
မန်ချက်စတာယူနိုက်တက်ရဲ့တစ်ရာသီတည်းဆုဖလားသုံးလုံးဆွတ်ခူးနိုင်တဲ့ ၁၉၉၈-၉၉ အသင်းဟာပရီးမီးယားလိဂ်သမိုင်းတွင်အကြီးကျယ်ဆုံးအသင်းအဖြစ်ရွေးချယ်ခြင်းခံလာရပါတယ်။
SPORTbible ဟာစာဖတ်သူများရဲ့မဲဆန္ဒကောက်ခံကာပရီးမီးယားလိဂ်သမိုင်းတွင်အကြီးကျယ်ဆုံးအသင်းကိုရွေးချယ်လာတာလည်းဖြစ်ပါတယ်။ယင်းမဲပေးမှုတွင်ပရိသတ်၂၃၅၇၇၆တို့ မဲပေးပါဝင်ခဲ့ကြပါတယ်။
ယူနိုက်တက်ရဲ့၁၉၉၉အသင်းဟာမဲ၃၄.၆ရာခိုင်နှုန်းဖြင့်ပရီးမီးယားလိဂ်သမိုင်းတွင်အကြီးကျယ်ဆုံးအသင်းအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး အာဆင်နယ်ရဲ့ရှုံးပွဲမရှိချန်ပီယံအသင်းဖြစ်တဲ့ Invincibles အသင်းက၃၂.၅ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။
စတုတ္ထနေရာတွင်၂၀၁၇-၁၈ရာသီမန်စီးတီးက၁၉.၆ရာခိုင်နှုန်းဖြင့်လည်းကောင်းရပ်တည်ပြီးပဥ္စမနေရာတွင်၂၀၁၉-၂၀လီဗာပူးအသင်းက၁၃.၃ရာခိုင်နှုန်းဖြင့်ရပ်တည်နေပါတယ်။
၁၉၉၈-၉၉ ယူနိုက်တက်အသင်းဟာ၁၀ရက်တာကာလအတွင်းတွင်ပရီးမီးယားလိဂ်ဖလား၊ကားလင်းနှင့်ချန်ပီယံလိဂ်ဖလားတို့ကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ယင်းယူနိုက်တက်အသင်းတွင်ဒေးဗစ်ဘက်ဟမ်း၊ရိုင်ယန်ဂစ်၊ဂယ်ရီနဗီးလ်၊ပေါလ်စခိုး၊ဖီးလ်နဗီးလ်၊နစ်ကီဘတ်၊ရွိုင်ကိန်း၊ပီတာရှမိုက်ကယ်၊တက်ဒီရှရင်ဂမ်၊အင်ဒီကိုးလ်၊ဒွိုက်ယော့ခ်၊အိုလီဂန်းနားဆိုးလ်ရှားတို့ပါဝင်ခဲ့ကြပါတယ်။
ZawGyi
ပရီးမီးယားလိဂ်သမိုင်းတွင် အကြီးကျယ်ဆုံးအသင်းဖြစ် ယူနိုက်တက်ရဲ့၁၉၉၉ အသင်း ရွေးချယ်ခံရ
စတုတ္ထနေရာတွင်၂၀၁၇-၁၈ရာသီမန်စီးတီးက၁၉.၆ရာခိုင်နှုန်းဖြင့်လည်းကောင်းရပ်တည်ပြီးပဉ္စမနေရာတွင်၂၀၁၉-၂၀လီဗာပူးအသင်းက၁၃.၃ရာခိုင်နှုန်းဖြင့်ရပ်တည်နေပါတယ်။