ပရီးမီးယားလိဂ်သို့ပြန်ရန် တံခါးဖွင့်ထားတဲ့ လူကာမိုဒရစ်

လူကာမိုဒရစ်ဟာရီးရဲလ်မက်ဒရစ်ရဲ့အငြင်းပွားဖွယ်စာချုပ်ပေါ်လစီကြောင့် ပရီးမီးယားလိဂ်သို့ပြန်ရန်တံခါးဖွင့်ထားကြောင်းသိရပါတယ်။

မိုဒရစ်ဟာ၂၀၁၂ခုနှစ်ဩဂုတ်လတွင်စပါးစ်မှရီးရဲလ်မက်ဒရစ်သို့ရောက်လာပြီးနောက်ချန်ပီယံလိဂ်ဖလား၄ကြိမ်နှင့်လာလီဂါဖလား၂ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၄၀၅ပွဲကစားကာ၂၈ဂိုးသွင်းယူပြီး၆၅ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ဒါပေမယ့် SuperDeporte ရဲ့ဖော်ပြချက်အရခရိုအေးရှားကစားသမားဟာရီးရဲလ်မက်ဒရစ်ရဲ့အသက်၃၀နှစ်အထက်ကစားသမားများကိုတစ်နှစ်စာချုပ်သက်တမ်းတိုးရန်သာကမ်းလှမ်းမှုအပေါ် စိတ်မချမ်းမသာဖြစ်နေကြောင်းသိရပါတယ်။

၂၀၁၈ ခုနှစ် Ballon d’Or ဆုရှင်ဟာမိုဒရစ်ဟာယခုရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။အသက်၃၆နှစ်ရှိစပါးစ်ကွင်းလယ်ကစားသမားဟောင်းဟာယခုရာသီတွင်လည်းအန်ဆယ်လော့တီရဲ့လက်အောက်မှာအဓိကကွင်းလယ်ကစားသမားအဖြစ်တိုနီခရူးစ်၊ကက်စ်မီရိုတို့နှင့်အတူကစားခွင့်ရနေပါတယ်။

သူဟာလာမယ့်နွေရာသီတွင်ပရီးမီးယားလိဂ်သို့ပြန်ရန်စဉ်းစားနေပြီးသူ့ကိုမန်စီးတီးနှင့်နယူးကာဆယ်တို့ကခေါ်ယူလိုနေပါတယ်။သူဟာစပါးစ်တွင်ကစားတုန်းက၁၂၇ပွဲကစားကာ၁၃ဂိုးသွင်းပြီး၂၁ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္သို႔ျပန္ရန္ တံခါးဖြင့္ထားတဲ့ လူကာမိုဒရစ္

လူကာမိုဒရစ္ဟာရီးရဲလ္မက္ဒရစ္ရဲ႕အျငင္းပြားဖြယ္စာခ်ဳပ္ေပၚလစီေၾကာင့္ ပရီးမီးယားလိဂ္သို႔ျပန္ရန္တံခါးဖြင့္ထားေၾကာင္းသိရပါတယ္။

မိုဒရစ္ဟာ၂၀၁၂ခုႏွစ္ဩဂုတ္လတြင္စပါးစ္မွရီးရဲလ္မက္ဒရစ္သို႔ေရာက္လာၿပီးေနာက္ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ႏွင့္လာလီဂါဖလား၂ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၄၀၅ပြဲကစားကာ၂၈ဂိုးသြင္းယူၿပီး၆၅ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

ဒါေပမယ့္ SuperDeporte ရဲ႕ေဖာ္ျပခ်က္အရခ႐ိုေအးရွားကစားသမားဟာရီးရဲလ္မက္ဒရစ္ရဲ႕အသက္၃၀ႏွစ္အထက္ကစားသမားမ်ားကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္သာကမ္းလွမ္းမႈအေပၚ စိတ္မခ်မ္းမသာျဖစ္ေနေၾကာင္းသိရပါတယ္။

၂၀၁၈ ခုႏွစ္ Ballon d’Or ဆုရွင္ဟာမိုဒရစ္ဟာယခုရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။အသက္၃၆ႏွစ္ရွိစပါးစ္ကြင္းလယ္ကစားသမားေဟာင္းဟာယခုရာသီတြင္လည္းအန္ဆယ္ေလာ့တီရဲ႕လက္ေအာက္မွာအဓိကကြင္းလယ္ကစားသမားအျဖစ္တိုနီခ႐ူးစ္၊ကက္စ္မီ႐ိုတို႔ႏွင့္အတူကစားခြင့္ရေနပါတယ္။

သူဟာလာမယ့္ေႏြရာသီတြင္ပရီးမီးယားလိဂ္သို႔ျပန္ရန္စဥ္းစားေနၿပီးသူ႔ကိုမန္စီးတီးႏွင့္နယူးကာဆယ္တို႔ကေခၚယူလိုေနပါတယ္။သူဟာစပါးစ္တြင္ကစားတုန္းက၁၂၇ပြဲကစားကာ၁၃ဂိုးသြင္းၿပီး၂၁ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။