
အင်ဒီရောဘတ်ဟာမနေ့ညတုန်းကအက်စတွန်ဗီလာကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်မိုဟာမက်ဆာလက်အဖွင့်ဂိုးသွင်းနိုင်အောင်ဖန်တီးနိုင်ခဲ့ပြီးနောက်ပရီးမီးယားလိဂ်သမိုင်းတွင်ဖန်တီးမှုအများဆုံးနောက်ခံလူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလာပါတယ်။
ယခင်တုန်းကပရီးမီးယားလိဂ်သမိုင်းတွင်ဖန်တီးမှုအများဆုံးနောက်ခံလူအဖြစ်အဲဗာတန်ဂန္ထဝင်နောက်ခံလူလေတန်ဘိန်းစ်က၅၃ကြိမ်ဖြင့်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
စကော့တလန်အသင်းခေါင်းဆောင်အင်ဒီရောဘတ်ဆင်ဟာမနေ့ညတုန်းကဗီလာနှင့်ပွဲတွင်ဂိုးဖန်တီးမှုပြုလုပ်နိုင်ပြီးနောက် လီဗာပူးအတွက်ဖန်တီးမှုအကြိမ် ၅၀ ပြည့်လာခဲ့ပါတယ်။
သူဟာလီဗာပူးသို့ပြောင်းမကစားမီ ဟားလ်စီးတီးမှာတုန်းကဖန်တီးမှု၄ကြိမ်ပြုလုပ်နိုင်ခဲ့မှုနဲ့အတူ ပရီးမီးယားလိဂ်တွင်ဖန်တီးမှု၅၄ကြိမ်အထိရှိလာပြီးပရီးမီးယားလိဂ်သမိုင်းတွင်ဖန်တီးမှုအများဆုံးနောက်ခံလူဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
သူဟာယခုရာသီတွင်လီဗာပူးအတွက်ဂိုးဖန်တီးမှု၈ကြိမ်အထိပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။သူ့ရဲ့ဖန်တီးမှုအများဆုံးရာသီအဖြစ်၂၀၂၁-၂၂ရာသီတုန်းက၁၅ကြိမ်အထိဖန်တီးနိုင်ခဲ့ပါတယ်။
ZawGyi
ပရီးမီးယားလိဂ္သမိုင္းတြင္ ဖန္တီးမႈအမ်ားဆုံးေနာက္ခံလူအျဖစ္ သမိုင္းမွတ္တမ္းေရးထိုးလာတဲ့ အင္ဒီေရာဘတ္ဆင္
အင္ဒီေရာဘတ္ဟာမေန႔ညတုန္းကအက္စတြန္ဗီလာကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္မိုဟာမက္ဆာလက္အဖြင့္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးႏိုင္ခဲ့ၿပီးေနာက္ပရီးမီးယားလိဂ္သမိုင္းတြင္ဖန္တီးမႈအမ်ားဆုံးေနာက္ခံလူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးလာပါတယ္။
ယခင္တုန္းကပရီးမီးယားလိဂ္သမိုင္းတြင္ဖန္တီးမႈအမ်ားဆုံးေနာက္ခံလူအျဖစ္အဲဗာတန္ဂႏၴဝင္ေနာက္ခံလူေလတန္ဘိန္းစ္က၅၃ႀကိမ္ျဖင့္ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။
စေကာ့တလန္အသင္းေခါင္းေဆာင္အင္ဒီေရာဘတ္ဆင္ဟာမေန႔ညတုန္းကဗီလာႏွင့္ပြဲတြင္ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ၿပီးေနာက္ လီဗာပူးအတြက္ဖန္တီးမႈအႀကိမ္ ၅၀ ျပည့္လာခဲ့ပါတယ္။
သူဟာလီဗာပူးသို႔ေျပာင္းမကစားမီ ဟားလ္စီးတီးမွာတုန္းကဖန္တီးမႈ၄ႀကိမ္ျပဳလုပ္ႏိုင္ခဲ့မႈနဲ႔အတူ ပရီးမီးယားလိဂ္တြင္ဖန္တီးမႈ၅၄ႀကိမ္အထိရွိလာၿပီးပရီးမီးယားလိဂ္သမိုင္းတြင္ဖန္တီးမႈအမ်ားဆုံးေနာက္ခံလူျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။
သူဟာယခုရာသီတြင္လီဗာပူးအတြက္ဂိုးဖန္တီးမႈ၈ႀကိမ္အထိျပဳလုပ္ထားႏိုင္ၿပီျဖစ္ပါတယ္။သူ႔ရဲ႕ဖန္တီးမႈအမ်ားဆုံးရာသီအျဖစ္၂၀၂၁-၂၂ရာသီတုန္းက၁၅ႀကိမ္အထိဖန္တီးႏိုင္ခဲ့ပါတယ္။