
အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြ၁၀ဦးစာရင်းတွင်ပါဝင်လာပြီဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြဟာအာဆင်နယ်နည်းပြအဖြစ်တာဝန်ထမ်းဆောင်စဉ်အတွင်းတစ်ပွဲပျမ်းမျှရမှတ်မြင့်တက်လာမှုနှင့်အတူ ပရီးမီးယားလိဂ်ရဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြ၁၀ဦးစာရင်းတွင်အဆင့်၁၀သို့တက်လှမ်းလာနိုင်တာလည်းဖြစ်ပါတယ်။
မီခေးလ်အာတီတာဟာယခုရာသီတွင်အာဆင်နယ်ကိုပရီးမီးယားလိဂ်ရာသီအစတွင်ပွဲ၉ပွဲကိုင်တွယ်ရာတွင်ယူနိုက်တက်တစ်ပွဲတည်းသာရှုံးပွဲကြုံထားပြီး ကျန် ၈ ပွဲလုံးအနိုင်ရရှိထားကာချန်ပီယံမန်စီးတီးနှင့်ဇယားထိပ်တွင်ပူးတွဲရပ်တည်နေပါတယ်။
အာတီတာဟာအာဆင်နယ်ကိုကိုင်တွယ်တဲ့ပထမဆုံးရာသီတွင်အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပေမဲ့ပထမဆုံးနှစ်ရာသီတွင်အဆင့်၈နေရာဖြင့်ကျေနပ်ခဲ့ရတဲ့အပြင်ပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်ဝင်ခွင့်ရလုနီးပါးဖြစ်ပြီးမှကပ်လွဲခဲ့ရတဲ့အတွက်ဝေဖန်မှုများနှင့်ကြုံခဲ့ရသူဖြစ်ပါတယ်။
ဒါပေမဲ့အာတီတာဟာယခုရာသီမှာအာဆင်နယ်ကို ပရီးမီးယားလိဂ်၉ပွဲတွင် ၈ပွဲအနိုင်ရရှိအောင်စွမ်းဆောင်ပြီးအခြေအနေအားလုံးကိုအကြီးအကျယ်အပြောင်းအလဲဖြစ်အောင်လုပ်ဆောင်ထားပါတယ်။
အာတီတာဟာအာဆင်နယ်ကိုပရီးမီးယားလိဂ်ပွဲ၁၀၄ပွဲကိုင်တွယ်ထားရာတွင်တစ်ပွဲပျမ်းမျှရမှတ်၁.၈မှတ်အထိရယူထားနိုင်ပြီလည်းဖြစ်ပါတယ်။
ယင်းသို့အာတီတာဟာတစ်ပွဲပျမ်းမျှရမှတ်၁.၈မှတ်ရယူထားနိုင်မှုနှင့်အတူပရီးမီးယားလိဂ်သမိုင်းတွင်အကောင်းဆုံးနည်းပြ၁၀ဦးစာရင်းတွင်ပါဝင်လာတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်သမိုင်းတွင်အကောင်းဆုံးနည်းပြအဖြစ်မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကတစ်ပွဲပျမ်းမျှရမှတ်၂.၃၆မှတ်ရယူပြီးအကောင်းဆုံးနည်းပြအဖြစ်ရပ်တည်နေပြီးယူနိုက်တက်ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ကတစ်ပွဲပျမ်းမျှရမှတ်၂.၁၆မှတ်ဖြင့်ဒုတိယနေရာတွင်ရပ်တည်နေပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ၁၉၉၂ခုနှစ်တွင်ပရီးမီးယားလိဂ်အမည်သို့ပြောင်းလဲအသုံးပြုလာပြီးနောက်ပရီးမီးယားလိဂ်ဖလား၁၃ကြိမ်ရရှိအောင်ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ကလော့ပ်ကတစ်ပွဲပျမ်းမျှရမှတ်၂.၁၃မှတ်နှုန်းဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။ကလော့ပ်ဟာပြီးခဲ့တဲ့နှစ်များအတွင်းပရီးမီးယားလိဂ်ကိုမန်စီးတီးလွှမ်းမိုးထားစဉ်အတွင်းပရီးမီးယားလိဂ်ဖလားတစ်ကြိမ်ထိုးဖောက်ရယူထားနိုင်သူလည်းဖြစ်ပါတယ်။
စတုတ္ထနေရာတွင်အန်တိုနီယိုကွန်တီကတစ်ပွဲပျမ်းမျှရမှတ်၂.၁၂မှတ်နှုန်းဖြင့်ရပ်တည်နေပြီးမန်စီးတီးနည်းပြဟောင်းမန်စီနီကတစ်ပွဲပျမ်းမျှရမှတ်၂.၀၅နှုန်းဖြင့်ရပ်တည်နေပါတယ်။
၎င်းတို့ရဲ့နောက်တွင်ဟိုဆေးမော်ရင်ဟို(၂.၀၃မှတ်)၊အာစင်ဝင်းဂါး(၁.၉၆မှတ်)၊သောမတ်စ်တူချယ်(၁.၉၄မှတ်)၊ကာလိုအန်ဆယ်လော့တီ(၁.၈၄မှတ်)၊မီခေးလ်အာတီတာ(၁.၈မှတ်)တို့ဖြင့်အသီးသီးရပ်တည်နေပါတယ်။
ZawGyi
