲဝင်လာခဲ့ရတဲ့ယော့ခ်ရှိုင်းယားကလပ်ကိုပြိုင်ဘက်ပရိသတ်များကDirty Leedsလို့လည်းကင်ပွန်းတပ်လာပါတယ်။

ကြားရက်တုန်းကချဲလ်ဆီးနှင့်ပွဲတွင်ဒန်ဂျိမ်းစ်မှာကိုဗာဆစ်ကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။ဒါ့အပြင်ချဲလ်ဆီးက၃-၀ဂိုးဖြင့်အနိုင်ရတဲ့ယင်းပွဲမှာကယ်ဗင်ဖီးလစ်လည်းအဝါကတ်ပြသခံခဲ့ရပါတယ်။

ယင်းရှုံးပွဲကြောင့်ဂျက်စီမတ်ရှ်ရဲ့အသင်းဟာနှစ်ပွဲသာကစားရန်ကျန်တော့တဲ့အချိန်တွင်တန်းဆင်းဇုန်အဆင့်၁၈နေရာသို့ရောက်သွားပြီးသွားပါတယ်။

ဒန်ဂျိမ်းစ်ရဲ့အနီကတ်နှင့်ဖီးလစ်ရဲ့အဝါကတ်ကလိဒ်ရဲ့၂၀၂၁-၂၂ရာသီတွင်၉၉ကတ်မြောက်နှင့်၁၀၀ကတ်မြောက်ပြသခံရတာလည်းဖြစ်ပါတယ်။

လိဒ်ဟာယခုရာသီတွင်အဝါကတ်၉၇ကတ်နှင့်အနီကတ်၃ကတ်ပြသခံထားရတာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင်ကတ်ပြသခံရမှုအများဆုံးအသင်းအဖြစ်လည်းမှတ်တမ်းဝင်သွားပါတယ်။

ယခင်စံချိန်ရှင်ကလိဒ်ဖြစ်ပြီး၁၉၉၉-၂၀၀၀ရာသီတုန်းကကတ်၉၇ကြိမ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္သမိုင္းတြင္ အညစ္ဆုံးအသင္းအျဖစ္ လိဒ္မွတ္တမ္းဝင္လာ

လိဒ္ယူႏိုက္တက္ဟာယခုရာသီတစ္ရာသီတည္းတြင္ပင္ကတ္ေပါင္း၁၀၀ျပသျခင္းခံလာရမႈနဲ႔အတူဘယ္အသင္းမွမလိုခ်င္တဲ့ဂုဏ္ပုဒ္ႀကီးတစ္ခုကိုရရွိလာပါတယ္။လိဒ္ဟာခ်ဲလ္ဆီးကိုရႈံးနိမ့္တဲ့ပြဲတြင္ရာျပည့္ကတ္ျပသခံလာရမႈနဲ႔အတူပရီးမီးယားလိဂ္သမိုင္းတြင္အညစ္ဆုံးအသင္းျဖစ္လာပါတယ္။

ၿပီးခဲ့တဲ့လမ်ားအတြင္းတြင္တန္းမဆင္းရေရးတိုက္ပြဲဝင္လာခဲ့ရတဲ့ေယာ့ခ္ရႈိင္းယားကလပ္ကိုၿပိဳင္ဘက္ပရိသတ္မ်ားကDirty Leedsလို႔လည္းကင္ပြန္းတပ္လာပါတယ္။

ၾကားရက္တုန္းကခ်ဲလ္ဆီးႏွင့္ပြဲတြင္ဒန္ဂ်ိမ္းစ္မွာကိုဗာဆစ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပသခံခဲ့ရပါတယ္။ဒါ့အျပင္ခ်ဲလ္ဆီးက၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ယင္းပြဲမွာကယ္ဗင္ဖီးလစ္လည္းအဝါကတ္ျပသခံခဲ့ရပါတယ္။

ယင္းရႈံးပြဲေၾကာင့္ဂ်က္စီမတ္ရွ္ရဲ႕အသင္းဟာႏွစ္ပြဲသာကစားရန္က်န္ေတာ့တဲ့အခ်ိန္တြင္တန္းဆင္းဇုန္အဆင့္၁၈ေနရာသို႔ေရာက္သြားၿပီးသြားပါတယ္။

ဒန္ဂ်ိမ္းစ္ရဲ႕အနီကတ္ႏွင့္ဖီးလစ္ရဲ႕အဝါကတ္ကလိဒ္ရဲ႕၂၀၂၁-၂၂ရာသီတြင္၉၉ကတ္ေျမာက္ႏွင့္၁၀၀ကတ္ေျမာက္ျပသခံရတာလည္းျဖစ္ပါတယ္။

လိဒ္ဟာယခုရာသီတြင္အဝါကတ္၉၇ကတ္ႏွင့္အနီကတ္၃ကတ္ျပသခံထားရတာလည္းျဖစ္ပါတယ္။ပရီးမီးယားလိဂ္တစ္ရာသီတည္းတြင္ကတ္ျပသခံရမႈအမ်ားဆုံးအသင္းအျဖစ္လည္းမွတ္တမ္းဝင္သြားပါတယ္။

ယခင္စံခ်ိန္ရွင္ကလိဒ္ျဖစ္ၿပီး၁၉၉၉-၂၀၀၀ရာသီတုန္းကကတ္၉၇ႀကိမ္ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။