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးနည္းျပ ၁၀ ဦးစာရင္းတြင္ မီေခးလ္အာတီတာပါဝင္လာ
အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးနည္းျပ၁၀ဦးစာရင္းတြင္ပါဝင္လာၿပီျဖစ္ပါတယ္။
စပိန္လူမ်ိဳးနည္းျပဟာအာဆင္နယ္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္စဥ္အတြင္းတစ္ပြဲပ်မ္းမွ်ရမွတ္ျမင့္တက္လာမႈႏွင့္အတူ ပရီးမီးယားလိဂ္ရဲ႕သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးနည္းျပ၁၀ဦးစာရင္းတြင္အဆင့္၁၀သို႔တက္လွမ္းလာႏိုင္တာလည္းျဖစ္ပါတယ္။
မီေခးလ္အာတီတာဟာယခုရာသီတြင္အာဆင္နယ္ကိုပရီးမီးယားလိဂ္ရာသီအစတြင္ပြဲ၉ပြဲကိုင္တြယ္ရာတြင္ယူႏိုက္တက္တစ္ပြဲတည္းသာရႈံးပြဲႀကဳံထားၿပီး က်န္ ၈ ပြဲလုံးအႏိုင္ရရွိထားကာခ်န္ပီယံမန္စီးတီးႏွင့္ဇယားထိပ္တြင္ပူးတြဲရပ္တည္ေနပါတယ္။
အာတီတာဟာအာဆင္နယ္ကိုကိုင္တြယ္တဲ့ပထမဆုံးရာသီတြင္အက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ေပမဲ့ပထမဆုံးႏွစ္ရာသီတြင္အဆင့္၈ေနရာျဖင့္ေက်နပ္ခဲ့ရတဲ့အျပင္ၿပီးခဲ့တဲ့ရာသီတုန္းကခ်န္ပီယံလိဂ္ဝင္ခြင့္ရလုနီးပါးျဖစ္ၿပီးမွကပ္လြဲခဲ့ရတဲ့အတြက္ေဝဖန္မႈမ်ားႏွင့္ႀကဳံခဲ့ရသူျဖစ္ပါတယ္။
ဒါေပမဲ့အာတီတာဟာယခုရာသီမွာအာဆင္နယ္ကို ပရီးမီးယားလိဂ္၉ပြဲတြင္ ၈ပြဲအႏိုင္ရရွိေအာင္စြမ္းေဆာင္ၿပီးအေျခအေနအားလုံးကိုအႀကီးအက်ယ္အေျပာင္းအလဲျဖစ္ေအာင္လုပ္ေဆာင္ထားပါတယ္။
အာတီတာဟာအာဆင္နယ္ကိုပရီးမီးယားလိဂ္ပြဲ၁၀၄ပြဲကိုင္တြယ္ထားရာတြင္တစ္ပြဲပ်မ္းမွ်ရမွတ္၁.၈မွတ္အထိရယူထားႏိုင္ၿပီလည္းျဖစ္ပါတယ္။
ယင္းသို႔အာတီတာဟာတစ္ပြဲပ်မ္းမွ်ရမွတ္၁.၈မွတ္ရယူထားႏိုင္မႈႏွင့္အတူပရီးမီးယားလိဂ္သမိုင္းတြင္အေကာင္းဆုံးနည္းျပ၁၀ဦးစာရင္းတြင္ပါဝင္လာတာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္သမိုင္းတြင္အေကာင္းဆုံးနည္းျပအျဖစ္မန္စီးတီးနည္းျပပက္ဂြါဒီယိုလာကတစ္ပြဲပ်မ္းမွ်ရမွတ္၂.၃၆မွတ္ရယူၿပီးအေကာင္းဆုံးနည္းျပအျဖစ္ရပ္တည္ေနၿပီးယူႏိုက္တက္ဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ကတစ္ပြဲပ်မ္းမွ်ရမွတ္၂.၁၆မွတ္ျဖင့္ဒုတိယေနရာတြင္ရပ္တည္ေနပါတယ္။
ဆာအဲလက္စ္ဖာဂူဆန္ဟာ၁၉၉၂ခုႏွစ္တြင္ပရီးမီးယားလိဂ္အမည္သို႔ေျပာင္းလဲအသုံးျပဳလာၿပီးေနာက္ပရီးမီးယားလိဂ္ဖလား၁၃ႀကိမ္ရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
ကေလာ့ပ္ကတစ္ပြဲပ်မ္းမွ်ရမွတ္၂.၁၃မွတ္ႏႈန္းျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။ကေလာ့ပ္ဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းပရီးမီးယားလိဂ္ကိုမန္စီးတီးလႊမ္းမိုးထားစဥ္အတြင္းပရီးမီးယားလိဂ္ဖလားတစ္ႀကိမ္ထိုးေဖာက္ရယူထားႏိုင္သူလည္းျဖစ္ပါတယ္။
စတုတၳေနရာတြင္အန္တိုနီယိုကြန္တီကတစ္ပြဲပ်မ္းမွ်ရမွတ္၂.၁၂မွတ္ႏႈန္းျဖင့္ရပ္တည္ေနၿပီးမန္စီးတီးနည္းျပေဟာင္းမန္စီနီကတစ္ပြဲပ်မ္းမွ်ရမွတ္၂.၀၅ႏႈန္းျဖင့္ရပ္တည္ေနပါတယ္။
၎တို႔ရဲ႕ေနာက္တြင္ဟိုေဆးေမာ္ရင္ဟို(၂.၀၃မွတ္)၊အာစင္ဝင္းဂါး(၁.၉၆မွတ္)၊ေသာမတ္စ္တူခ်ယ္(၁.၉၄မွတ္)၊ကာလိုအန္ဆယ္ေလာ့တီ(၁.၈၄မွတ္)၊မီေခးလ္အာတီတာ(၁.၈မွတ္)တို႔ျဖင့္အသီးသီးရပ္တည္ေနပါတယ္။